ချစ်သူဘဝကနေ မိသားစုလေးတစ်ခု စတင်ဖန်တီးတော့မယ်လို့ စဉ်းစားနေပြီလား။ အတွေးထဲက ကြင်စဦးမိသားစုဘဝလေးက အရမ်းကိုလှပနေမှာပါပဲ။ ရုပ်ရှင်ထဲတော့ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ နေရ ဆိုပဲ။ ဒါပေမယ့် တကယ်တမ်းပြင်ဆင်ပြီဆိုရင်တော့ ဒီထက်ပိုပြီး လက်တွေ့ဆန်လာပါတော့မယ်။ ဘဝဆိုတာ အချစ်တစ်ခုတည်းမှ မပြီးတာလေ။
ဒါဆို ရှေ့ရေးအတွက် နှစ်ဦးသား ဘာတွေတိုင်ပင်ပြီးပြီလဲ။ စွယ်တော်ရွက်လေးတွေအတွက် အကောင်းဆုံးအကြံဉာဏ်တွေးကြည့်ရအောင်နော်။ အရင်ဆုံး နှစ်ဖက်မိဘ ကိုအသိပေးလို့ ကြည်ဖြူသဘောတူညီမှုကို ရထားဖို့လိုပါတယ်။ ဒါဟာလည်း သာယာပျော်ရွှင်ရတဲ့ မင်္ဂလာတစ်ခုဖြစ်လာဖို့ အရေးပါတဲ့အချက်တစ်ခုပါပဲ။ သဘောတူကြတယ်ဆို နှစ်ကိုယ်ကြားတိုင်ပင်ဖို့ပဲ ကျန်ပါတော့တယ်။ အရေးကြီးဆုံး အချက် (၅) ချက်ကို အကြံပြုပေးလိုက်ပါတယ်။
(၁) ချစ်သူချင်းဆက်ဆံရေးကို သုံးသပ်ပါ
ကိုယ့်ချစ်သူကို တကယ်ယုံကြည်ပြီလား၊ ယုံလို့ရောရလားသုံးသပ်ဆုံးဖြတ်ပါ။ ယုံကြည်မှုဆိုတာ ချစ်သူတွေအတွက် အဓိကကျတဲ့အရာတစ်ခုဖြစ်တာကြောင့် ယုံကြည်မှုကို တည်ဆောက်ပြီးချိန်မှ လက်ထပ်ဖို့စဉ်းစားသင့်ပါတယ်။
မိဘအိမ်မှာပဲ အတူနေကြမှာလား၊ အိမ်ဝယ်မှာလား၊ အိမ်ငှားမှာလား ဆိုတာတော့ အရင်ဆုံးတိုင်ပင်ရပါလိမ့်မယ်။ ဟိုးရှေးကလို တဲအိုပျက်လည်းရှိမရှိတာလေ။ ကိုယ်တွေစုထားဆောင်းထားတာလေးတွေနဲ့ပြင်ဆင်မလား၊ မိဘတွေကကူညီထောက်ပံ့မှာလားဆိုတာတော့ အခြေအနေချင်းမတူညီကြဘူးပေါ့နော့။
(၃) ဝင်ငွေအခြေအနေဘယ်လိုရှိလဲ
မိသားစုအသစ်စက်စက်လေးကို တည်ဆောက်တော့မှာဖြစ်တဲ့အတွက် အရာရာအသစ်တွေချည်းပါပဲ။ တစ်ကနေစတင်တဲ့အချိန် လိုအပ်တာတွေဖြည့်ဆည်းနိုင်ဖို့ ကိုယ်တိုင်ရပ်တည်နိုင်ရပါမယ်။ ပြောရရင် ကိုယ့်အထွာနဲ့ကိုယ် ထိုက်သင့်တဲ့အတိုင်းအတာတော့ ဝင်ငွေရှိသင့်တဲ့အချိန်ဖြစ်ပါတယ်။
(၄) သားသမီးဘယ်အချိန်ယူမှာလဲ
အိမ်ထောင်ပြုပြီးရင် ကလေးဘယ်တော့ယူမှာလဲ၊ ဘယ်နယောက်ယူမှာလဲ စတဲ့ မိသားစုစီမံကိန်းကိုလည်း ကြိုပြီးတိုင်ပင်ညှိနှိုင်းသင့်တယ်နော်။ ဒီအချက်ကို ဖယ်ထားလို့ဘယ်ရမလဲ။ ကိုယ်တို့နှစ်ဦးရဲ့မျိုးဆက်သစ်ရတနာလေးတွေဆိုတာ မိသားစုမှာအရေးကြီးဆုံးဖြစ်လာတော့မှာ။
(၅) မိသားစုရှေ့ရေးအတွက် ဘာတွေအစီအစဉ်ရှိလဲ
ကိုယ်တိုင်တည်ဆောက်တဲ့မိသားစုလေးအတွက်ငွေရှာမယ်၊ကျွေးမွေးမယ်၊စောင့်ရှောက်မယ်ဆိုတာနဲ့ မပြီးပါဘူး။နောင်ရေးအတွက် စုတာဆောင်းတာ အစီအစဉ်တစ်ခုခုရှိထားသင့်ပါတယ်။ ဥပမာ – ဘဏ်မှာငွေစုထားမလား၊ လုပ်ငန်းလေးလုပ်ထားမလား စတာတွေပေါ့။ ဒီနေရာမှာ အရင်ကတွေးလေ့မရှိကြတာတစ်ခုက မိသားစုအတွက် အာမခံတစ်ခုခုထားဖို့ပါပဲ။ လက်ထပ်ကာစမှာ ဘာလို့အာမခံထားသင့်လဲဆိုတော့ စတဲ့အချိန်စောလေ အာမခံကြေးက ပိုတန်ဖိုးများလေမို့လို့ပါပဲ။ အသက်အာမခံ၊ကျန်းမာရေးအာမခံ၊ သဘာဝဘေးအာမခံ၊ ပိုင်ဆိုင်မှုအာမခံ စတဲ့အမျိုးအစားအစုံရှိပါတယ်။ မိသားစုမှာ ဆုံးရှုံးနစ်နာတာတစ်စုံတစ်ခုရှိလာတာနဲ့ဖြေရှင်းပေးမယ့် အကူအညီရနိုင်တာပေါ့။
သာယာပျော်ရွှင်ရတဲ့ မိသားစုအသိုက်အမြုံလေးတည်ဆောက်မယ့် သူတွေအတွက် ဒီအချက်လေးတွေကိုထည့်စဉ်းစားသင့်ပါတယ်နော်။