Weak Heart (Cardiomyopathy) (နှလုံးကြွက်သားရောဂါ) ကဘာလဲ။
နှလုံးကြွက်သားရောဂါ ဆိုသည်မှာ နှလုံး ကြွက်သား ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို ခေါ်ပါသည်။ နှလုံးသည် ပုံမှန်မဟုတ်လဲ ကြီးခြင်း၊ ထူခြင်း၊ တောင့်တင်းခြင်း ဖြစ်လာသော နှလုံးရောဂါ အမျိုးအစားတစ်ခု ဖြစ်ပါသည်။ နှလုံးကြွက်သားရောဂါ ဖြစ်ပါက နှလုံးမှ သွေးညစ်ထုတ်ပြီး ခန္ဓါကိုယ်သို့ သွေးပို့ခြင်း ပို၍ ခက်ခဲလာသည်။ နှလုံးကြွက်သား ရောဂါ အမျိုးအစား များစွာ ရှိပါသည်။ နှလုံးကို ထောက်ပံ့သော သွေးကြောရောဂါ၊ အချို့ဆေးများ စသည့် အချက်များ ကြောင့် ဖြစ်ပွားသည်။ ထိုအချက်များသည် နှလုံးခုန် သံ မမှန်ခြင်း၊ နှလုံးခုန်ရပ်ခြင်း၊ နှလုံးအဆို့ရှင် ပျက်ခြင်း နှင့် အခြား ဆိုးကျိုးများကို ဖြစ်စေသော အကြောင်းရင်းများ ဖြစ်သည်။ ခေတ်မီ ဆေးပညာဖွံ့ဖြိုးမှုများနှင့် ယနေ့တွင် နှလုံး ကြွက်သားရောဂါကို ကုသနိုင်သည်။ သင်ဖြစ်သော နှလုံးကြွက်သားရောဂါ အမျိုးအစားနှင့် ဘယ်လောက် ဆိုးရွားသလဲ အပေါ်မူတည်ပြီး ကုသမှုများ ခံယူနိုင် သည်။ ကုသမှုတွင် ဆေးပေးခြင်း၊ ခွဲစိတ်၍ စက်တပ် ခြင်း သို့မဟုတ် ဆိုးရွားသော ကိစ္စများတွင် နှလုံး အစားထိုးခြင်းတို့ ပါဝင်သည်။ Weak Heart (Cardiomyopathy) (နှလုံးကြွက်သားရောဂါ) က ဘယ်လောက်အဖြစ်များသလဲ
ဤကျန်းမာရေး အခြေအနေသည် အလွန်အဖြစ်များပါ သည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပို၍ အဖြစ်များသည်။ မည်သည့် အသက်အရွယ်တွင်မဆို ဖြစ်နိုင် သည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။
Weak Heart (Cardiomyopathy) (နှလုံးကြွက်သားရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ
အစောပိုင်းအဆင့်များတွင် နှလုံးကြွက်သားရောဂါ ရှိသူ များသည် ရောဂါလက္ခဏာ မပြသပါ။ အခြေအနေဆိုးလာပါက ရောဂါလက္ခဏာများ ပေါ်လာပါသည်။
နှလုံးကြွက်သားရောဂါ၏ လက္ခဏာများမှာ
- အားစိုက်ထုတ်ရာတွင် သို့မဟုတ် အနားယူစဉ်တွင်ပင် အသက်ရှူခက်ခြင်း
- ခြေထောက်၊ ခြေကျင်းဝတ်၊ ခြေဖဝါးတွင် ရောင်ရမ်းခြင်း
- အရည်များ စုပုံခြင်းဖြင့် ဝမ်းဗိုက် ဖောင်းပွခြင်း
- လဲလျောင်းစဉ် ချောင်းဆိုးခြင်း
- မောပန်းနွမ်းနယ်ခြင်း
- နှလုံးခုန်သံ မမှန်ခြင်း၊ မြန်ခြင်း၊ တဒိန်းဒိန်းမြည်ခြင်း၊ တလှပ်လှပ် ခုန်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- မူးဝေခြင်း၊ ငန်းဖမ်းခြင်း၊ သတိလစ်ခြင်း
- ရင်ဘတ်အောင့်ခြင်း
- နှလုံးတုန်ခြင်း
- သတိလစ် မေ့မျောခြင်း
- သွေးတိုးခြင်း
- မည်သည့် နှလုံးကြွက်သားရောဂါ အမျိုးအစားမဆို မကုသပါက ရောဂါလက္ခဏာများ ပိုဆိုးလာသည်။ အချို့လူများတွင် ပိုဆိုးခြင်းသည် လျင်မြန်ပြီး အချို့တွင် အချိန်အတော်ကြာ ပိုဆိုးမလာပါ။
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုံ့ပြန်မှု သည် မတူညီနိုင်ပါ။ ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးခြင်း သည် သင်၏အခြေအနေ ကောင်းမွန်ရန် အတွက် အကောင်းဆုံး ဖြစ်ပါသည်။
