မနက်ခင်းအေးအေးလေးမှာ လက်ဖက်ရည်အရသာရှိရှိလေးသောက်ရတာ၊ ကော်ဖီပူပူလေးသောက်ရတာကြိုက်လို့ဆိုပြီး သောက်တယ်။ နေ့လယ်ခင်းကျ အပျင်းပြေဆိုပြီး လက်ဖက်သုပ်လေးစားတယ်။ ကော်ဖီလေးသောက်တယ်။ အချိုရည်တစ်မျိုးမျိုးသောက်လိုက်တယ်ဆိုပါတော့ ညကျတော့လည်း စာအုပ်လေးဖတ်ရင်း ကော်ဖီတစ်ခွက်လောက်သောက်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်ထဲဝင်သွားတဲ့ ကဖင်းကတော်တော်လေးများပြီလေ။ ဒီလိုကဖင်းများတာက တစ်နေကုန်တော့ မသိဘူးပေါ့။ ညရောက်တော့ အလန်းလွန်အလွန်လန်းလို့ အိပ်မရဖြစ်နေပြီဆိုရင်တော့ သေချာတယ်။ တစ်နေကုန် ကဖင်းကို တော်တော်လေးစားမိလိုက်ပြီဆိုတာလေ။
ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်များနေပြီဆိုရင်
ကတုန်ကယင်ဖြစ်မယ် အတွေးများမယ် စကားတွေအရမ်းပြောမိမယ် အာရုံမစိုက်နိုင်ဖြစ်မယ် မအီမသာဖြစ်မယ် သွေပေါင်ချိန်တက်မယ် နှလုံးခုန်မြန်မယ် စိတ်တိုလွယ်မယ် စိုးရိမ်စိတ်များမယ် အိပ်မပျော်ဖြစ်မယ် ချွေးစေးတွေထွက်မယ် မူးဝေမယ် အော့အန်မယ် အရမ်းမောနေမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။ ကဖင်းများတာကြောင့် ဖြစ်တဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ…………
ကဖင်းများတာက ကာလတိုအတွင်းမှာဆိုရင် အိပ်မပျော်တာလောက်ဘဲ ဆိုပေမယ့် အချိန်ကြာလာတဲ့အခါ နှလုံးထိခိုက်စေနိုင်သလို ကိုယ်တွင်းသံဓာတ်စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး သွေးအားနည်းရောဂါဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်ကို တတ်နိုင်သမျှလျှော့ပါ။ တကယ်လို့ ကဖင်းအများကြီးစားမိပြီဆိုရင်လည်း ဒီအချက်လေးတွေလုပ်ကြည့်ပါ။
ကဖင်းဓာတ်များသွားတယ်လို့ ယူဆတယ်ဆိုတာနဲ့ ရေကိုများများသောက်ပေးပါ။ ဒီလိုလုပ်ပေးခြင်းက ကဖင်းဓာတ်များတာကြောင့်ခံစားရတဲ့ လက္ခဏာတွေကို သက်သာစေပြီး ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်ပေးမှုကနေတဆင့် ကဖင်းဓာတ်တွေကို ခန္ဓာကိုယ်ပြင်ပကိုရောက်ရှိစွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် ကော်ဖီတစ်ခွက်သောက်ပြီးရင်ဖြစ်ဖြစ် လက်ဖက်ရည်တစ်ခွက်သောက်ပြီးရင်ဖြစ်ဖြစ် အနည်းဆုံးရေတစ်ခွက်သောက်ပေးပါ။ ဒါက ကဖင်းဓာတ်များတာကို လျှော့ချပေးနိုင်မယ့် အလွယ်ကူဆုံးနဲ့ အရိုးစင်းဆုံးနည်းလမ်းပါ။
သံပရာရည်သောက်ပါ
ကဖင်းဓာတ်အရမ်းများသွားတဲ့အခါ သံပရာရည်သောက်ပေးတာကလည်း အဆင်ပြေတဲ့နည်းလမ်းတစ်ရပ်ပါ။ သံပရာသီးမှာပါတဲ့ ဗီတာမင် C က ကဖင်းကြောင့် ခန္ဓာကိုယ်က ဗီတာမင်စုပ်ယူနိုင်စွမ်းနဲ့ သံဓာတ်စုပ်ယူမှုကျဆင်းတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး ရေဓာတ်ကိုလည်း ပြန်ဖြည့်ပေးနိုင်မှာပါ။ ဒါကြော်င့ ကဖင်းအရမ်းများသွားခဲ့ရင် သံပရာရည်လေးသောက်လိုက်ပါ။
ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးပါ
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေဖြစ်ကြတဲ့
အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတဲ့ သခွားသီး၊ တရုတ်နံနံ၊
ငရုတ်ပွလိုမျိုး အသီးအနှံတွေက ခန္ဓာကိုယ်ရဲ့ ကဖင်းစုပ်ယူမှုကို နှေးစေနိုင်ပါတယ်။ ကဖင်းများသွားတဲ့အခါမျိုးမှာ ကဖင်းကြောင့် အိပ်မရတာအပါအဝင် အခြားသော ပြဿနာတွေဖြစ်မလာအောင် အကောင်းဆုံး ကာကွယ်ပေးနိုင်မှာပါ။
ကဖင်းများတာကြောင့် မြန်လာတဲ့
နှလုံးခုန်သံတွေကို စည်းချက်မှန်အနေအထားပြန်ရောက်စေဖို့ဆိုရင် အသက်ကို ခပ်ဝဝရှူပေးပါ။ ဒီလိုလုပ်ပေးတာက ကင်းဓာတ်လွန်ကဲတာကြောင့် ခံစားရမှုကို သက်သာစေနိုင်ပါတယ်။
ကဖင်းဓာတ်များသွားလို့ မအီမသာဖြစ်နေတဲ့အခါ ပြန်လည်သက်သာစေဖို့ လုပ်လို့ရတဲ့နည်းလမ်းတစ်ရပ်က ကိုယ်လက်လှုပ်ရှားမှု များများလုပ်တာပါ။ ဒီလိုလုပ်လိုက်တာက ကိုယ်တွင်းက များနေတဲ့ ကဖင်းတွေကို သိသိသာသာလျော့ကျစေပြီး
မအီမသာခံစားနေရမှုကို သက်သာစေနိုင်မှာပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။