ခုနောက်ပိုင်းမှာ မူးယစ်ဆေး စွဲတဲ့ ပြဿနာတွေဟာ၊ အမှုတွေ အင်မတန်များပြားလာနေပြီး လူငယ်တို့ ဘဝတွေ ဖျက်စီးခံနေရတာ အားလုံးအသိပါ။ ဆေးအဆန်းအပြားတွေဟာလည်း နေ့ညမပြတ် ပေါ်ထွက်နေတာကြောင့် ကိုယ့်ကလေး ဘယ်တော့များ အပေါင်းအသင်းမှားပြီး ဆေးသမားြဖစ်မလဲ ရင်တမမနဲ့ စိတ်ပူနေရတဲ့ မိဘတွေအတွက် ဆေးစွဲတတ်တဲ့ သူတစ်ယောက်မှာရှိတဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာ ပြောပြပေးချင်ပါတယ်။ စောစောသိလေ မူးယစ်နွံထဲက ရုန်းထွက်ဖို့ အချိန်မီလေ ဖြစ်မှာပါ။ ။
ဆေးစွဲတယ်လို့ဆိုတဲ့နေရာမှာ မူးယစ်ဆေးတစ်ခုပဲ မဟုတ်ပါဘူး။ ေရာဂါသက်သာစေဖို့အတွက် သောက်နေရတဲ့ဆေးေတွကို မသောက်ရ မနေနိုင်ဖြစ်တာမျိုးတွေလည်း ပါပါတယ်။ ဥပမာ အိပ်ဆေးတို့၊ steroid ပါတဲ့ဆေး တို့၊ ဆေးခန်းတွေမှာ အားဆေးထိုးပေးပါဆိုပြီး လာလာထိုးခိုင်းနေတဲ့ ဆေးတွေလည်းပါတာပေါ့။ သူတို့ကိုမှ မသောက်ရဘူးဆိုရင် ကိုယ့်ဆီမှာတစ်ခုခုလိုနေသလို၊ စားလို့သောက်လို့မကောင်းတော့သလို၊ နေထိုင်လို့ မကောင်းတော့သလိုမျိုး ဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှု ပြဿနာတွေလည်းဆေးစွဲတဲ့အထဲမှာပါပါတယ်။
- မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အရင်က သူငယ်ချင်းတွေနဲ့ ဆက်ဆံရေး မပြေလည်တော့ဘဲ
- ဆေးသမားအချင်းချင်း ပေါင်းမိပြီး အပေါင်းအသင်း အသစ်တွေတိုးလာတဲ့အပြင် သူတို့နဲ့ပဲ အချိန်တွေ အများကြီးဖြုန်းနေတတ်ပါတယ်။
သင်ချစ်ခင်ရတဲ့သူတွေဆီမှာ ဒီလို ပြောင်းလဲမှုလေးတွေ စတင်ကြုံတွေ့လာပြီဆိုရင် ဆေးစွဲနေတာဖြစ်နိုင်လို့ သေချာစောင့်ကြည့်ပြီး အမြန်ဆုံးကူညီပေးပါ။ ဆေးစွဲတာ စောသိလေ၊ ဆေးပြတ်ဖို့ အခွင့်အရေး ပိုများလေလေပါပဲ။ ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။