brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘယ်သူကယ်နိုင်မလဲ အသည်းကွဲတဲ့ရောဂါ

ချစ်ရသူနဲ့ ကွေကွင်းရတဲ့အခါ၊ ကြေကွဲဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်တွေ ကြုံလာရတဲ့အခါ၊ မိသားစုဝင်တွေ ကိုယ်ချစ်ချင်မြတ်နိုးတန်ဖိုးထားရသူတွေ ဆုံးပါးသွားတဲ့အခါ၊ ပြင်းထန်တဲ့ ရုပ်ပိုင်းဆိုင်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေများလာတဲ့အခါမျိုးတွေမှာ လူတွေရဲ့ စိတ်နှလုံးဟာ ပြင်းထန်စွာ နာကျင်ခံစားရတတ်ပါတယ်။ ဒါကို အသည်းကွဲတယ်လို့ ယျေဘုယျအားဖြင့် ခေါ်ကြပါတယ်။ တကယ်တော့ အသည်းကွဲတယ်ဆိုတာဟာ ချစ်သူရည်းစားနဲ့ လမ်းခွဲလို့ ခံစားရရုံသက်သက်ဝေဒနာ မဟုတ်ပါဘူး။

ဘယ်သူကယ်နိုင်မလဲ အသည်းကွဲတဲ့ရောဂါ

ဒါဆို အသည်းကွဲတာ ရောဂါတစ်ခုလား? အသည်းကွဲတယ်ဆိုတာက ယာယီနှလုံးရောဂါလက္ခဏာ တစ်မျိုးပါ။ ပြင်းထန်တဲ့ စိတ်ခံစားနာကျင်ခံစားရမှုတွေနဲ့ ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ Broken Heart Syndrome လို့ လူသိများပေမယ့် Stress Cardiomyopathy ၊ Takotsubo Cardiomyopathy လို့လည်း ခေါ်ဝေါ်ပါတယ်။ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေ၊ စိတ်ဖိစီးမှုတွေကြောင့် နှလုံးအတွင် သွေးလည်ပတ်စီးဆင်းမှု လျော့နည်းပြီး နှလုံးကြွက်သားတွေ အားနည်းသွားခြင်းဖြစ်ပါတယ်။

အသည်းကွဲတဲ့ရောဂါလက္ခဏာ ပြသလာတဲ့အခါမှာ ရုတ်တရက် ရင်ဘတ်အောင့်လာတာတွေ၊ အသက်ရှူရခက်ခဲလာတာတွေဖြစ်တတ်ပါတယ်။ ဒီရောဂါဟာ ကုသလို့ရနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပြီးတော့ ရက်အနည်းငယ်အတွင်းမှာလည်း သူ့ဘာသာသက်သာသွားနိုင်ပါတယ်။ ဒါကြောင့်လည်း လူတွေက အသည်းကွဲနေတဲ့ လူတစ်ယောက်ကို တွေ့ရင် အချိန်တန်ရင် အဆင်ပြေသွားမှာပါလို့ ပြောလေ့ရှိကြတာဖြစ်ပါမယ်။

ဒါပေမယ့်လည်း အချိန်ပေးထားရုံနဲ့လည်း မပြီးပါဘူး။ သူ အလျှင်အမြန် သက်သာလာဖို့ဆိုရင် ပတ်ဝန်းကျင်ရဲ့ အကူအညီကလည်း အရေးကြီးလှပါတယ်။ တကယ်လို့ ကိုယ့်ပတ်ဝန်းကျင်မှာ အသည်းကွဲနေတဲ့ ဝေဒနာဖြစ်နေတဲ့သူ၊ အပေါင်းအသင်း မိတ်ဆွေမျိုးရှိနေမယ်ဆိုရင် ဘယ်လို ကုစားမလဲ။ ဘယ်လို ဖေးမကူညီပေးမလဲ။

အောက်ပါ အချက်လေးတွေကို လိုက်နာပြီး သူ့ကို ကူညီပေးနိုင်ပါတယ် …

၁။ အခြေအနေကို လက်ခံပြီး ဖြတ်ကျော်ဖို့ တိုက်တွန်းပါ

၂။ ပျော်ရွှင်လာစေမယ့် အခိုက်အတန့်လေးတွေ ဖန်တီးပေးပါ

၃။ လွတ်လပ်မှုကို ခံစားမိအောင် အသိပေးပါ

၄။ အားအသာဆုံးအချက်တွေကို အဖန်ဖန်ပြန်တွေးခိုင်းပါ

၅။ စိတ်ကူးယဉ် အိပ်မက်တွေကို အကောင်အထည်ဖော်ခိုင်းပါ

၆။ လေ့ကျင့်ခန်းတစ်ခုခုကို လုပ်ခိုင်းပါ

၇။ အပြင်ထွက်ဖို့ ခေါ်ပါ

၈။ သူ ရင်ဖွင့်သမျှကို သေချာနားထောင်ပေးပါ

၉။ ယုံကြည်မှုတိုးစေမယ့် စာအုပ်မျိုးတွေပေးဖတ်ပါ

၁၀။ အားရပါးရ ငိုကြွေးခိုင်းပါ၊ မျက်ရည်က ဒီနာကျင်မှုဝေဒနာတွေကို ကုစားနိုင်တယ်ဆိုတာကို ပြောပြပါ။

ဒီလိုဆိုရင် ကိုယ့်ပတ်ဝန်းကျင်က အသည်းကွဲနေသူတွေကို ကောင်းကောင်း ဖေးမ ကုစားပေးနိုင်မှာပါ။ အသည်းကွဲနေတဲ့ သူငယ်ချင်းကို အချိန်တစ်ခုပေးပြီး ကောင်းကောင်း ကူညီဖေးမပေးနိုင်မယ်ဆိုရင် ကာယကံရှင်အတွက်လည်း ဝေဒနာ အလျှင်အမြန်သက်သာသွားမှာပါ။

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Ye Zon Aung · 14/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။