brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ထိခိုက်မှုဖြစ်ပြီးနောက် စိတ်ဒဏ်ရာရနေတဲ့ မိသားစုဝင်ကို ဘယ်လိုဖေးမကူညီမလဲ

တကယ်လို့ သင့်မိသားစုဝင်တစ်ယောက်ယောက်ဟာ post trauma stress syndrome (PTSD) ကို ခံစားနေရရင် သူတို့ဟာ စတင်ပြီး ထူးကဲစွာ ဆက်ဆံတာကြောင့် သင်က စိတ်ရှုပ်ရပါလိမ့်မယ်။

ထိခိုက်မှုဖြစ်ပြီးနောက် စိတ်ဒဏ်ရာရနေတဲ့ မိသားစုဝင်ကို ဘယ်လိုဖေးမကူညီမလဲ

ဒီရောဂါရှိသူ မိသားစုတွေမှာ မိသားစုဝင်တွေဟာ ကြောက်ခြင်း၊ မိသားစုကြားဆက်ဆံရေးအတွက် စိတ်ပူခြင်း၊ မိသားစုကို ဘာတွေ ဖြစ်မယ်ဆိုတာ စဉ်းစားမိခြင်းတွေ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အရေးအကြီးဆုံးအချက်ကတော့ လူနာတွေက post trauma stress disorder ရဲ့ ပြဿနာတွေကို ကျော်လွှားဖို့အတွက် အခြားသူတွေဆီက ပံ့ပိုးမှုနဲ့ မေတ္တာလိုအပ်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။ တကယ့် ပြဿနာတွေကို နားလည်ခြင်းနဲ့ သေချာကုသခြင်းတွေဟာ သူတို့ကို ပြန်ကောင်းစေပြီး ဘဝကို ဆက်လျှောက်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။

Post trauma stress disorder နဲ့ ဆက်ဆံရေးအပေါ်သက်ရောက်မှုများ

Post trauma stress disorder ဟာ ဒဏ်ရာရရှိမှုဖြစ်ပွားအပြီး ဆက်ဖြစ်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ post trauma stress disorder ကို ရင်ဆိုင်နေရသူတွေဟာ စိတ်ရောဂါလက္ခဏာတွေဖြစ်တဲ့ စိတ်တိုလွယ်ခြင်း၊ အထီးကျန်ခြင်း၊ မေတ္တာလျော့နည်းခြင်း တွေဖြစ်နိုင်ပါတယ်။

အစမှာတော့ သူတို့ဟာ အကြောင်းရင်းကို မပြောလိုတာကြောင့် သင်ချစ်တဲ့သူရဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒီရောဂါနဲ့ လက္ခဏာတွေကို နားလည်လာတာနဲ့ အမျှသင့်ချစ်သူပေါ်မှာ ပိုအာရုံစိုက်လာနိုင်မှာဖြစ်ပါတယ်။

Post trauma stress disorder လက္ခဏာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • လူနာဟာ သူ၊ သူမရဲ့ အပြုအမူ၊ စိတ်ဓါတ်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပါဘူး။
  • ဆက်တိုက်ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း၊ မလုံခြုံတော့ဘူးလို့ ခံစားရခြင်း တွေဖြစ်ပြီး စိတ်တိုခြင်း၊ စိတ်ကျခြင်း၊ ဒေါသထွက်ခြင်း၊ ယုံကြည်မှု မရှိခြင်း တွေဖြစ်နိုင်ပါတယ်။
  • သူတို့ဟာ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေဖြစ်တဲ့ အစားအသောက်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ စိတ်ပူတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

Post trauma stress disorder ရှိသူလူနာတွေကို ဘယ်လိုကူညီမလဲ။

လူမှုရေးကူညီမှုပေးပါ။

Post trauma stress disorder ရှိသူ လူတွေဟာ အခြားသူတွေ၊ လူမှုရေး လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ ခက်ခဲပါတယ်။ သူတို့ဟာ မိသားစုတွေ၊ သူငယ်တွေနဲ့ အတူမနေလိုတော့ပါဘူး။ ဒါကြောင့် သူတို့ကို အခြားသူတွေနဲ့ စကားပြောဖို့ ဖိအားမပေးသင့်ပဲ သူတို့ စိတ်သက်သာမယ့်အခြေအနေမှာ ထားပြီး ခံစားချက်တွေကို နားလည်ပေးသင့်ပါတယ်။

သူတို့ကို ပြောင်းလဲဖို့ ဖိအားမပေးသင့်ပါဘူး။ စိတ်ရှည်ပြီး တည်ငြိမ်အောင်ကြိုးစားကာ အကောင်းမြင်ခြင်းဟာ သင်ချစ်တဲ့သူကို ကူညီဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

