brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရင်ခုန်သံတွေမြန်နေတယ်ဆိုတာ အမြဲတော့ ကောင်းတဲ့အရာမဟုတ်ပါဘူးနော်

ရင်တွေခုန်တယ်ဆိုတာ တဒုတ်ဒုတ်နဲ့ နှလုံးခုန်သံမြန်တာကိုပဲ ရည်ညွှန်းကြတာပါ။ စိတ်လှုပ်ရှားလို့ ရင်ခုန်တယ်ပေါ့။ ဒါပေမယ့် ဒါက အကြောင်းကြုံကြိုက်တဲ့အခါ အခိုက်အတန့်တစ်ခုလောက်ပဲ ဖြစ်သင့်ပါတယ်။ အကြောင်းရင်းမရှိဘဲ အမြဲရင်ခုန်နေပြီဆို သင့်နှလုံးမှာ ပြဿနာရှိနေပါပြီ။

ရင်ခုန်သံတွေမြန်နေတယ်ဆိုတာ အမြဲတော့ ကောင်းတဲ့အရာမဟုတ်ပါဘူးနော်

နှလုံးခုန်စည်းချက်မမှန်တဲ့ရောဂါ (Atrial fibrillation) ဆိုတာ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ မြန်မြန်ရမ်းခါတဲ့ အခြေအနေပါ။ လူတစ်ယောက်ရဲ့ ပုံမှန်နှလုံးခုန်နှုန်းက နားနေချိန်မှာ 60 နဲ့ 100 ကြားမှာ ရှိသင့်တာဖြစ်ပါတယ်။

ဒီရောဂါဖြစ်နေပြီဆို နှလုံးခုန်စည်းချက်က ပုံမှန်မဟုတ်ဘဲ တစ်ခါတစ်လေ အရမ်းမြန်နေတတ်ပါတယ်။ ရင်တုန်တာ၊ တလှပ်လှပ်ဖြစ်တာ၊ တဒုတ်ဒုတ်ခုန်တာတွေဖြစ်လာတတ်ပါတယ်။

ဘယ်လိုမျိုးလဲ

တော်တော်များများက မကြာခဏ ရင်တုန်တယ်၊ နှလုံးခုန်မြန်တယ်ဆိုလည်း သတိမထားမိဘဲ အမှုမဲ့အမှတ်မဲ့ နေလိုက်ကြတာများပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ –

ဘယ်သူတွေမှာ ဖြစ်နိုင်ခြေများလဲ

Atrial fibrillation ကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းမဟုတ်ပေမယ့် ဒီအချက်တွေရှိရင် ဖြစ်နိုင်ခြေပိုများပါတယ် –

  • အသက်အရွယ် – အသက်ကြီးလေ Atrial fibrillation ဖြစ်လာနိုင်ခြေပိုများလေဖြစ်ပါတယ်။ ဒါပေမယ့် လူငယ်တွေမှာလည်း ဖြစ်တာတွေ့ရပါတယ်။
  • နှလုံးရောဂါ – မွေးရာပါနှလုံးရောဂါ၊ နှလုံးအဆို့ရှင်ပြဿနာ၊ နှလုံးသွေးကြောကျဉ်း စတဲ့ ဘယ်အမျိုးအစားဖြစ်ဖြစ် နှလုံးရောဂါရှိတဲ့သူတွေမှာ ဒီပြဿနာဖြစ်နိုင်ခြေပိုများပါတယ်။
  • သွေးတိုးရောဂါ – သွေးတိုးရှိတဲ့သူတွေမှာ(အထူးသဖြင့် နေထိုင်မှုပုံစံ သို့မဟုတ် ဆေးဝါးနဲ့ သွေးတိုးမထိန်းတဲ့သူတွေမှာ) ဖြစ်နိုင်ခြေပိုများပါတယ်။
  • တခြားနာတာရှည်ရောဂါတွေ – သိုင်းရွိုက်ရောဂါ၊ ညအိပ်မပျော်တာ၊ ဆီးချိုသွေးချို၊ ကျောက်ကပ်ရောဂါ၊ အဆုတ်ရောဂါတို့လို နာတာရှည်ရောဂါရှိသူတွေမှာ ဖြစ်နိုင်ခြေများပါတယ်။
  • အရက်သောက်ခြင်း – အယ်လ်ကိုဟော သောက်တာများရင် ဒီရောဂါဖြစ်လာနိုင်ခြေ ပိုများပါတယ်။
  • အဝလွန်ခြင်း – အဝလွန်သူတွေမှာ Atrial fibrillation ဖြစ်လာနိုင်ခြေ ပိုများပါတယ်။
  • မိသားစုမျိုးရိုး – Atrial fibrillation ရှိတဲ့သူ မိသားစုမှာပါရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခြေပိုများပါတယ်။

ဒီလက္ခဏာတွေဖြစ်လာရင် အရေးပေါ်ကုသမှုလိုပါတယ်

တကယ်လို့ –

  • ရင်ဘတ်တအားအောင့်လာရင်
  • နှလုံးခုန်နှုန်းမမှန်တော့ဘဲ သတိလစ်တော့မလိုဖြစ်လာရင်
  • ထုံကျဉ်တာ ဒါမှမဟုတ် စကားပြောမပီမသဖြစ်တာလိုမျိုး လေဖြတ်မယ့်လက္ခဏာတွေ ဖြစ်လာရင် အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် ရင်ခုန်တာ၊ ရင်တုန်တာတွေကို သတိလက်လွတ်မနေလိုက်ပါနဲ့လို့ သတိပေးလိုက်ချင်ပါတယ်နော်။ Hello ပရိသတ်ကြီး အမြဲတမ်းရောဂါကင်းပြီး ကျန်းမာပါစေလို့။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 31/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။