လူတွေဟာ မွေးဖွားလာတဲ့ အချိန်ကစပြီး တဦးနဲ့တဦး ဆက်သွယ်ဖို့ ကြိုးစားကြပါတယ်။။ ချစ်ခြင်းမေတ္တာဟာ လူတယောက်နဲ့ တယောက်ကြားမှာ ဆက်သွယ်ပေးနိုင်တဲ့ အလှပဆုံး နဲ့ အားအင်အရှိဆုံးအရာပါ။၁၅၀၀ချစ်ခြင်းကနေ အသည်းကွဲ ပူဆွေးတာတွေ နာကျင်ရတာတွေ ခံစားရတယ်လို့ လူအများစုက ဆိုကြပေမယ့် ပျော်ရွှင်ပြီး တည်ငြိမ်တဲ့ သမီးရည်းစား၊အကြင်လင်မယား ဆက်ဆံရေးဟာ ကျန်းမာရေးအတွက် များစွာ အကျိုးကျေးဇူး ဖြစ်စေတယ်လို့ဆိုပါတယ်။
(၁) ကျန်းမာရေးပိုကောင်းမယ်။
အိမ်ထောင်ရှိသူတွေဟာ လူပျိုလူလွတ်တွေထက် ကျန်းမာရေးပိုကောင်းပြီး ဖျားနာခဲတယ်လို့ ဆိုပါတယ်။ တကယ်လို့ ဖျားပြီနာပြီဟေ့ဆိုရင်တောင် မြန်မြန်ဆန်ဆန်ပဲ ပြန်ကောင်းသွားတတ်ကြပါသတဲ့။ ဒါဟာဘာလို့လဲဆိုတော့ လူတွေဟာ သူတို့ရဲ့ လူမှုဆက်ဆံရေးလိုဘတွေ ပြည့်ဝနေရင် ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ပိုပြီးကောင်းကောင်း အလုပ်လုပ်လို့ပါလို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ဒါတင်မကသေးပါဖူး အိမ်ထောင်ရှိသူတွေဟာ မိမိကိုယ်ကိုလည်း ပိုပြီး ဂရုတစိုက်ရှိတတ်ကြပါတယ်တဲ့။ ဒီလိုမဟုတ်ဖူးဆိုရင်တောင် ကြင်နာယုယ ဂရုစိုက်တတ်တဲ့ ချစ်ခင်ပွန်း/ချစ်ဇနီးက သင့်ကို အချိန်မှန်မှန်အိပ်၊အချိန်မှန်မှန်စားဖို့နဲ့ ကျန်းမာရေးထိခိုက်စေတာတွေကို မလုပ်ဖို့ တချိန်လုံး သတိပေးနေမှာ၊ဂရုစိုက်နေမှာဖြစ်လို့ သင့်အနေနဲ့ ကျန်းမာရေး ပိုကောင်းလာမှာပါ။
(၂) စိတ်ဓါတ်ကျအထီးကျန်တာတွေ၊မူးယစ်ဆေးစွဲတာတွေ နည်းသွားမယ်။
အထီးကျန်တာဟာ စိတ်ကျဝေဒနာဆီကို ဆိုးဆိုးရွားရွား ဦးတည်စေတာမို့ အိမ်ထောင်သည်စုံတွဲတွေမှာတော့ ဒါမျိုးပြဿနာက ရှားပါးပါတယ်။ အိမ်ထောင်ရှိလာပြီဆိုရင် အရက်တို့၊မူးယစ်ဆေးတို့ သုံးဖို့ကိုလည်း ပိုဆင်ခြင်ဖြစ်တာပေါ့။
(၃) သွေးမတိုးဖူး
လေ့လာချက်တခုအရ စိတ်ကျေနပ်မှုရှိပြီး ပျော်ရွှင်တဲ့ အိမ်ထောင်သည်တွေရဲ့ သွေးပေါင်ချိန်ဟာ အကောင်းဆုံး၊အသင့်တော်ဆုံး အခြေအနေမှာ ရှိပါသတဲ့။ သူ့နောက်က ဒုတိယလိုက်တာက လူလွတ်တွေဖြစ်ပြီး စိတ်ဆင်းရဲစရာ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူတွေကတော့ အဆိုးဆုံးပါပဲတဲ့။ ဒီလေ့လာချက်အရ ကျွန်တော်တို့သိနိုင်တာက