brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အချစ်ဟောင်းကို ထိုင်ဆွေးနေရင် ဝိတ်ကျလာနိုင်

အချစ်ဟောင်းကို ထိုင်ဆွေးနေရင် ဝိတ်ကျလာနိုင်

အချစ်ဟောင်းကို ထိုင်ဆွေးနေရင် ဝိတ်ကျလာနိုင်

အသည်းကွဲတယ်၊ အမြဲဖီးလ်နေရတယ်၊ မမေ့နိုင်သေးဘူး ဆိုတာတွေက စိတ်ဖိစီးမှုပဲဖြစ်ပြီး ကျန်းမာရေးကိုထိခိုက်စေတယ်လို့ လက်ခံထားကြပါတယ်။ စိတ်ဖိစီးရင် အစားပိုစားမိတယ်၊ ပိုဝလာတယ်ဆိုပြီးတော့လည်း သိထားကြပါတယ်။ ဒါပေမယ့် ဒီတစ်ခါတွေ့ရှိချက်မှာတော့ အသည်းကွဲတာ၊ အချစ်ဟောင်းကို တမ်းတပြီးဆွေးနေတာက အဆိုးထဲကအကောင်းတစ်ခုဖြစ်လာနိုင်တာ သင်သိပါသလား။

အချစ်ဟောင်းကို မမေ့နိုင်ဘဲ မျက်ရည်ကျနေဆဲ ဆိုရင်တော့ ဝိတ်ချချင်တဲ့သူတွေအတွက် အဆင်ပြေနိုင်တယ်လို့ သုတေသနအသစ်ကဖော်ပြထားပါတယ်။

စိတ်ခံစားချက်ကြောင့် ငိုကြွေးခြင်းက ကိုယ်အလေးချိန်ျေလျာ့ကျစေနိုင်တယ်လို့ စိတ်ဖိစီးမှုဆိုင်ရာသုတေသီDr Pete Sulack ကပြောပါတယ်။

အသည်းကွဲဝေဒနာကြောင့်ဖြစ်လာတဲ့ မျက်ရည်တွေမှာprolactin၊adrenocorticotropicဟော်မုန်းနဲ့leucineenkephalin တို့လိုဟော်မုန်းတွေပါဝင်ပြီး ဒါတွေအားလုံးဟာ ကြီးမားတဲ့စိတ်ဖိစီးမှုကိုခံစားနေရတဲ့အချိန်မှာ လူခန္ဓါကိုယ်ကနေထွက်လာတတ်တဲ့ဟော်မုန်းတွေဖြစ်ပါတယ်။

စိတ်ဖိစီးမှုအတိုင်းအတာနဲ့သက်ဆိုင်တဲ့Cortisolဟော်မုန်းကလည်း ခန္ဓါကိုယ်မှာ အဆီတက်မတက်ကို ထိန်းညှိရာမှာဆက်နွှယ်နေပါတယ်။

“ adrenocorticotropicဟော်မုန်းတွေနည်းသွားရင် ခန္ဓါကိုယ်ရဲ့cortisol ပမာဏကိုလျော့နည်းစေနိုင်တယ်” လို့Sulack ကပြောပါတယ်။

ဒါ့ကြောင့် အားရပါးရ ငိုချလိုက်တာက ငိုပြီးတဲ့အခါ စိတ်ကိုတည်ငြိမ်စေပြီး စိတ်သက်သာစေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။

ငိုကြွေးခြင်းက ချွေးထွက်ခြင်းနဲ့ ဆီးသွားခြင်းတို့လို အရည်စွန့်ထုတ်မှုဖြစ်စဉ်တွေလိုပဲ ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို ဖယ်ရှားစွန့်ထုတ်ပေးနိုင်တယ်လို့ St. Paul-Ramsey Medical centre ရဲ့သုတေသနကဖော်ပြပါတယ်။ ဒီသတင်းကိုNew York Times မှာဖော်ပြထားတာပါ။

မျက်စိမှာတစ်ခုခုဖြစ်လို့ မျက်ရည်ကျတာ၊ ကြက်သွန်မွှန်လို့မျက်ရည်ကျတာတွေနဲ့စာရင် စိတ်ခံစားချက်ကြောင့် ထွက်လာတဲ့ မျက်ရည်တွေကမှstress hormonesတွေကို ဖယ်ရှားပေးနိုင်တာဖြစ်တယ်လို့ သုတေသနကပြောပါတယ်။

ဒါ့ကြောင့် ဝိတ်ကျချင်တယ်ဆို အရင်ကအမှတ်တရတွေ တွေးတွေးပြီး ထိုင်သာဖီးလ်ပေတော့။ အစားတွေတော့ စွတ်မစားမိဖို့ ထိန်းပေါ့နော်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။