ခန္ဓါကိုယ်ကျန်းမာဖို့အတွက်ပြည့်ဝတဲ့ အိပ်စက်အနားယူမှု၊ သင့်တင့်မျှတတဲ့ အာဟာရနဲ့ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့တစ်ကိုယ်ရေသန့်ရှင်းမှုတွေ မျှတစွာလုပ်ဆောင်ဖို့လိုအပ်ပါမယ်။ အိပ်ရေးဝဝအိပ်မှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါကျန်းမာမှာဖြစ်ပါတယ်။ အိပ်ရေးဝဝအိပ်တဲ့အခါ တစ်နေ့တာ မှာခွန်အားပြည့်ပြည့်ဝဝနဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်မှာပါ။ ဒီတော့ ညတိုင်းပြည့်ဝတဲ့ အိပ်စက်ချိန်ထားရှိကြဖို့ ဒီဆောင်းပါးလေးကနေတဆင့် တိုက်တွန်းလိုက်ပါရစေ။
အိပ်ရေးပျက်တော့ ဘာဖြစ်မလဲ
အိပ်ရေးပျက်တာများလာတဲ့အခါ စိတ်တိုလွယ်လာပြီး အလုပ်တွေကိုလည်းကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ ဒါကတော့ လူတိုင်းလိုလို သိထားပြီးဖြစ်မယ့် အချက်တစ်ခုပါ။ ဒါပေမယ့် အိပ်ရေးပျက်တာကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တွေက ဒီလောက်နဲ့ပြီးမသွားပါဘူး။ အိပ်ရေးပျက်တာကြောင့် အဝလွန်တာ၊ နှလုံးရောဂါ နဲ့ ဆီးချိုရောဂါအပါအဝင် လူ့သက်တမ်းတိုတာမျိုးအထိဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်တာကပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။
အိပ်ရေးပျက်တာကြောင့်ခံစားရနိုင်တဲ့မြင်သာတဲ့လက္ခဏာတွေက
ဒီလက္ခဏာတွေက အိပ်ရေးပျက်တာရဲ့ မပြင်းထန်တဲ့ လက္ခဏာတွေပါ။ အရမ်းကို အိပ်ရေးပျက်လာမယ်ဆိုရင်တော့ အကျိုးဆက်ကလည်းပြင်းထန်လာမှာပါ။ ကာလရှည်ကြာအိပ်ရေးပျက်လာမယ်၊ပြည့်ဝတဲ့အိပ်စက်ချိန်မရှိဘူးဆိုရင် ခန္ဓါကိုယ်ရဲ့ ကိုယ်တွင်းစနစ်တွေကို ထိခိုက်စေနိုင်သလို နာတာရှည်ရောဂါတွေဖြစ်ကြတဲ့
- နှလုံးရောဂါ
- ရုတ်တရက်နှလုံးရပ်တာ
- နှလုံးအမောဖောက်တာ
- နှလုံးခုန်မမှန်တာ
- သွေးတိုးတာ
- လေဖြတ်တာနဲ့
- ဆီချိုဝေဒနာတွေကိုခံစားရနိုင်ပါတယ်။
အိပ်စက်မှုက ခန္ဓါကိုယ်ကျန်းမာဖို့အတွက်တော်တော်လေးအရေးပါတာပါ။ အိပ်စက်နေချိန်မှာခန္ဓါကိုယ်က အားအင်တွေပြန်ဖြည့်ရင်းပြင်ဆင်ရမယ့် အချို့အရာတွေကိုပြုပြင်ပေးပါတယ်။ ဦးနှောက်ကို လုပ်ငန်းဆောင်တာတွေကောင်းကောင်းလုပ်ဆောင်နိုင်အောင် အားဖြည့်ပေးပြီး ခန္ဓါကိုယ်ကိုလည်း စည်းချက်ညီညီနဲ့ သူ့ရဲ့လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။ အိပ်ရေးဝတာက ခန္ဓါကိုယ်ကျန်းမာစေသလို သက်တမ်းစေ့လည်းနေနိုင်စေပါတယ်။