လက်ထပ်ထားရုံ၊အိမ်ထောင်ရှိရုံသာမဟုတ် အဲဒီ အိမ်ထောင်သာယာပျော်ရွှင်ဖို့ကလည်း အရေးကြီးတယ်ဆိုတာပါပဲ။FA တွေလည်း အားငယ်စရာ မလိုပါဖူး။ အိမ်ထောင်မရှိပေမယ့် မိသားစု၊အပေါင်းအသင်း၊လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ရွှင်နေရတယ်၊သာယာနေတယ်ဆိုရင် ပြဿနာမရှိပါဖူး။ အေးဆေးပါပဲတဲ့။
(၄) နာကျင်ခြင်းတွေကို လျော့ပါးစေမယ်
သုတေသနပြုချက်တွေအရ ချစ်ခြင်းမေတ္တာဟာ လူတွေကို နာကျင်ခြင်းဝေဒနာကနေ ကျော်လွှားနိုင်ဖို့ ကူညီပေးပါသတဲ့။ အိမ်ထောင်သည်တွေဟာ ခေါင်းကိုက်တာ၊နောက်ကျောနာတာအောင့်တာမျိုး ဖြစ်ခဲပါသတဲ့။ ထင်ရှားတဲ့ စမ်းသပ်မှုတခုအရ အိမ်ထောင်သည်စုံတွဲ ၁၆တွဲကို လျှပ်စစ်စီးနေတဲ့နေရာကို ကိုင်ခိုင်းဖို့ ခြိမ်းခြောက်စေခိုင်းတဲ့အခါ ခင်ပွန်းရဲ့ လက်ကိုကိုင်ထားခွင့်ရတဲ့ အမျိုးသမီးတွေရဲ့ ဦးနှောက်ထဲမှာရှိတဲ့ စိတ်ဖိစီးမှုကို တုန့်ပြန်နိုင်တဲ့ အစိတ်အပိုင်းနေရာလေးဟာ သိပ်ပြီး အလုပ်လုပ်စရာ မလိုဖူးဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ချစ်ခြင်းမေတ္တာဟာ စိတ်ဖိစီးမှုကို ကျော်လွှားနိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ လူတွေဟာ သူတို့ချစ်ခင်မြတ်နိုးသူတွေရဲ့ အားပေးဖေးမမှုကို ရတဲ့အခါ စိန်ခေါ်မှုတွေကို ပိုပြီးရင်ဆိုင်နိုင်စွမ်း ရှိလို့ပါပဲ။
အမျိုးသားတွေမှာ ရုတ်တရက် ရင်ဘတ်ထိုးအောင့်တာတွေ နဲ့ အစာအိမ်၊အူလမ်းကြောင်းအနာတွေ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်တယ်။
တကယ်လို့ သင်ဟာ အမျိုးသားတယောက်ဖြစ်တယ်ဆိုရင် သင်ဟာ ချစ်ခြင်းမေတ္တာရဲ့ အကျိုးကျေးဇူးတွေကို ပိုလို့တောင်ခံစားရပါဦးမယ်။ လေ့လာချက်တခုအရ အိမ်ထောင်ဖက်ဇနီးသည်ရဲ့ ချစ်မြတ်နိုးခြင်းကို အပြည့်ဝ ရရှိထားတဲ့ အမျိုးသားတွေဟာ ရုတ်တရက် ရင်ဘတ်ထိုးအောင့်တာမျိုးဖြစ်ဖို့ အခွင့်အလမ်းနည်းပါ သတဲ့(ဒါတောင် ရင်ဘတ်ထိုးအောင့်တာကို ဖြစ်စေတဲ့ တခြားအချက်တွေဖြစ်တဲ့ အသက်အရွယ်ကြီးရင့်တာနဲ့ သွေးတိုးစတာတွေကိုပါ ထည့်စဉ်းစားထားတာပါ)။ အစာအိမ်၊အူလမ်းကြောင်းအနာတွေအတွက်လည်းပဲ ထို့အတူပဲ ချစ်ချစ်ရဲ့ အချစ်တွေကသာ အစွမ်းဆုံးဆေး ဖြစ်ပါကြောင်း။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

















