အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy)
အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy) ဆိုတာဟာ အရက်ကို ကာလရှည်ကြာ စွဲသောက်ခြင်းကြောင့် နှလုံးကြွက်သားများကို ထိခိုက်ပျက်စီးလာစေတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အရက်ကို အလွန်အကျွံသောက်ပါများတဲ့အခါ နှလုံးကြွက်သားများဟာ ပါးလွှာပြီး အားနည်းလာပါတယ်။ အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy) အဆိုပါအခြေအနေမှာ သွေးများကို ထိရောက်စွာ ညှစ်ထုတ်နိုင်ခြင်း မရှိတော့ပါဘူး။ သွေးများကို နှလုံးထဲကနေ မညှစ်ထုတ်နိုင်တဲ့အခါ ကိုယ်ခန္ဓာရဲ့ အရေးကြီးနေရာတွေကို သွေးမရောက်တော့တာကြောင့် အသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ အရက်ကြောင့် နှလုံးကြွက်သားအားနည်းခြင်း (Alcoholic Cardiomyopathy) ဟာ အမျိုးသားတွေမှာဖြစ်တာများပြီး အသက် ၃၅ ကနေ ၅၀ ကြား အရွယ်တွေမှာ တွေ့ရများတယ်လို့ စစ်တမ်းတစောင်မှာ ဖော်ပြထားပါတယ်။ အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ အရက်ကို ၅နှစ်ကနေ ၁၅နှစ်လောက်အထိ စွဲမြဲလွန်ကျူးစွာ သောက်သုံးလာသူတွေမှာ တွေ့ရတတ်ပါတယ်။ အရက်ကို တစ်နေ့တာ […]

























