ဘဝရဲ့ကြီးမားတဲ့ စိတ်မပျော်ရွှင်စရာ ပြောင်းလဲမှု၊ ကြောက်စရာကောင်းလွန်းလှတဲ့ အခြေအနေသစ်တစ်ရပ်နဲ့ ကြုံတွေ့ရချိန်မှာ ခံစားရသော တုံ့ပြန်မှုတစ်မျိုးဖြစ်ပါတယ်။
စိတ်ဖိစီးမှုဖြစ်စေသောအကြောင်းရင်းများကတော့
အလုပ်ခွင်မှာဆိုရင်
ပုဂ္ဂိုလ်ရေးခံစားမှုတွေနဲ့ ပတ်သက်လို့
- ချစ်ခင်ရသူများသေဆုံးခြင်း
- နေမကောင်းဖြစ်ခြင်း
- အိမ်ထောင်ရေး/လူမှုရေးပြဿနာများ
- ကွာရှင်းခြင်း
- ငွေရေး၊ ကြေးရေးပြဿနာများ
- ပျော်ရွှင်စရာ အဖြစ်အပျက်များ
သင်ကိုယ်တိုင်ကလည်းစိတ်ဖိစီးနေသူတွေကိုပြန်လည်ကူညီနိုင်ပါတယ်။
ဘေးအန္တရာယ်တစ်ခု(ဥပမာ၊ မုန်တိုင်း၊စစ်ပွဲ စသည်) ရင်ဆိုင်ခဲ့ရသူတွေကို အောက်ပါနည်းလမ်းတွေနဲ့ကူညီနိုင်ပါတယ်။
- တွေ့ကြုံလာနိုင်သည့် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများအပေါ် စာနာသော၊ ထပ်တူခံစားနားလည်သော သဘောထားဖြင့် ဆောင်ရွက်ပါ။
- ထိခိုက်ဒဏ်ရာရနေသော၊ ကြောက်ရွံ့နေသောသူများကို တစ်ယောက်တည်း မထားပါနှင့်၊ ကလေးငယ် များကိုလည်း မိဘများနှင့် ခွဲမထားပါနှင့်။
- ၄င်းတို့ကို ဂရုစိုက်သော၊ ရိုးရှင်းသော၊ လက်တွေ့ကျသော၊ သဘာဝကျသော အပြုအမူများ လုပ်ဆောင်ပါ။ (ဥပမာ-မုန့်ကျွေးခြင်း၊ ရေတိုက်ခြင်း)
- သူ၏ဘေးဒုက္ခဆိုင်ရာ အတွေ့အကြုံများ၊ ခံစားချက်များ ဖွင့်ပြောရန်အားပေးပါ။
- အားပေးစကားပြောပါ။
- သေကံမရောက် သက်မပျောက် ကျန်ရစ်သူများ၊ မိသားစုများနှင့် ပြန်ကြားဆက်သွယ်ရေးများကို တိကျသော၊ ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များပေးပါ။
- ပုံမှန်မဟုတ်သော ကြမ်းတမ်းရိုင်းစိုင်းမှု၊ ရက်စက်မှု၊ ဖျက်လိုဖျက်စီး အမူအကျင့်တို့ကို တွေ့ရှိပါက လွှဲပြောင်းညွှန်းပို့ပါ။
- သေကံမရောက် သက်မပျောက်ကျန်ရစ်သူများကို လွယ်ကူ ရိုးရှင်းသော၊ အသုံးဝင်သော လုပ်ငန်းများတွင် အမြန်ဆုံး ပါဝင်လာစေရန် အားပေးပါ။
ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ၊ ရောဂါ (သို့မဟုတ်)စိတ်ဖိစီးမှုများစွာ ခံစားနေရသူ၊ စိတ်ဓာတ်ကျဆင်းနေသူများကို ထပ်တူခံစား နားလည်ပေးပြီး အားပေးစကား ပြောကြားပေးခြင်းဖြင့်ကူညီပါ။
ရေးသားသူ-ဒေါက်တာမှူးခင်
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။