အိပ်ရေးပျက်မှုကြောင့် အာရုံကြောစနစ်ထိခိုက်တဲ့အခါ
အိပ်ရေးပျက်တာကြောင့် အာရုံကြောစနစ်ကိုထိခိုက်တဲ့အခါ - စိတ်တိုလွယ်တာ
- အာရုံမစိုက်နိုင်တာ
- စိတ်ခံစားမှုအတက်အကျမြန်တာ
- စိတ်ဓါတ်ကျတာ
- ဟန်ချက်ညီညီလှုပ်ရှားနိုင်စွမ်းနည်းတာ
- ကိုယ့်ကိုကိုယ်သတ်သေချင်တဲ့စိတ်တွေဖြစ်တာမျိုးခံစားရနိုင်ပါတယ်။
အိပ်ရေးပျက်မှုကြောင့် ကိုယ်ခံအားစနစ်ထိခိုက်တဲ့အခါ
အိပ်ရေးပျက်တာကြောင့် ကိုယ်ခံအားစနစ်ထိခိုက်တဲ့အခါ
- ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ကာကွယ်နိုင်စွမ်းကျသွားတာ
- အလွယ်တကူဖျားနာတာ
- အဖျားတာရှည်တာ
- ဆီးချိုနဲ့ နှလုံးရောဂါတို့လိုမျိုး နာတာရှည်ရောဂါတွေခံစားရနိုင်ခြေပိုများလာတာမျိုးတွေခံစားရနိုင်ပါတယ်။
အိပ်ရေးပျက်မှုကြောင့် အသက်ရှုလမ်းကြောင်းစနစ်ထိခိုက်တဲ့အခါ
အိပ်ရေးပျက်တာကြောင့် အသက်ရှုလမ်းကြောင်းစနစ်ထိခိုက်တဲ့အခါ
- ညဘက်ကောင်းကောင်းအိပ်မပျော်တာ
- အိပ်နေရင်း လန့်နိုးတာ
- တုပ်ကွေးအလွယ်တကူ ကူးစက်ခံရတာ
- အအေးမိလွယ်တာ
- အဆုတ်ထိခိုက်တာ
- ပန်းနာရင်ကျပ်ဝေဒနာခံစားရတာမျိုးတွေဖြစ်နိုင်ပါတယ်။
အိပ်ရေးပျက်မှုကြောင့် အစာခြေစနစ်ထိခိုက်တဲ့အခါ
အိပ်ရေးပျက်တာကြာင့် အစာခြေစနစ်ထိခိုက်တဲ့အခါ
- အစားတွေအများကြီးစားမိတာ
- တစ်ချိန်လုံးစားချင်စိတ်ဖြစ်နေတာ
- အဆမတန်စားမိတာကြောင့် အဝလွန်တာ
- ပင်ပန်းလွယ်တာ
- အဆီပိုတွေများလာတာ
- သွေးတွင်းသကြားဓါတ်ြမင့်တက်တာမျိုးတွေခံစားရနိုင်ပါတယ်။
အိပ်ရေးပျက်မှုကြောင့် နှလုံးသွေးကြောစနစ်ထိခိုက်တဲ့အခါ
အိပ်ရေးပျက်တာကြောင့် နှလုံးသွေးကြောစနစ်ထိခိုက်တဲ့အခါ
- သွေးတိုးတာ
- သွေးတွင်းသကြားဓါတ်မြင့်တက်တာ
- နှလုံးခုန်မြန်တာ
- ရုတ်တရက်နှလုံးရပ်တာ နဲ့
- လေဖြတ်တာလိုမျိုးဝေဒနာတွေကိုခံစားရနိုင်ပါတယ်။
ဒီလိုအကျိုးဆက်တွေကနေ ကာကွယ်ဖို့ အဖိုးအခမပေးရတဲ့ အိပ်ချိန်လေးကိုပြည့်ပြည့်ဝဝအိပ်စက်ကြပါနော်……..
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။