မရှိမကောင်း၊ ရှိမကောင်းဆိုတဲ့ အရာတွေထဲမှာ စမတ်ဖုန်းတွေဟာလည်း ထိပ်ဆုံးကပါပဲ။ နည်းပညာနