စိတ်ရောဂါဆိုသည်မှာ ထင်ယောင်ထင်မှားဖြစ်ခြင်း သို့ မဟုတ် သွေးလေချောက်ချားခြင်းတို့ဖြစ်သော ပုံမှန်မဟုတ် သည့် စိတ်ကျန်းမာရေး အခြေအနေတစ်ခုကို ခေါ်ပါသည်။

ထင်ယောင်ထင်မှားဖြစ်ခြင်းသည် လွဲမှားစွာ ယုံကြည်ခြင်းဖြစ် ပြီး သွေးလေချောက်ချားခြင်းသည် တကယ်မရှိသော အရာ များကို မြင်ရကြားရခြင်းဖြစ်သည်။
စိတ်ရောဂါသည် စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်ဓါတ် ကျခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်မှုကို သက်ရောက်သော ရော ဂါများ၊ စိတ်နှစ်ခွဖြစ်သော ရောဂါများစသော စိတ်မကျန်းမာ မှုများ၏ အဓိကလက္ခဏာ ဖြစ်သည်။ ထို့ကြောင့် စိတ်ရောဂါ သည် အောက်ပါသူတို့တွင် အဖြစ်များပါသည်။
• စိတ်ကစဉ့်ကလျား ရောဂါရှိသူများ
• စိတ်နှစ်ခွရောဂါ ( စိတ်တက်ကြွလိုက် စိတ်ဓါတ်ကျ လိုက်) သို့မဟုတ် အလွန်အမင်း စိတ်ဓါတ်ကျမှု ရှိသူများ
• စရိုက်လက္ခဏာနှင့် ဆိုင်သော ရောဂါအချို့
အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် စိတ်ရောဂါ ဖြစ်နိုင်မှုကို လျော့ချနိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။
သင့်တွင် စိတ်ရောဂါရှိပါက အမှန်တရားအတိုင်း ဆက်သွယ်စဉ်းစားနိုင်မှု ဆုံးရှုံးလိမ့်မည်။ အစီအစဉ်တကျ မရှိသော တွေးခေါ်မှုများသည် ထူးဆန်းသော စကားပြောမှုကို ဖြစ်စေသည်။
ဥပမာ
• စကားလုံးများ တောင်စဉ်ရေမရ ပြောခြင်း။ စကားလုံးသည် အဓိပ္ပါယ် မရှိပါ။
• တွေးခေါ်လို့မရတော့ခြင်း ၊ အတွေးပိတ်ဆို့မှုများ ဖြစ်ခြင်း
• ထိုးထွင်းသိမြင်နိုင်မှု ဆုံးရှုံးခြင်း
အပြုအမှုများသည် ကိုးရို့ကားယားနိုင်ခြင်း၊ ထူးဆန်းခြင်း၊ ကြိုတင်မခန့်မှန်းနိုင်ခြင်း ဖြစ်နိုင်သည်။ သူတို့အား တစ်စုံတစ် ခုပြုလုပ်ရန် ပြောနေသော အသံများ ကြားရနိုင်သည် (အ ကြားဆိုင်ရာ ချောက်ချားမှုဖြစ်ခြင်း)။ အချို့လူနာများသည် သူတို့အား တစ်စုံတစ်ခု ပြုလုပ်ရန် ပြောနေသော ပုံရိမ်များ မြင်ရနိုင်သည် (အမြင်ဆိုင်ရာ ချောက်ချားမှုဖြစ်ခြင်း)။
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။
သင် သို့မဟုတ် သင့်မိသားစုဝင်များတွင် စိတ်ရောဂါ ဖြစ်သောသူရှိ ပါက ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ။ သင် သို့မဟုတ် သင့် မိသားစုဝင်သည် သင်ကိုယ်တိုင် သို့မဟုတ် အခြားသူများကို အန္တရာယ်ပြုနိုင်သည်ဟု ထင်ပါက သူ သို့မဟုတ် သူမအား စိတ်ကျန်းမာရေးဆေးရုံတို့ ခေါ်သွားသင့်သည်။ ထိုမှသာ ဆိုးကျိုးများ မဖြစ်စေရန် ရှောင်နိုင်မည်ဖြစ်သည်။
စိတ်ရောဂါဖြစ်စေသော အကြောင်းရင်းကို မသိရှိပါ။ လူမှု ရေး၊ မျိုးဗီဇ၊ ပတ်ဝန်းကျင်၊ စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင် ရာ အချက်များ ပေါင်းစည်းမှုကြောင့် ဖြစ်လာသည်ဟု ထင်ရ သည်။
ပါကင်ဆန်ရောဂါနှင့် တက်ခြင်းတွင် သုံးသောဆေးများ၊ စတီးရွိုက်၊ ဓါတုကုထုံး၊ တရားမဝင်ဆေးများ (ဥပမာ- ကိုကိန်း၊ အရက်၊ အန်ဖက်တမင်း ၊ ဆေးခြောက်) တို့ သည် စိတ်ရောဂါကို ဖြစ်စေနိုင်သည်။
စိတ်ရောဂါသည် အခြားရောဂါများ၏ လက္ခဏာတစ်ခု လည်းဖြစ်နိုင်ပါသည်။ ဥပမာ- ခုခံအားကျဆင်းမှု ကူးစက် ရောဂါ (HIV ကူးစက်ခြင်း)၊ ပါကင်ဆန်ရောဂါ၊ ငှက်ဖျားရောဂါ၊ လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ် နှင့် အတက်ရောဂါတို့ ဖြစ် သည်။
