အဓိပ္ပါယ်ဖွင့်ဆိုချက်
Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) ကဘာလဲ။
အိပ်ခြင်းကိုသက်ရောက်တဲ့ ကစဉ့်ကလျားဖြစ်ခြင်းမှန်သမျှကိုအိပ်စက်မှုဆိုင်ရာ ပြဿနာများလို့
ခေါ်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းကြောင့် အိပ်ပျော်နေစဉ်ခေတ္တ အသက်ရှူရပ်ရပ်သောရောဂါ၊ အိပ်မပျော်သောရောဂါ၊ အိပ်နေရင်းလမ်းထလျှောက်သောရောဂါစသဖြင့် အမျိုးအစား(၈) မျိုးလောက်ရှိပါတယ်။
Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) က ဘယ်လောက်အဖြစ်များသလဲ
အရမ်းအဖြစ်များပါတယ်။ အမေရိကန်လူဦးရေသန်း၇၀လောက်မှာ တွေ့ရှိရပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကိုရှောင်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားပြသင့်ပါတယ်။
လက္ခဏာများ
Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) ရဲ့လက္ခဏာတွေကဘာတွေလဲ
ဖြစ်တဲ့အမျိုးအစားပေါ်မူတည်ပြီးလက္ခဏာတွေအများကြီးရှိပါတယ်။ အတွေ့ရများတဲ့လက္ခဏာတွေကတော့ အိပ်ရင်းလမ်းလျှောက်ခြင်း၊ ဟောက်ခြင်း၊ အိပ်မပျော်ရောဂါ၊ ခြေလှုပ်သည့်ရောဂါစု၊ အချိန်တိုင်းအိပ်ချင်နေခြင်းနှင့် အိပ်နေစဉ်ခေတ္တအသက်ရှူရပ်ရပ်ခြင်းတို့ ဖြစ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အထက်ပါဖော်ပြပါအချက်တွေ ထဲကတစ်ခုခုရှိခဲ့မယ်ဆိုရင် (သို့)သင့်ရဲ့အိပ်စက်ခြင်းနဲ့ပတ်သက်ပြီးမေးခွန်းတွေရှိခဲ့မယ်ဆိုရင် သွားပြသင့်ပါတယ်။ သင့်အခြေအနေအတွက် အသင့်တော်ဆုံးအဖြေကိုရဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ နာတာရှည်အိပ်စက်ရောဂါကသင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ သင့်စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးတွေကိုဆိုးကျိုးပေးနိုင်ပါတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
အကြောင်းရင်းများ
Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) ကိုဘာတွေကဖြစ်စေသလဲ
အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ။်
- ကိုယ်ပိုင်းဆိုင်ရာစိတ်အနှောင့်အယှက်ဖြစ်စရာများ(ဥပမာအနာမှ နာကျင်ကိုက်ခဲခြင်း)
- ကျန်းမာရေးပြဿနာများ (ဥပမာရင်ကျပ်ရောဂါ)
- ဆေးများ ( ကဖင်းဓါတ်၊ စိတ်ကျဆန့်ကျင်ဆေးဝါးများ၊ စိတ်ကြွဆေးများ)
- စိတ်ပိုင်းဆိုင်ရာပြဿနာများ(စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ကြီးခြင်း)
- ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ (အရက်သောက်ခြင်း)
အိပ်ခြင်းကိုအနှောင့်အယှက်ဖြစ်စေတဲ့အခြားအရာတွေကတော့ မျိုးရိုးဗီဇ၊ ညဆိုင်းအလုပ်လုပ်ရခြင်း၊ ဆေးဝါးတွေနဲ့ အသက်ကြီးလာခြင်းတို့ ဖြစ်ပါတယ်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
