brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

စိတ်ကျခြင်း၏အတွေ့ရများသောလက္ခဏာများ

စိတ်ကျခြင်း၊ စိတ်ကျ၍ကစဉ့်ကလျားဖြစ်ခြင်းဟုလည်းသိသည့်ရောဂါသည် အဖြစ်များသောစိတ်ရောဂါဖြစ်သည်။ ၎င်းသည် သင်တွေးပုံ၊ ခံစားပုံ၊ သင်နေ့စဉ်လှုပ်ရှားမှုပြုလုပ်ပုံတို့ကို သက်ရောက်နိုင်သည်။ သို့သော် စိတ်ကျရောဂါ၏ လက္ခဏာများကို သိပါသလား။ ဤဆောင်းပါမှ စိတ်ကျရောဂါ၏ အဖြစ်များသော ရောဂါလက္ခဏာများကို ဖော်ပြပါမည်။

စိတ်ကျခြင်း၏အတွေ့ရများသောလက္ခဏာများ

လူကြီးများရှိ ရောဂါလက္ခဏာများ

အောက်ပါ အချက်များသည် လူကြီးများတွင်ဖြစ်သော စိတ်ကျရောဂါ၏ ရောဂါလက္ခဏာများဖြစ်ပါသည်။

• ဝမ်းနည်းခြင်း၊ စိုးရိမ်ခြင်း၊ ဘာမှမရှိဟုခံစားရခြင်း

• မျှော်လင့်ချက်မဲ့သည်ဟု ခံစားရခြင်း

• ကိစ္စအသေးအဖွဲကိုတောင် စိတ်ဆိုးခြင်း

• ပင်ပန်းပြီး အားအင်ကုန်ခမ်းခြင်း

• ယခင်က စိတ်ဝင်စားစွာလုပ်ခဲ့သည့် အရာများကို မလုပ်ချင်တော့ခြင်း

• အိပ်ရေးမဝခြင်း(သို့) အလွန်အမင်းအိပ်ခြင်း

• အတွေးများ(သို့) လှုပ်ရှားမှုများနှေးခြင်း

• အာရုံစူးစိုက်ရန် ခက်ခဲခြင်း

• အကြောင်းရင်းမသိဘဲ ကျောအောင့်ခြင်း၊ ခေါင်းကိုက်ခြင်း

• အပြစ်ရှိသည် တန်ဖိုမဲ့သည်ဟုခံစားရခြင်း။ အခြားသူများ၏ အမှားကို မိမိကိုယ်ကို အပြစ်တင်ခြင်း။

• မိမိကိုယ်ကို သတ်သေသည့်အတွေးများရှိပြီး ကိုယ့်ကိုယ်ကို သတ်သေရန်တောင် ကြိုးစားခြင်း။

အကယ်၍သင်သည် အထက်ပါလက္ခဏာများကို ၂ပတ်နှင့် အထက် တွေ့ကြုံရပါက စိတ်ကျရောဂါရှိနေနိုင်သည်။ အခြေအနေစစ်ဆေးရန် ဆရာဝန်ဆီသွားတွေ့သင့်သည်။

ကလေးများ ဆယ်ကျော်သက်များတွင် တွေ့ရသော လက္ခဏာများ

ကလေးများနှင့် ဆယ်ကျော်သက်များရှိ လက္ခဏာများသည် လူကြီးများနှင့် ကွဲပြားပါသည်။

• ကလေးများတွင် သူတို့သည် ဝမ်းနည်းခြင်း၊ စိတ်တိုခြင်း၊ စိုးရိမ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကျောအောင့်ခြင်းတို့ ခံစားရနိုင်သည်။ ကျောင်းကို မသွားချင်သည့် အပြင် အစာစားရာတွင်လည်း ပြဿနာများရှိနိုင်သည်။

• ဆယ်ကျော်သက်များတွင် ဝမ်းနည်းခြင်း၊ အဆိုးမြင်များ တွေးခြင်း၊ တန်ဖိုးမရှိဟုတွေးခြင်း၊ စိတ်တိုခြင်း၊ ဆတ်ဆတ်ထိမခံခြင်းတို့ ခံစားရသည်။ သူတို့၏ လုပ်ဆောင်မှုများသည် မကောင်းဟုတွေးကာ ဆရာ၊ဆရာမများ ပြောသည့်အကြောင်းအရာများအားလုံးကို နားမလည်ခြင်းတို့ဖြစ်တတ်ပါသည်။ ထို့ပြင် အရက်နှင့် ဆေးလိပ်ကို ပြဿနာဖြေရှင်းရန် အသုံးပြုကြသည်။

အသက်အရွယ်ကြီးသူများတွင် တွေ့ရသောလက္ခဏာများ

အသက်ကြီးသူများတွင် လက္ခဏာများကို သတိမထားမိပါ။ အကြောင်းမှာ အသက်ကြီး၍ဖြစ်သည့် ပုံမှန်လက္ခဏာဟုတွေးခြင်းကြောင့် ဖြစ်သည်။ သို့သော် အသက်ကြီးသူများရှိ စိတ်ကျရောဂါသည်ကုသဖို့ လိုပါသည်။ အောက်ပါတို့သည် အဖြစ်များသော လက္ခဏာများဖြစ်သည်။

• မှတ်မိရန် ခက်ခဲခြင်း

• ခေါင်းကိုက်ခြင်း

• အားအင်ကုန်ခမ်းခြင်း

• အိပ်ခြင်းနှင့် ပတ်သက်၍ပြဿနာများရှိခြင်း

• တန်ဖိုးမရှိခြင်းနှင့် အကူအညီမဲ့သည်ဟုခံစားရခြင်း

• အပြင်ထွက်ခြင်းထက် အိမ်တွင်ပို၍နေခြင်း

• မိမိကိုယ်ကို သတ်သေမည့်အတွေးများရှိခြင်း

အထက်ပါ စာရင်းများသည် စိတ်ကျရောဂါ၏ဖြစ်နိုင်သော လက္ခဏာများဖြစ်သည်။ အချို့လူများတွင် လက္ခဏာအားလုံးကို တွေ့ကြုံနိုင်သည်။ သို့သော် အချို့တွင် လက္ခဏာအနည်းငယ်သာတွေ့ကြုံရသည်။ သင့်တွင် စိတ်ကျရောဂါ ရှိမရှိကို ဆုံးဖြတ်နိုင်ရန် ဤလက္ခဏာများကို အခြေခံ၍စဉ်းစားနိုင်သည်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Kaung Thar · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။