brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အားကစားသမားများအတွက် နှလုံးစမ်းသပ်စစ်ဆေးခြင်း

ယနေ့ခေတ်တွင် နှလုံးရောဂါသည် သေဆုံးမှုများသော ရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး United States တွင် အားကစားသမားများ သေဆုံးရခြင်း၏ ဒုတိယအကြောင်းရင်း ဖြစ်ပါတယ်။ ဒါကြောင့် အားကစားသမားများတွင်နှလုံးစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။

အားကစားသမားများအတွက် နှလုံးစမ်းသပ်စစ်ဆေးခြင်း

အားကစား လေ့ကျင့်ချိန်နှင့် ပြိုင်ပွဲချိန်များတွင်နှလုံးသည် ပို၍ အလုပ်လုပ်ရသောကြောင့်နှလုံးမကောင်းပါက နှလုံးရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ယမန်နှစ်က UKအားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်နေစဉ် သေဆုံးသွားသော အားကစားသမား၇ဦးထိ ရှိခဲ့တာကြောင့် အားကစားလောက၊ ဆရာဝန်များနှင့် ပြည်သူများအတွက်အမှုထားစရာ ကိစ္စဖြစ်လာပါတယ်။

သေဆုံးရခြင်း၏ အများစုမှာ နှလုံးမကောင်းခြင်းကြောင့် ဖြစ်ပါတယ်။ အသက်၃၅နှစ်အထက် အားကစားသမားများတွင် ရုတ်တရက်သေဆုံးရခြင်းမှာ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ဖြစ်ပါတယ်။ အသက်၃၅နှစ်အောက် အားကစားသမားများတွင် ရုတ်တရက်သေဆုံးရခြင်းမှာ မွေးရာပါ နှလုံးမကောင်းခြင်းကြောင့် ဖြစ်ပါတယ်။

လေ့လာသူများသည် ၁၄၃၅ အားကစားသမားနှင့် ၉၁၉ အားကစားမယ်များကို စစ်တမ်းကောက်ခဲ့ရာ ၁၇၁ယောက် (၇.၃%) သည် နှလုံးတည်ဆောက်ပုံ မမှန်တာကိုတွေ့ရပါတယ်။ ယင်း၁၇၁ယောက်အနက် ၆ယောက်မှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေတွင် ရှိပါတယ်။

ရုတ်တရက်သေဆုံးရခြင်း၏ အများစုမှာ မွေးရာပါနှလုံးကြွက်သားပုံမမှန်ခြင်းကြောင့် ဖြစ်ပါတယ်။ ထို့ပြင် နှလုံးကြွက်သားရောင်ခြင်း၊ ဆေးအသုံးမှားခြင်းနှင့် ထိခိုက်ဒဏ်ရာများ ကြောင့်ဖြစ်ပါတယ်။

ရုတ်တရက်သေဆုံးရခြင်းအကြောင်းရင်းမှာ အလွန်အကျွံ အားစိုက်မှုကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အလွန်အကျွံ အားစိုက်မှု ပြုရသောသူများတွင် ကျန်းမာရေးကိုသေချာစွာ စစ်ဆေးသင့်ပါတယ်။ နှလုံးမကောင်းသောသူများတွင် နှလုံးကောင်းမွန်သည်အထိ အားကစားကို ရပ်နားထားသင့်ပါတယ်။

အားကစားသမားများတွင် နှလုံးရောဂါကို စမ်းသပ်စစ်ဆေးခြင်းက ရုတ်တရက်သေဆုံးမှုကို ကာကွယ်နိုင်ပါတယ်။ ရုတ်တရက်သေဆုံးနိုင်သော နှလုံးရောဂါလက္ခဏာများကို သတိထားပြီး ယင်းလက္ခဏာရှိသောသူများ၊ နှလုံးရောဂါအခံရှိသောသူများ၊ မိသားစုတွင် မွေးရာပါနှလုံးရောဂါရှိသူများကို စမ်းသပ်စစ်ဆေးမှုများပြုလုပ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Sandar Lin · 22/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။