ညစဉ် အိပ်ချိန် ၆ နာရီထက် မနည်းစေဖို့ သတိပြုပါ!
အိပ်ရေးမဝတာ၊ ပြည့်ဝလုံလောက်တဲ့ အိပ်ချိန် မရှိတာက နောက်တစ်နေ့မှာ အတော်လေး ပင်ပန်းစေပြီး အလုပ်တွေထဲမှာ အာရုံစိုက်ဖို့ ခက်ပါတယ်။ အိပ်ရေးမဝတာက တစ်ရက်တလေဆိုရင် မသိသာပေမယ့် နေ့စဉ်ရက်ဆက် ဖြစ်လာမယ်။ အချိန်ကာလအတိုင်းအတာ တော်တော်လေး ကြာလာမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် သွေးတိုး၊ အမျိုးအစား ၂ဆီးချို၊ နှလုံးရောဂါနဲ့ လေဖြတ်ဖူးတဲ့ လူလတ်ပိုင်းတွေက တစ်ညတာမှာ အိပ်ချိန် ၆နာရီထက် နည်းနေမယ်ဆိုရင် ကင်ဆာရောဂါနဲ့ အရွယ်မတိုင်ခင် သေဆုံးတာတွေကို ခံစားရနိုင်တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါ အခံရှိသူတွေမှာ တစ်ညကို အိပ်ချိန် ၆ နာရီထက် နည်းနေမယ်ဆိုရင် ညစဉ် အိပ်ချိန် ၆ နာရီနဲ့ အထက်ရှိသူတွေထက် နှလုံးရောဂါ နဲ့ […]
