Weak Heart (Cardiomyopathy) (နှလုံးကြွက်သားရောဂါ) ကိုဘာတွေကဖြစ်စေသလဲ
နှလုံးကြွက်သားရောဂါသည် တိကျသော ဖြစ်စေသော အကြောင်းရင်း မရှိပါ။ သို့သော်လည်း ဆရာဝန် များသည် အချို့လူများ၏ ဖြစ်စေသော အကြောင်းရင်းကို ရှာဖွေသတ်မှတ်နိုင်သည်။ နှလုံးကြွက်သား ရောဂါကို ဖြစ်စေ နိုင်သော အကြောင်းရင်းများမှာ
- မျိုးဗီဇ အခြေအနေများ
- အချိန်ကြာမြင့်စွာ သွေးတိုးရှိခြင်း
- အရင်က နှလုံးသွေးကြော ရုတ်တရက် ပိတ်ဆို့ခြင်း ကြောင့် နှလုံးတစ်ရှူးများ ပျက်စီးခြင်း
- နာတာရှည် နှလုံးခုန်နှုန်းမြန်ခြင်း
- နှလုံး အဆို့ရှင် ရောဂါများ
- အဝလွန်ခြင်း၊ သိုင်းရွိုက်ရောဂါ၊ ဆီးချိုသွေးချို စသော ဇီဝကမ္မဖြစ်စဉ် ရောဂါများ
- Thiamin ( ဗီတာမင် ဘီဝမ်း) ကဲ့သို့ လိုအပ်သော ဗီတာမင်နှင့် သတ္ထုဓါတ် ချို့တဲ့မှု
- ကိုယ်ဝန်ဆောင် ပြဿနာများ
- နှစ်ရှည်ကြာစွာ အရက်အလွန်သောက်ခြင်း
- ကိုကိန်း၊ amphetamines သို့မဟုတ် anabolic steroids များသုံးခြင်း
- ကင်ဆာကုသသော ဓါတုကုထုံးဆေးအချို့သုံးခြင်း၊ ဓါတ်ရောင်ခြည် သုံးခြင်း
- နှလုံးကို ထိခိုက်စေနိုင်ပြီး နှလုံးကြွက်သားရောဂါ ဖြစ်စေသော အချို့ရောဂါပိုးကူးစက်မှုများ
- နှလုံးကြွက်သားတွင် သံဓါတ် စုပုံခြင်း (hemochromatosis)
- နှလုံးနှင့် အခြားအင်္ဂါများတွင် ဆဲလ် အတုံးအခဲများ ဖြစ်စေပြီး ရောင်ရမ်းစေသော ရောဂါ (sarcoidosis)
- ပုံမှန်မဟုတ်သော ပရိုတိန်းများ စုပုံစေသော ရောဂါ (amyloidosis)
- တွဲဆက်တစ်ရှူး ရောဂါများ
ငါ့ဆီမှာ Weak Heart (Cardiomyopathy) (နှလုံးကြွက်သားရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
နှလုံးကြွက်သားရောဂါ ဖြစ်နိုင်ချေကို မြင့်စေသော အချက်များစွာ ရှိပါသည်။ ဥပမာ-
- မိသားစုဝင်အတွင်းတွင် နှလုံးကြွက်သားရောဂါ၊ ရုတ်တရက် နှလုံးခုန်ရပ်ခြင်း တို့ ဖြစ်ဖူးခြင်း
- နှလုံးကို ထောက်ပံ့သော သွေးကြောရောဂါ
- ဆီးချိုသွေးချို
- ဆိုးရွားစွာ အဝလွန်ခြင်း
- Sarcoidosis
- Hemochromatosis
- Amyloidosis
- နှလုံးသွေးကြော ရုတ်တရက် ပိတ်ဆို့ခြင်း
- ရက်ရှည် သွေးတိုးခြင်း
- အရက်သောက်ခြင်း
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Weak Heart (Cardiomyopathy) (နှလုံးကြွက်သားရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ
- ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း၊ နှလုံးကြီးနေသလားကို မြင်နိုင်သည်။
- Echocardiogram, echocardiogram သည် နှလုံး ပုံရိပ်ရရန် အသံလှိုင်းများကို အသုံးပြုသည်။ ဆရာဝန် သည် ထိုပုံရိပ်များကို ကြည့်ပြီး နှလုံးအရွယ်အစား၊ လုပ်ငန်းစွမ်းဆောင်ရည် နှင့် လှုပ်ရှားပုံများကို စစ်ဆေးသည်။
- Electrocardiogram (ECG)
- Treadmill stress test, treadmill ပေါ်တွင် လမ်းလျှောက်စဉ် နှလုံးခုန်သံစည်းချက်၊ သွေးပေါင် ချိန်နှင့် အသက်ရှူခြင်းတို့ကို စောင့်ကြည့် စစ်ဆေး သည်။