အဝလွန်ခြင်း၊ လည်ပင်းတစ်ဝိုက်အဆီများခြင်း၊ နှာခေါင်း၊ပါစပ်၊ လည်ချောင်းတစ်ရှူးများကြီးနေခြင်း၊ အရိုးပုံပျက်နေခြင်း၊ အရက်ဆေးဝါးများသုံးစွဲခြင်း၊ ပက်လက်အိပ်ခြင်း၊ ခေါင်းအုံးများသုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အိပ်စက်ခြင်းအလေ့အထမမှန်ခြင်း၊ ဟော်မုန်းဆိုင်ရာပြဿနာများရှိခြင်းစတာတွေကြောင့်ဖြစ်နိုင်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) ကို ဘယ်လိုအတည်ပြုပါသလဲ
ပထမဆုံးကိုယ်ခန္ဓါပိုင်းဆိုင်ရာစမ်းသပ်မှုတွေ၊ သင့်ရဲ့လက္ခဏာတွေ ကျန်းမာရေးအခြေအနေမေးမြန်းခြင်းတွေကိုအရင်ဆုံးပြုလုပ်ပါလိမ့်မယ်။ အောက်ဖော်ပြပါ အမျိုးမျိုးသောစမ်းသပ်နည်းတွေနဲ့လည်းစမ်းသပ်ပါလိမ့်မယ်။
- အိပ်စက်မှု စစ်ဆေးခြင်း (Polysomonography)။ အောက်ဆီဂျင်အတိုင်းအတာ ၊ ခန္ဓါကိုယ်လှုပ်ရှားမှုများနဲ့ ဦးနှောက်လှိုင်း များ က အိပ်စက်ခြင်းကိုဘယ်လိုထိခိုက်စေလဲဆိုတာကိုတိုင်းတာခြင်းဖြစ်ပါတယ်။
- ဦးနှောက်လှိုင်းစစ်ဆေးခြင်း (Electroencephalogram) ။ ဦးနှောက်လျှပ်စီးဆိုင်ရာလှုပ်ဆောင်မှုများနဲ့ ထိုလုပ်ဆောင်မှုတွေနဲ့ဆက်နွှယ်နေတဲ့ ပြဿနာတွေကိုစစ်ဆေးခြင်းနည်းဖြစ်ပါတယ်။
- မျိုးရိုးဗီဇဆိုင်ရာသွေးစစ်ဆေးခြင်း။ အမြဲအိပ်ငိုက်နေခြင်းနဲ့ အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေဖြစ်စေနိုင်တဲ့အခြားသောကျန်းမာရေးပြဿနာတွေ အဖြေရှာနိုင်ဖို့သုံးပါတယ်။
Sleep Disorders (အိပ်စက်မှုဆိုင်ရာမူမမှန်ပြဿနာများ) ကို ဘယ်လိုကုသပါသလဲ
အမျိုးအစားနဲ့အကြောင်းရင်းပေါ်မူတည်ပြီး
ကုသမှုအမျိုးမျိုးပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့်တော့ ပေါင်းစပ်ကုထုံးတွေနဲ့ လူနေမှုပုံစံပြောင်းလဲခြင်းတို့ဖြစ်ပါတယ်။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းကအိပ်စက်မှုဆိုင်ရာရောဂါကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် အိပ်စက်မှုဆိုင်ရာရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။
- သကြားလျှော့စားခြင်း၊ အသီးအနှံဟင်းသီးဟင်းရွက်နဲ့ငါးတွေပိုစားခြင်း
- လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကိုလျှော့ချခြင်း
- အိပ်ချိန်ပုံမှန်သတ်မှတ်ထားခြင်း
- အိပ်ရာဝင်ခါနီး ရေလျှော့သောက်ခြင်း
- ကဖင်းဓါတ်သောက်ခြင်းကိုအကန့်အသတ်ထားခြင်းအထူးသဖြင့် မွန်းလွဲပိုင်းညနေပိုင်းတွေမှာ မသောက်ခြင်း
- ဆေးလိပ်အရက်လျှော့ခြင်း
- အိပ်ရာဝင်ခါနီး ကာဗိုဟိုက်ဒရိတ်အနည်းငယ်စားခြင်းစသည်တို့ဖြစ်ပါတယ်။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]
















