brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

စိတ်ဓါတ်ကျနေတာက ဆောင်းရာသီကြောင့်များလား

ရာသီဥတုေအးအေးလေးကဆွေးစရာလေးနော်။ အနုပညာသမားတွေအတွက်ခံစားလို့ကောင်းတဲ့ရာသီဥတုပါနော်။ ဒါပေမယ့်အေးတဲ့ရာသီဥတုက လွမ်းမောလွန်းရင်တော့ စိတ်ဓါတ်ကျတဲ့အထိဖြစ်သွားနိုင်ပါတယ်။ အခုတလောစိတ်ဓါတ်ကျနေတာက သင့်မှာစိတ်ဖိစီးနေတာထက်အေးမြတဲ့ ရာသီဥတုကြောင့်လည်းဖြစ်နေနိုင်ပါတယ်နော်။

စိတ်ဓါတ်ကျနေတာက ဆောင်းရာသီကြောင့်များလား

စိတ်ဓါတ်ကျနေတာက ဆောင်းရာသီကြောင့်များလား

ရာသီဥတုအေးရင် တကယ်စိတ်ဓါတ်ကျသလား

ရာသီဥတုအခြေအနေပေါ်မှာမူတည်ပြီး စိတ်အခြေအနေပြောင်းလဲနိုင်ပါ။ ဒီအခြေအနေကို ရာသီဥတုအခြေအနေကြောင့်ဖြစ်တဲ့ စိတ်အခြေအနေပြောင်းလဲမှုလို့ခေါ်ပါတယ်။ ဒီအခြေအနေကို ရာသီဥတုပြောင်းလဲမှုဖြစ်တဲ့အချိန်တိုင်းမှာခံစားရနိုင်ပါတယ်။ဆောင်းတွင်းဝင်စမှာ ခံစားရနိုင်သလိုဆောင်းကုန်ခါနီးနမှာလည်းခံစားရနိုင်ပါတယ်။ ဒါကဘာကြောင့်ဖြစ်ရတာလဲဆိုတော့ အအေးပိုကဲလာပြီးနေရောင်ကိုထိတွေ့ရချိန်နည်းသွားတာကြောင့်ဖြစ်နိုင်ပါတယ်။

လူအများစုက ရာသီဥတုအေးတဲ့အချိန်မှာ ချမ်းအေးမှုနဲ့နေရောင်နွေးနွေးနဲ့ထိတွေ့ခွင့်ရတာနည်းတာကြောင့် လူကစိတ်ဓါတ်ကျနိုင်ပါတယ်။ စိတ်ဓါတ်ကျရောဂါအခံရှိသူတွေက ဒီအချိန်မှာ ပိုပြီးစိတ်ဓါတ်ကျနိုင်ပါတယ်။ ရာသီဥတုအေးတာက လူကိုပျင်းရိစေပြီး စိတ်ခံစားမှုကို ထိုင်းမှိုင်းစေတာတော့အမှန်ပါ။ အအေးဒဏ်ပိုခံရလေလေ ရာသီဥတုကြောင့် စိတ်ဓါတ်ကျမှုဝေဒနာကို ပိုခံစားရနိုင်လေလေပါ။

ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ

  • အချိန်တော်တော်များများမှာ စိတ်ဓါတ်ကျနေနိုင်တယ်။နေ့တိုင်းနီးပါး စိတ်ဓါတ်ကျနေနိုင်ပါတယ်။
  • အရင်ကစိတ်ဝင်စားတဲ့အလုပ်တွေကို မလုပ်ချင်မကိုင်ချင်ဖြစ်နေမယ်။
  • အားမရှိသလိုခံစားနေရမယ်
  • အိပ်မပျော်ဘူးဖြစ်နေမယ်
  • စားချင်စိတ်မရှိတာမျိုးဖြစ်နေမယ်
  • ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်နေမယ်။
  • အရမ်းအိပ်နေမိမယ်။
  • ကာဗိုဟိုက်ဒရိတ်တွေပိုစားချင်မိနေတာမျိုးဖြစ်နိုင်တယ်။
  • ကိုယ်အလေးချိန်တက်လာနိုင်တယ်။
  • ခြေကုန်လက်ပမ်းကျေနနိုင်တယ်။
  • ထိုင်းမှိုင်းလေးကန်နေမယ်။ စိတ်တိုစိတ်ဆတ်လွယ်နေမယ်။
  • အာရုံစိုက်ရခက်နေမယ်။
  • မျှော်လင့်ချက်မဲ့သလိုဖြစ်နေမယ်။ ကိုယ့်ကိုကိုယ် အပြစ်ရှိသူလိုခံစားနေရမယ်။
  • တစ်ခါတလေအရာရာကိုစိတ်ကုန်ပြီး ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်တောင်ဖြစ်မိနိုင်ပါတယ်။

