brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

စိတ်ဖိစီးမှုတွေများလာရင် ဘာတွေစားကြမလဲ

၂၁ ရာစုရဲ့ နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲ လာတဲ့ အတွက်ကြောင့် ကျန်းမာရေး၊ လူမှုရေးစီးပွားရေး စတဲ့ အဖက်ဖက် ကနေ စိတ်ဖိစီးမှုတွေ က များလာပါတယ်။ စိတ်ဖိစီးမှုများလာရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေ ကတော့နှလုံးရောဂါ သွေးချို ဆီးချို ရောဂါအဝလွန်ရောဂါ၊ စိတ်ဓါတ်ကျရောဂါ၊ ပန်းနာရင်ကြပ် ရောဂါ နှင့် အခြား အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတွေ ဖြစ်ပါတယ်။

စိတ်ဖိစီးမှုတွေများလာရင် ဘာတွေစားကြမလဲ

ကျွန်တော်တို့ ဒီစိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ပြဿနာ တွေ ကို တစ်ဖက်တစ်လမ်း က နေ အစားအသောက်တွေ နဲ့ ကာကွယ် လို့ရပါတယ်။

(၁) အစိမ်းရောင် ရှိသော အသီးအရွက်မျာ

(ဥပမာ ပါင်းနုနွယ် အရွက်မှာ ဆိုရင် Folate ဓါတ် ကြွယ်ဝတဲ့ အတွက် ကျွန်တော်တို့ ခန္ဓါကိုယ် ကနေ ထုတ်နေတဲ့ mood regulating neurotransmitter လို့ခေါ်တဲ့ serotonin နဲ့ dopamine ထုတ်တာကို အားပေးတဲ့ အတွက် စိတ်ဖိစီးမှုကြောင့် ဖြစ်လာမယ့် depression စိတ်ဓါတ်ကျရောဂါ ကို ကာကွယ်ပေးပါတယ်။

(၂) အချဉ်ဖောက် ထားတဲ့ အစားအစာ များ

(ဥပမာ ဒိန်ချဉ် မှာ ဆိုရင် အူလမ်းကြောင်းမှာ ရှိနေတတ်တဲ့ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယား တွေ ကို ဖယ်ရှားပေးတဲ့ အတွက် ထိုဘက်တီးရီးယားတွေ က ထုတ်တဲ့ အဆိပ်ကြောင့် ဖြစ်တတ်တဲ့ ရောဂါများ (စိတ်တို စိတ်ဆက် လွယ်တာ၊ စိတ်ဓါတ်ကျတာ၊ဂနာမငြိမ်ဖြစ်တာတွေ) ကို ကာကွယ်ပေးပါတယ်။

(၃) ဆော်လမွန်ငါး နှင့် တခြားသော ပင်လယ်ငါးများ

Omega 3၊ EPA နဲ့ DHA တွေ ပါတဲ့ အတွက် စိတ်ကိုကြည်လင်လန်းဆန်းစေသလို မှတ်ဉာဏ်စွမ်းအားကို လည်း ပိုကောင်းစေပါတယ်။

(၄) ဘယ်ရီသီးမျာ

Anthocyanin Pigment လို့ခေါ် တဲ့ ဓါတ်ပစ္စည်း တစ်မျိုးပါတဲ့ အတွက် ဓါတ်တိုးဆန့်ကျင်သတ္တိ (antioxidant action) ရှိသည့် အပြင် ဗီတာမင် C ပါဝင်တဲ့ အတွက် စိတ်ဖိစီးမှု့တွေ ကို ပါလျှော့ချပေးပါတယ်။

(၅) Dark Chocolate (အနက်ရောင်ချောကလက်)

အခုနောက်ပိုင်း အနက်ရောင်ချောကလက်တွေကို အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်တွေမှာ ဆေးတစ်မျိုး အနေနဲ့ ကို အသုံးပြုလာပါတယ်။ အဓိက ကတော့ dark chocolate မှာ ပါတဲ့ Anandamide လို့ခေါ်တဲ့ ဓါတုပစ္စည်း ထုတ်တာ ကို အားပေးတဲ့ အတွက် စိတ်ဖိစီးခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်လှုပ်ရှားခြင်း တွေ ကို သက်သာစေပါတယ်။

(၆) အစေ့အဆန်မျာ

ဖရုံစေ့၊ နေကြာစေ့၊ နှမ်းစေ့ စတဲ့ အစေ့ အဆန်တွေ မှာ Magnesium ပါတဲ့ အတွက် စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။

(၇) ထောပတ်သီ

ပိုတက်ဆီယမ်၊ ဗီတာမင် E နှင့် B၊ Folate၊ Magnesium တို့ပါဝင်တဲ့ အတွက် အာပါာရ အင်မတန် ပြည့်ဝတဲ့ အစားအစာ တစ်ခုပါ။ ဗီတာမင် B နှင့် Magnesium ပါဝင်တဲ့ အတွက်ကြောင့် စိတ်ကြည်လင် လန်းဆန်းစေပြီး စိတ်ဓါတ်ကျရောဂါ ကို ကာကွယ်ပေးပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Hello Health Groupသည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Arkar Hein · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။