လေ့လာမှုများအရ မျိုးဗီဇသည် အခန်းကဏ္ဍတစ်ခု အနေ ဖြင့် ပါဝင်သည်ဟု တွေ့ရသည်။ ဆင်တူအမြွှာနှစ်ယောက်တွင် တစ်ဦးတွင် စိတ်ရောဂါဖြစ်ပါက အခြားတစ်ဦးတွင် ဖြစ်နိုင်ရန် ၅၀ရာခိုင် နှုန်းရှိသည်။ သင်၏ ဆွေမျိုးရင်းချာ မိသားစုဝင် (မိဘ သို့မဟုတ် မောင် နှမ) တွင် စိတ်ရောဂါရှိပါက သင်သည် စိတ်ရောဂါ ဖြစ် နိုင်ချေ မြင့်ပါသည်။
22q11 delection syndrome ဟုခေါ်သော မျိုးဗီဇ ပြောင်းလဲခြင်း ဖြင့် မွေးဖွားလာသော ကလေးသည် စိတ် ရောဂါဖြစ်နိုင်ချေ မြင့်ပါသည်။ အထူးသဖြင့် စိတ်ကစဉ့် ကလျား ရောဂါဖြစ်သည်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
တစ်စုံတစ်ဦးအား စိတ်ရောဂါရှိသည်ဟု သံသယရှိပါက ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်း၊ ခန္ဓါကိုယ်စစ်ဆေးခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း တို့ဖြင့် ရောဂါ အဖြေရှာမှုကို ပြုလုပ်နိုင်သည်။ ထိုလုပ်ငန်းစဉ်တွင် ဆရာဝန် သည်လူနာ၏ အပြုအမှုအား စောင့်ကြည့်ကာ သူ၊ သူမ အကြောင်း မေးခွန်းများ မေးပါလိမ့်မည်။
ထပ်မံ၍ ဆရာဝန်သည် အခြား ရောဂါများကို ဖယ်ထုတ် ရန် စစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မည်။ သွေးစစ်ခြင်း၊ ဦးနှောက် အား သံလိုက်နှင့် ကွန်ပျူတာဓါတ်မှန် ရိုက်ခြင်းတို့ ပြုလုပ်ပါသည်။ ကျောရိုး ဖောက်၍ ဦးနှောက်ရည်ကြည် စစ်ဆေးခြင်းကိုလည်း ရောဂါပိုးကူးစက်မှု၊ ကင်ဆာနှင့် အခြား စိတ်ရောဂါဖြစ်စေသော အကြောင်းများကို စစ်ဆေးရန် လုပ် ဆောင်နိုင်သည်။
Neuroleptics ဟုခေါ်သော ဆေးများကို ထူးဆန်းပြီး ကြိုတင်မခန့်မှန်းနိုင်သော အပြုအမှုရှိသူများကို ကုသရန် အသုံးပြုနိုင်သည်။ သူတို့ကို သူတို့ သို့မဟုတ် အခြားသူများ ကို ထိခိုက်မှုပြုခြင်းမှ ကာကွယ်ရန် ဖြစ်သည်။ ထိုဆေးများ တွင် haloperidol နှင့် benzodiazepines တို့ပါဝင်သည်။ စိုးရိမ်ပူပန်မှုများအတွက် သုံးသောဆေးများဖြစ်သည်။
(ဥပမာ Lorazepam, alprazolam)
ကုသမှုသည် ဖြစ်စေသောအကြောင်းရင်းပေါ်မူတည်ပါ သည်။
• စိတ်ဓါတ်ကျခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း စသော စိတ်မကျန်းမာမှုများအတွက် စိတ်ရောဂါ အထူးကုသည် စိတ်ကျရောဂါဆေးများ၊ စိတ်ရောဂါ ပျောက်ဆေးများဖြင့် ကုသလိမ့်မည်။
• ပါကင်ဆန်ရောဂါနှင့် အတက်ရောဂါ ဖြစ်သူများကို ထိုရောဂါများအတွက် ဆေးများသောက်ခိုင်းလိမ့် မည်။
• ဆေးစွဲနေသူများအတွက် (ဥပမာ- အရက်၊ မူးယစ် ထုံထိုင်းဆေး) ဆွေးနွေးလမ်းညွှန်မှုများကို လုပ် ဆောင်ပါမည်။
သိမြင်ခြင်း အပြုအမှုကုထုံးဖြင့်လည်း ကုသနိုင်သည်။ သိ မြင်ခြင်းကုထုံးသည် လူနာများအား အချို့တွေးခေါ်မှု အစဉ် များက ရောဂါလက္ခဏာများကို ဘယ်လိုဖြစ်စေသလဲကို သင် ပြပေးသည်။ အပြုအမှုကုထုံးသည် လက္ခဏာများအကြောင်း စိုးရိမ်ခြင်း နှင့် ထိုလက္ခဏာများကို တုံ့ပြန်ခြင်း ကြားရှိ ဆက်နွယ်မှုကို ဖြတ်တောက်ပေးသည်။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် စိတ်ရောဂါကို ထိန်းချုပ်နိုင်ပါသည်။
• ရေရှည် ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ရန် စိတ်ရောဂါအထူးကု ဆရာဝန် လိုအပ်ပါသည်။
• စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း ဖြစ်ပါက ဆရာဝန် အား အကြောင်းကြားပါ။
• အမှန်တကယ်မရှိသော အရာများ အသံများ မြင်ရ ကြားရပါက ဆရာဝန်အား အကြောင်းကြားပါ။
• ဆေးများ မသုံးပါနှင့်။ အရက်၊ အန်ဖက်တမင်း၊ ကိုကိန်း၊ အိပ်ဆေးများ နှင့် စိတ်ပူပန်မှုကို ပျောက် စေသော ဆေးများသည် စိတ်ရောဂါကို ဖြစ်စေနိုင် သည်။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