
တစ်နည်းအားဖြင့် စိတ်ဖိစီးမှုဆိုတာ သင်ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းမှုတွေ၊ ဖိအားတွေ အပေါ်မှာ သင့်ခန္ဓာကိုယ် က တုန့်ပြန် တဲ့ အရာတစ်ခုပါ။ ဖိအားတစ်ခုနဲ့ ကြုံတွေ့လာရပြီဆိုရင် သင့် ရဲ့ ဦးနှောက်အဖွဲ့အစည်းက stress ဟော်မုန်းထွက်လာပါတယ် ။ stress ဟော်မုန်းမှာ adrenaline နဲ့ cortisol ဆိုတဲ့ ဟော်မုန်းနှစ်မျိုးပါပါတယ်။
Stress ဟော်မုန်းထွက်လာရင်တော့ သင့်ရဲ့ နှလုံးခုန်မြန်လာမယ်၊ ကြွက်သားတွေတင်းရင်းလာမယ်၊ သွေးပေါင်တက်လာမယ် ၊ အသက်ရှူမြန်လာမယ် ၊ စိတ်ဆတ် လာမယ် စတာတွေဖြစ်နိုင်ပါတယ် ။ ဒါကို ‘ fight or flight ‘လို့ ခေါ်တဲ့’ ရင်ဆိုင်မလား၊ ထွက်ပြေးမလား ‘ တုံ့ပြန်မှုလို့ခေါ်တယ်။ စိတ်ဖိစီးမှုရဲ့ တုံ့ပြန်မှုတစ်မျိုးပေါ့ ။
စိတ်ဖိစီး မှု ဆိုတာ ယာယီ ခေတ္တ အခြေအနေမျိုးမှာတော့ သင့်ကို ခွန်အားအကြီးကြီးတွေပေးနိုင်ပါတယ်။ ဥပမာပြောရမယ် ဆိုရင် accident တစ်ခုဖြစ်မလာအောင်ကာကွယ်ဖို့ ကားဘရိတ်ကို ချက်ချင်းနင်း လိုက်တာမျိုးပေါ့ ။ စိတ်ဖိစီးမှုဟာစိန်ခေါ်မှုပေါင်းများစွာကိုလည်း ပြုလုပ်ပေးနိုင်ပါတယ် ။ သင့်အလုပ် ကိုလည်း အာရုံပို စိုက်နိုင်စေပါတယ် ။ သင် TV ကြည့်နေရင်းတောင်မှ ချက်ချင်းဆိုသလို စာကျက်ချင်စိတ် စာကြိုးစားချင်စိတ်ပေါ်လာနိုင်ပါသေးတယ် ။ ဒါပေမယ့် စိတ်ဖိစီးမှုဟာ ခဏခဏ ဖြစ်လာရင် သင့် အတွက်မကောင်းတော့ပါဘူး။
စိတ်ရောဂါအခြေအနေတွေ ( စိတ်ကျခြင်း ၊ စိတ် အလွန်အမင်းပူပန် တတ် ခြင်း) ၊ နှလုံးရောဂါ ၊ သွေးတိုးရောဂါနဲ့ အူလမ်းကြောင်းပြဿနာ တွေပါ ခံစားလာရနိုင်ပါတယ်။
ကြုံတွေ့ရတတ်ပါတယ် ။ အသက်အရွယ်မရွေးပါ ။ စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာတွေကိုရှောင်သင့်ပါတယ် ။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ပါ ။
ရုပ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်း ဆိုင်ရာ နဲ့ အပြုအမူ ပိုင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။
အစရှိတာတွေကို ခံစားလာရနိုင်ပါတယ် ။ ဒီလိုခံစား လာရပြီဆိုရင်တော့ ဆရာဝန်အမြန်ဆုံး တိုင်ပင် ကုသသင့်နေပါပြီနော်။
စိတ်ဖိစီးမှုကို ကြာရှည်စွာခံစားနေရရင်ပေါ့
Stress ဖြစ်စေတဲ့ အရာတွေကို Stressors လို့ခေါ်ပါတယ် ။ ခန္ဓာကိုယ် ပြင်ပ က အရာတွေရှိနိုင် သလို အတွင်းထဲက အရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ တခါတရံ ထိခိုက်မှု တစ်စုံတစ်ခု ရဲ့ နောက်ဆက်တွဲ အနေနဲ့ လည်း stress ဆိုတာ ဖြစ်ပေါ်လာနိုင်ပါသေးတယ် ။
ခန္တာကိုယ်ပြင်ပကအရာတွေကတော့
ခန္ဓာကိုယ် အတွင်းက စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာတွေကတော့
သင့် ကို ဆရာဝန် တစ်ယောက်ကသင်ခံစားနေရတဲ့ လက္ခဏာတွေ အကြောင်း မေးခွန်းတွေမေး မြန်းရုံနဲ့ သင့် မှာ stress disorder (စိတ်ဖိစီးမှု ရောဂါ) ရှိနေတယ် လို့ သိနိုင်ပါတယ် ။ သင့်မှာ ကျန်းမာရေးပြဿနာ တွေရှိနေတာမျိုး ၊ တရားမဝင် မကောင်းတဲ့ ဆေးဝါးတွေသုံးစွဲနေတာမျိုး ဒါမှမဟုတ် စိတ်ရောဂါ ရှိနေတာမျိုးစတဲ့ အခြေအနေတွေကလည်း စိတ်ဖိစီးမှုဖြစ်စေနိုင်ပါတယ် ။ ဓါတ်ခွဲခန်းတွေမှာလည်း ဆေးစစ်ကြည့်လို့ရနိုင်ပါသေးတယ် ။ ဆေးစစ်ချက်အဖြေနဲ့ ဆရာဝန် စမ်းသပ်ချက်တွေ က normal (ပုံမှန်) လို့ ထွက်ခဲ့ရင်တော့ အထူးကုဆရာဝန်ကြီးတွေနဲ့ ထပ်မံပြသ သင့်ပါတယ်။
သင့်ရဲ့ဆရာဝန်အနေနဲ့ သင့်Stress ရောဂါကို အမျိုးမျိုးကုသမှုပေးနိုင်ပါတယ်။
ဒါတင်မကသေးပဲ
အိပ်မွေ့ချ ကုထုံးနဲ့လည်းကုသနိုင်ပါသေးတယ်။
လူနေမှုပုံစံပြောင်းလဲခြင်း နဲ့ အိမ်တွင်းကုသခြင်းတွေရော stress ကို လျှော့ချပေးနိုင်သလား
လျှော့ချပေးနိုင်ပါတယ် ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းအားဖြင့် သင့်ရဲ့ စိတ်ဖိစီးမှု ကို အတော်အတန်လျှော့ချပေးနိုင်ပါတယ်။ သင့်ဟာလေ့ကျင့်ခန်းလုပ်လေ့လုပ်ထမရှိတဲ့ လူတစ်ယောက်ဆိုရင်တော့ တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပြီး ပုံမှန် လုပ်ဖြစ်အောင် အားထုတ်သင့်ပါတယ် ။
ရေးသားသူ – ဒေါက်တာမှူး
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။