(၃) အတွေးတွေကို စီမံနိုင်တယ်
လူဆိုတာဘယ်လောက်တောင်အလုပ်များလဲဆိုခေါင်းထဲမှာ အတွေးပေါင်းသန်းနဲ့ချီပြီး အမြဲရှိနေတာပါတဲ့။ အတွေးတွေက သိစိတ်ထဲမှာရော၊ မသိစိတ်ထဲမှာပါ ရောထွေးနေပြီးသေချာမစီမံနိုင်၊ မရှင်းလင်းနိုင်ရင် အကုန်ပြည့်ကျပ်လွှမ်းမိုးလာနိုင်ပါတယ်(တစ်ခါတလေ ဘာရယ်သေချာမသိဘဲခေါင်းရှုပ်နေတာ၊ စိတ်တွေပင်ပန်းနေတာမျိုးက ဒါ့ကြောင့်ပေါ့)။ တစ်ခါတလေ ကလေးတွေလိုမျိုး (မြန်မာဇာတ်ဝင်ခန်းတွေထဲကလို) ကိုယ့်အတွေးနဲ့ကိုယ် စကားတွေပြော၊ တစ်ယောက်တည်း ပါးစပ်ကတတွတ်တွတ်ပြောနေရင်း ဘယ်အတွေးက ကိုယ့်စိတ်ကိုအကြီးမားဆုံးသက်ရောက်နေလဲ သိသာလာနိုင်ပါတယ်။ဘေးမှာတခြားလူတွေမရှိတဲ့အချိန်ဖြစ်ဖို့တော့လိုတာပေါ့။
(၄) စိတ်ဖိစီးနေတာတွေ သက်သာစေတယ်
တစ်ယောက်တည်းစကားပြောတာက ဖိစီးရှုပ်ထွေးနေတဲ့ကိုယ့်ရဲ့စိတ်ကိုပြေလျော့စေနိုင်တယ်။တောင်စဉ်ရေမရတွေ အမောတကောတွေးနေတော့မှာမဟုတ်ဘူး။ စိတ်ကတဖြည်းဖြည်းအနည်ထိုင်ပြီး လုပ်သင့်တဲ့အလုပ်တွေမြင်လာပါလိမ့်မယ်။ ရင်ဖွင့်ဖော်တစ်ယောက်မလိုဘဲ ရင်ထဲတင်းကျပ်နေတာတွေ၊ခေါင်းထဲရှုပ်ထွေးနေတာတွေ၊ စိတ်ထဲဖိစီးနေတာတွေ အတိုင်းအတာတခုအထိလျော့သွားနိုင်ပါတယ်။