brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Alcohol Addiction (အရက်စွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Alcohol Addiction (အရက်စွဲခြင်း) ကဘာလဲ။

အရက်စွဲခြင်းဆိုသည်မှာ အရက်ကို ရေရှည် သောက်သုံးရာမှဖြစ်ပွားလာတဲ့ ရှုပ်ထွေးတဲ့ ရောဂါစုဆိုလည်းမမှားပါဘူး။ ချက်ချင်း ရပ်လိုက်မယ်ဆိုရင်တောင် အရက်စွဲနေတဲ့လူနာကို မသက်မသာခံစားရစေပါတယ်။ အရက်စွဲတယ်ဆိုတာ စိတ်ကြောင့်စွဲတာနဲ့ ခန္ဓါကိုယ်က စွဲနေတာဆိုပြီးရှိပါတယ်။ ဒါကြောင့် အရက်စွဲသူတွေဟာ အရက်က သူတို့ရဲ့ ခန္ဓါကိုယ်နဲ့ စိတ်ကိုပျက်စီးစေရင်တောင်မှ မရပ်တန့်နိုင်ဘဲ ဆက်သောက်နေကြတာပါ။

လက္ခဏာများ

Alcohol Addiction (အရက်စွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အရက်စွဲသူတွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း နဲ့ အပြုအမှုပိုင်းဆိုင်ရာ လက္ခဏာတွေရှိကြပါတယ်။ အရက်စွဲနေသူတွေကတော့ ဒီလက္ခဏာတွေ မခံစားရဘူးလို့ ငြင်းကောင်းငြင်းကြပါလိမ့်မယ်။

အပြုအမူပိုင်းဆိုင်ရာလက္ခဏာများ

ဒီအရာတွေကတော့ သင့်သောက်သုံးမှုကို မထိန်းချုပ်နိုင်ခြင်း၊ မေ့တတ်ခြင်း၊ သင်နဲ့အခြားသူတွေကို ရန်လိုခြင်း တိြု့ဖစ်ပါတယ်။ အရက်စွဲသူဟာ သူတို့မူးနေချိန်မှာ ဘာမှမမှတ်မိတတ်ကြပါဘူး။

ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ

ဒီအပိုင်းကတော့ ရေရှည်သောက်သုံးမှုနဲ့ ဆက်စပ်ပါတယ်။ လက်တုန်ခြင်း၊ ခေါင်းမူးခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းလျောခြင်း၊ ချွေးထွက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ သတိလစ်ခြင်းနဲ့အသားဝါခြင်းတို့ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ

ဒီအရာတွေကတော့ စိတ်ကျခြင်း၊ ပူပန်လွန်းခြင်း၊ အိပ်မပျော်ခြင်း နဲ့ မေ့လွယ်ခြင်း တို့ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အော့အန်၊ ဝမ်းလျော၊ ရင်ပူ၊ ရင်အောင့် ၊ ဆီးထဲသွေးပါခြင်း စတာတွေဖြစ်ရင် ဆရာဝန်ကိုပြသပါ။

သင့်မှာစိတ်ကျရောဂါဖြစ်နေပြီထင်ရင် ဆရာဝန်ကိုပြသပါ။

ဆရာဝန်ကိုလည်း သင့်အခြေအနေအကြောင်း မလိမ်ပါနဲ့ ။ သူကမမေးရင်တောင်မှ သင်ကိုယ်တိုင်က စိတ်လိုလက်ရပြောပြဖို့လိုပါတယ်။ အရက်ဖြတ်ခြင်း ဟာခက်ခဲမှုတွေရှိပေမယ့်လည်း သင်အရှုံးမပေးဖို့လိုပါတယ်။

အကြောင်းရင်းများ

Alcohol Addiction (အရက်စွဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အရက်စွဲခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ များစွာရှိပါတယ်။ ဒါပေမယ့် အရက်စွဲသူတွေများတဲ့ ပတ်ဝန်းကျင် မှာနေရင် ကိုယ်လည်း အရက်စွဲလာတတ်ပါတယ်။ ထို့အပြင် အရက်စွဲနေသူများဟာ အခြားစီးကရက်၊ နီကိုတင်းလိုအရာတွေလည်း စွဲဖို့ ပိုလွယ်ကူလာတတ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Alcohol Addiction (အရက်စွဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က လူနာရဲ့ အလုပ်၊ လူမှုရေး နဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြစ်စေတဲ့အရာတွေကို နားလည်ဖော်ထုတ်နိုင်ဖို့အတွက် လူနာကို သေချာ မေးမြန်းဆွေးနွေးမှာဖြစ်ပါတယ်။ မေးမြန်းမှာဖြစ်ပါတယ်။ သွေးစစ်ခြင်းဖြင့် အရက်က သွေး၊ကျောက်ကပ်နှင့် အသည်းကို ထိခိုက်နေမှု ရှိမရှိကို ဖော်ပြနိုင်ပါတယ်။

Alcohol Addiction (အရက်စွဲခြင်း) ကို ဘယ်လိုကုသပါသလဲ

ကနဦးကုသမှုဟာ အရက်စွဲခြင်းအဆင့်အလိုက် သာမက ကိုယ်ခန္ဓါကိုယ်ထိခိုက်မှုကိုကြည့်ပြီး ပြောင်းလဲနိုင်ပါတယ်။

ရေတိုကုသမှုမှာ လူနာကိုအရက်ရဲ့ ဆိုးကျိုးတွေနဲ့ အရက်အဆိပ်သင့်တာတွေအကြောင်း ဆရာဝန်ကပြောပြဖို့လိုပါလိမ့်မယ်။ သို့မှသာ လူနာက အရက်စွဲခြင်း၏ အန ္တရာယ်တွေကို သတိပြုလာနိုင်မှာ ဖြစ်သည်။ ဒီကုသမှုမှာ အရက်ဖြတ်ခြင်း၊ ဆေးတိုက်ခြင်း၊ ဆွေးနွေအကြံပြုခြင်း နဲ့အသင်းအဖွဲ့လိုက် ဆွေးနွေးလုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။

ပထမဆုံးအနေနဲ့လူနာသိဖို့လိုတာက သူတို့မှာ ကုသဖို့ လိုအပ်နေတဲ့ရောဂါရှိနေတယ်ဆိုတာပါပဲ။ တစ်ချို့က အရက်စွဲတယ်ဆိုတာ အလေ့အကျင့် တစ်ခုသာ ဖြစ်ပြီး ရောဂါမဟုတ်ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် အရက်စွဲသူတွေဟာ အရက်ဖြတ်ဖို့ မလိုလားကြဘဲ ဒီလိုအယူအဆမှားကြောင့် အရက်ဖြတ်ရန် ပူးပေါင်းပါဝင်ဖို့လည်း ငြင်းဆန်တတ်ကြပါတယ်။

အသုံးများတဲ့ကုသမှုကတော့ (AA) အဖွဲ့ရဲ့ အချက် ၁၂ ချက်ပါတဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်ဖြစ်ပါတယ်။၎င်းတို့မှာ အရက်မသောက်ရန် ထိန်းချုပ်ခြင်း၊ အသိပညာပေးခြင်း၊ အရက်ဖြတ်ခြင်း နဲ့အဖွဲ့လိုက်လုပ်ဆောင်တာတွေပါပဲ။ နေစရာ၊ အလုပ်အကိုင်၊ လူမှုရေးပြဿနာများကို ထောက်ပံ့ကူညီဖြေရှင်းပေးမှုတွေက အရက်သောက်နိုင်ချေကိုလျော့ချနိုင်တဲ့အတွက် အရေးကြီးပါတယ်။

အရက်ဖြတ်တာဟာ မအီမသာဖြစ်ခြင်း၊ ချွေးထွက်ခြင်း နဲ့ အမှားလုပ်မိခြင်းကဲ့သိုသော လက္ခဏာတွေဖြစ်စေတဲ့အတွက် benzodiazepine (အိပ်ဆေး၊ စိတ်ငြိမ်ဆေး)လိုမျိုး ဆေးမျိုးပေးပြီး အိပ်စက်ဖို့ကူညီပေးကာ အရက်သောက်ချင်စိတ်ကို လျော့ချပေးမှာဖြစ်ပါတယ်။ အရက်ဖြတ်တာဟာ အလွန်ခက်ပြီးအများစုဟာ အရှုံးပေးပြီးပြန်သောက်ကြပါတယ်။ ပြန်သောက်တယ်ဆိုတာ သင်ဟာ အရက်ကို စွဲလန်းမှုဆက်ဖြစ်နေပြီး ဒီရောဂါကို အရှုံးပေး၊ အညံ့ခံလိုက်တာနဲ့အတူတူပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Phyo Wai Yan · 02/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။