ပြဿနာသိရင် အဖြေရှိပါတယ်။ တကယ်လို့ သင့်အနေနဲ့ဆောင်းအေးတာကြောင့် စိတ်ဓါတ်ကျနေရင် အခုပြောမယ့်နည်းလေးတွေကို လက်တွေ့အသုံးချပြီး တွန်းလှန်လိုက်ပါ။

လှုပ်လှုပ်ရှားရှားလေးနေပါ

ကိုယ်လက်လှုပ်ရှားမှုက စိတ်ဓါတ်ကျတာကို သက်သာစေနိုင်ပါတယ်။ မနက်ခင်း အပြေးလေ့ကျင့်တာမျိုး၊အေရိုးဗစ်ဆော့တာမျိုးက အထောက်အကူဖြစ်မှာ အသေအချပါ။ ကိုယ်လုပ်နိုင်မယ့်လေ့ကျင့်ခန်းတစ်ခုခုကို ပုံမှန်လုပ်ပေးပါ။

ဆောင်းအေးအေးနဲ့ခွေမနေပါနဲ့။တောင်တောင်မြောက်မြောက်လျှောက်တွေးရင်း စိတ်ဓါတ်ပိုကျသွားနိုင်ပါတယ်။ သဘာဝကပေးတဲ့ ဗီတာမင် D အရင်းအမြစ်နေရောင်နွေးနွေးလေးနဲ့ ထိတွေ့ပေးလို့ ကျနေတဲ့ စိတ်ဓါတ်လေးကိုကောက်တင်ရအောင်လား။

အချိန်ဇယားဆွဲပါ

အလုပ်တွေကို လက်နဲ့မပြတ်လုပ်နေရင် လူက စိတ်ဓါတ်ကျနိုင်ခြေတော်တော်လေးနည်းသွားပါပြီနော်။ ဒါကြောင့် ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့်အချိန်ဇယားတစ်ရပ်ကို ကိုယ်တိုင်ရေးဆွဲပါ။ အိပ်ချိန်နဲ့ စားချိန်ကိုလည်းသေချာလေးထည့်ဆွဲပါနော်။

ခရီးထွက်တာက စိတ်ဖိစီးမှုတွေကို အဝေးကိုလွှင့်ပစ်နိုင်မယ့် နည်းလမ်းကောင်းတစ်ရပ်ပါ။ ဒါကြောင့် ခရီးရှည်မဟုတ်ရင်တောင် တစ်ညအိပ်လောက်ဖြစ်ဖြစ် အလုပ်တွေကိုမေ့ပြီးပျော်ပျော်ရွှင်ရွှင် ခရီးထွက်လိုက်ပါ။

ရယ်စရာရုပ်ရှင်ကြည့်ပါ

ပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ချစ်သူနဲ့ဖြစ်ဖြစ် ရယ်စရာကောင်းတဲ့ ရုပ်ရှင်မျိုးကြည့်ပြီး စိတ်လက်ပေါ့ပါးစွာ ရယ်ချလိုက်ပါ။ ဒါကလည်း စိတ်လက်ပေါ့ပါးသွားစေပြီး စိတ်ခံစားမှုကောင်းမွန်လာစေနိုင်ပါတယ်။

ကဲ စိတ်ဓါတ်ကျနေလား၊ ရာသီဥတုကြောင့်လား၊ အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းလေးတွေကို အကောင်အထည်ဖော်လို့ စိတ်ဓါတ်လေးကိုမြှင့်တင်လိုက်ရအောင်နော်။ စိတ်ဖိစီးမှုကင်းပြီးပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/06/2022 ဖြစ်ပါသည်။