
ဆေးခြောက်ဆိုတာ ဘာလဲ။
ဆေးခြောက်ကို Cannabis sativa ဆိုတဲ့ အပင်တမျိုးကနေ ရရှိပြီး သူ့မှာပါဝင်တဲ့ THC ဆိုတဲ့ ဓါတ်တမျိုးဟာ လူကို ‘ကောင်း’စေ (သိုးဆောင်းအခေါ်နဲ့ ဆိုရင်တော့ high စေ)ပါတယ်။ ဆေးခြောက်မှာ ပါဝင်တဲ့ THC နဲ့ အပေါင်းအပါတွေဟာ သင့်ခန္ဓါကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အကျိုးသက်ရောက်မှုများစွာ ရှိစေနိုင်ပါတယ်။
ဆေးခြောက်ကို ဘယ်လိုနည်းလမ်းတွေနဲ့ အသုံးပြုကြသလဲ။
မြန်မာနိုင်ငံမှာတော့ ဆေးခြောက်ကို ဆေးပေါ့လိပ်ထဲ ထည့်လိပ်ပြီး သောက်လေ့ရှိကြကာ တခြားနိုင်ငံတွေမှာတော့ ဆေးခြောက်ကို အိုးနဲ့ သောက်ကြသလို အစားအစာတွေ(ဥပမာ ဘရောင်နီကိတ်၊ကွတ်ကီး၊လော်လီပေါ့ စသဖြင့်)ထဲကိုလည်း ထည့်သွင်းပြုလုပ်လေ့ရှိပါတယ်။ ရေနွေးကြမ်းအဖြစ် သုံးစွဲကြသူတွေလည်း ဒုနဲ့ဒေးပါ။ ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ပဲ သုံးစွဲသုံးစွဲ ဆေးခြောက်ရဲ့ အာနိသင်ဟာ သင့်ခန္ဓါကိုယ်ထဲက အင်္ဂါအစိတ်အပိုင်း အားလုံးဆီကို ရောက်ရှိမှာပဲ ဖြစ်ပါတယ်။
ဆေးခြောက်က လူ့ခန္ဓါကိုယ်အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ။
ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများ
ဆေးခြောက်စတင်သုံးစွဲပြီဆိုတာနဲ့ အကျိုးသက်ရောက်မှုတွေကို စတင်မြင်တွေ့ရမှာဖြစ်ပြီး ၃-၄နာရီအတွင်းမှာ ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။
တကယ်လို့ သင်ဟာ ဆေးခြောက်ကို ကာလကြာရှည်သုံးစွဲပြီးမှ ဖြတ်လိုက်မယ်ဆိုရင် ဆေးဖြတ်လက္ခဏာတွေအဖြစ် အထက်မှာ ဖော်ပြခဲ့တဲ့ အာနိသင်တွေရဲ့ ပြောင်းပြန် လက္ခဏာတွေကို ခံစားရမှာပါ။
စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများ
ဆေးခြောက် ‘ကောင်း’နေတဲ့အခါ ပျော်ရတယ်၊စိတ်ဖြေလျှော့မှုရှိတယ် ဒါမှမဟုတ် ပကတိလက်တွေ့ဘဝကနေ ခေတ္တလွတ်မြောက်စေတယ်ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် ဆေးခြောက်ကို သုံးစွဲကြပါတယ်။ ဒါပေမယ့် အောက်ဖော်ပြပါ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါသေးတယ်။
ဒီလက္ခဏာလေးတွေဟာ သင်ဆေးခြောက်သုံးစွဲအပြီး နာရီအနည်းငယ်အကြာမှာ ပျက်ပြယ်သွားမှာပဲ ဖြစ်ပါတယ်။
ဆေးခြောက်က စွဲတတ်လား။ ဘာအန္တရာယ်တွေရှိသလဲ။
သင်ကြားဖူးထားတာ တမျိုးဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် ဆေးခြောက်ဟာ တကယ်ပဲ ဆွဲတတ်ပြီး ဆေးခြောက်သုံးစွဲသူ ဆယ်ယောက်မှာ တယောက်ဟာ ဆေးစွဲသွားနိုင်ပါတယ်။ ဒါဟာ ဆေးခြောက်မှာ ပါဝင်တဲ့ THC ပမာဏနဲ့လည်း တိုက်ရိုက်သက်ဆိုင်မှု ရှိနေနိုင်ပါတယ်။ သင့်မှာ နဂိုကတည်းက နှလုံးရောဂါ၊အသည်းရောဂါ၊ဆီးချိုရောဂါ၊သွေးပေါင်ကျတတ်တဲ့ရောဂါ စတာတွေ ရှိနေမယ်ဆိုရင် ဆေးခြောက်ဟာ သင့်အတွက် ပိုပြီး အန္တရာယ်များပါတယ်။ ဆေးခြောက်ဟာ အမျိုးသားတွေရဲ့ တက်စတိုစတီရုန်းဟော်မုန်း (ကျားဟော်မုန်း)ပမာဏကို လျော့ကျစေတာမို့ သုတ်ကောင်တွေရဲ့ အရေအတွက်ရော၊အရည်အချင်းပါ ကျဆင်းလာတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ လိင်စိတ်လျော့နည်းတာ၊မျိုးမအောင်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် ဆေးခြောက်ဟာ စိတ်ကျရောဂါတွေဆီဦးတည်နိုင်ပြီး မိမိကိုယ်ကို သတ်သေချင်စိတ်တွေကိုပါ နှိုးဆွပေးတယ်လို့ ဆိုပါသေးတယ်။
ဒီလောက်ဆိုရင် နာမည်ကျော် ဆေးခြောက်အကြောင်းကို နည်းနည်းတော့ တီးမိခေါက်မိ ရှိသွားလောက်ပါပြီ။ ကိုယ့်ကျန်းမာရေးအတွက် ကောင်းတဲ့အရာလား၊ဆိုးတဲ့အရာလားကတတ် မိမိကိုယ်တိုင်သာ ဆုံးဖြတ်ကြပါတော့။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။