- နှလုံးတွင် ပြွန်သွင်းခြင်း
- Cardiac magnetic resonance imaging (MRI)
- Cardiac computerized tomography (CT) scan
- သွေးစစ်ခြင်း
- မျိုးဗီဇစစ်ခြင်း
Weak Heart (Cardiomyopathy) (နှလုံးကြွက်သားရောဂါ) ကို ဘယ်လိုကုသပါသလဲ
- နှလုံးကြွက်သားရောဂါကြောင့် နှလုံးဘယ်လောက် ထိခိုက်သွားသလဲနှင့် ဖြစ်ပေါ်သော လက္ခဏာများ အပေါ် မူတည်ပြီး ကုသမှု ကွဲပြားသည်။
- အချို့လူများသည် ရောဂါလက္ခဏာများ မပေါ်မချင်း ကုသမှု မလိုအပ်ပါ။ အသက်ရှူ မရခြင်း၊ ရင်ဘတ် အောင့်ခြင်းတို့ စတင်ခံစားလာသော လူများသည် နေထိုင်မှုပုံစံပြောင်းလဲခြင်း သို့မဟုတ် ဆေးသောက် ခြင်းတို့ ပြုလုပ်ရန် လိုအပ်သည်။
- နှလုံးကြွက်သားရောဂါကို ပျောက်ကင်းအောင် မကုသ နိုင်ပါ။ သို့သော် အောက်ဖော်ပြပါ နည်းလမ်းများဖြင့် ထိန်းချုပ်နိုင်သည်။
- နှလုံးကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှု ပြောင်းလဲခြင်းများ
- ဆေးသောက်ခြင်း။ သွေးတိုးကုသသော၊ ရေဆွဲခြင်း ကို ကာကွယ်သော၊ နှလုံးကို ပုံမှန်စည်းချက်ဖြင့် ဆက်လက် ခုန်စေသော၊ သွေးခဲခြင်းကို ကာကွယ် ပေးသော၊ ရောင်ရမ်းခြင်းကို သက်သာစေသော ဆေးများပါဝင်သည်။
- ခွဲစိတ်ပြီးစက်ထည့်ခြင်း၊ ဥပမာ- နှလုံးခုန်စက်နှင့် defibrillators
- ခွဲစိတ်ကုသခြင်း
- နှလုံးအစားထိုးခြင်း၊ နောက်ဆုံးအားကိုးရာ အဖြစ် စဉ်းစားသည်။
- ကုသမှုသည် သင့်နှလုံးကို တတ်နိုင်သလောက် ကောင်းမွန်စေပြီး နောက်ထပ် ပျက်စီးမှု၊ လုပ်ငန်း မလုပ်နိုင်ခြင်းတို့ကို ကာကွယ်ရန် ရည်ရွယ်သည်။
လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ
လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် နှလုံးကြွက်သားရောဂါ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် နှလုံးကြွက်သားရောဂါ ကို ထိန်းချုပ်နိုင် ပါသည်။
- အရက်သောက်ခြင်း၊ ကိုကိန်းသုံးခြင်း ရှောင်ပါ။
- သွေးတိုး၊ ကိုလက်စထရောများခြင်းနှင့် ဆီးချိုသွေးချို ကို ထိန်းပါ။
- ကျန်းမာသော အစားအစာကို စားပါ။
- ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပါ။
- လုံလောက်စွာ အိပ်စက်ပါ။
- စိတ်ဖိစီးမှုကို လျော့ချပါ။
- ဆေးလိပ်ဖြတ်ပါ။
- မိသားစု၊ သူငယ်ချင်းများနှင့် ဆရာဝန်ထံမှ အားပေး ထောက်ပံ့မှု ရယူပါ။
- ဆရာဝန်နှင့် စစ်ဆေးရန် အရေးကြီးသည်။ ကုန်ကျမှု မများဘဲ နေ့စဉ် လှုပ်ရှားနိုင်သော ပုံမှန်လေ့ကျင့်ခန်း အစီအစဉ်တစ်ခုတွင် ပါဝင်ပါ။
- လေ့ကျင့်ခန်းလုပ်ခြင်းသည် သင့်အခြေအနေ ပိုကောင်းလာစေရန် အရေးကြီးပါသည်။ သို့သော် ဘယ်လေ့ကျင့်ခန်းသည် သင့်အတွက် အကောင်းဆုံး ဖြစ်မည်ကို သိရန် လိုအပ်ပါသည်။ ဆရာဝန်သည် သင့်အတွက် သင့်တော်သော လေ့ကျင့်ခန်းကို ဆုံးဖြတ်ပေးပြီး လေ့ကျင့်ခန်းလုပ်စဉ် သတိပြုရမည့် လက္ခဏာများကိုလည်း ပြောပြပါလိမ့်မည်။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