စိတ်ဖိစီးမှုကို ဘယ်လို ကျော်လွှားအောင်လုပ်ရမလဲဆိုတာ သိဖို့ အရေးအကြီးဆုံးဖြစ်ပြီး post trauma stress disorder အကြောင်း သိထားပါတယ်။ ဒီရောဂါအကြောင်း ပိုသိလေလေ သင်က လူနာဘာတွေ ခံစားနေရတယ်ဆိုတာ နားလည်နိုင်ပြီး ထောက်ပံ့နိုင်လေလေပဲ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ နားထောင်သူတစ်ယောက် ဖြစ်ပါစေ။

တခါတရံမှာ သင်ချစ်တဲ့သူက သူတို့ရဲ့ ဒဏ်ရာရရှိမှုအကြောင်း မပြောလိုတာကြောင့် သူတို့ဒီလိုလုပ်တဲ့အခါ သေချာနားထောင်သင့်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ ကြောက်ရွံ့မှု၊ စိတ်ပူမှု၊ အဆိုးမြင်မှုတွေကို ဖေါ်ပြလိုကြပါတယ်။

ဒါကြောင့် သူတို့ ခံစားမှုတွေကို လေးစားသင့်ပြီး စကားအများကြီးပြောအောင် ဖိအားမပေးသင့်ပါဘူး။ အကြံဉာဏ်ပေးစရာမလိုပါဘူး။ အကဲဖြတ်မှုတွေ၊ မျှော်လင့်ချက်တွေ မပါပဲ နားထောင်ဖို့ ကြိုးစားသင့်ပါတယ်။

ယုံကြည်မှု၊ လုံခြုံမှုကို ပြန်လည်တည်ဆောက်ပါ။

Post trauma stress disorder ရှိသူတွေဟာ ကမ္ဘာကြီးကို အန္တရာယ်ကြီးပြီး ကြောက်စရာကောင်းတဲ့နေရာ တစ်ခုအဖြစ် မြင်ကြပါတယ်။ သူတို့ဟာ ယုံကြည်စရာ လူတစ်ယောက်မှ မရှိဘူးလို့ ထင်ကြပြီး သူတို့ကို သူတို့တောင် မယုံကြည်ကြပါဘူး။

သူတို့ကို စိတ်လုံခြုံမှုရအောင် ပြန်လုပ်ပေးနိုင်တဲ့ အရာမှန်သမျှဟာ အကျိုးရှိပါတယ်။ သင်တို့ရဲ့ ဆက်ဆံရေးကို အလေးထားကြောင်းပြပြီး ကတိပေးပါ၊ ကတိအတိုင်းဆက်ဆံပါ။ ပြောတဲ့အတိုင်းလုပ်ခြင်းဟာ သင်ချစ်သူရဲ့ ယုံကြည်မှုနဲ့ စိတ်ချရမှုကို ပြန်လည် တည်ဆောက်နိုင်ပါတယ်။

ဖြစ်နိုင်တဲ့ အချက်တွေကို မျှော်လင့်ထားပြီး ဖြေရှင်းပါ။

လူတစ်ယောက်၊ နေရာတစ်ခု၊ အရာဝတ္ထုတစ်ခု၊ အခြေအနေတစ်ခုဟာ သူဖြစ်ခဲ့တဲ့ ဒဏ်ရာရရှိမှုနဲ့ အတိတ်က ဆိုးရွားတဲ့ အဖြစ်ဆိုးတွေကို ပြန်လည်မြင်ယောင်စေနိုင်ပါတယ်။

ဒါကြောင့် ဒီလိုဘယ်အရာတွေက ဖြစ်စေလဲဆိုတာ အချိန်ယူပြီး မှတ်ထားသင့်ပါတယ်။ ဥပမာ အမြင်အာရုံတစ်ခု၊ သီချင်း၊ အနံ့၊ နေ့ရက်၊ သဘာဝဖြစ်ရပ် အစရှိသည်တို့ဖြစ်ပါတယ်။ ပြီးရင်တော့ သင်ချစ်သူကို ဖြစ်စေတဲ့အရာတွေအကြောင်း ပြောသင့်ပြီး သူတို့ မကောင်းတဲ့ အကြောင်း စပြောလာခြင်းကို ကာကွယ်သင့်ပါတယ်။

သင့်ကိုယ်သင် ဂရုစိုက်ပါ။

Post trauma stress disorder လူနာတွေနဲ့ နေရခြင်းဟာ သင့်ကို စိတ်ရှုပ်စေပြီး စိတ်ပင်ပန်းစေပါတယ်။ သင့်ကိုယ်သင် ဘယ်လိုဂရုစိုက်မလဲဆိုတာ သိရှိသင့်ပြီး သင့်ဘဝအတွက်၊ သင်ဝါသနာပါတဲ့အလုပ်တွေအတွက် အချိန်ပေးခြင်းဟာ သင့်ကိုယ်သင် ဂရုစိုက်ဖို့ ကူညီပေးပြီး မြန်မြန်ပြန်နေကောင်းစေပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr . Phyu Mon Latt · 04/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။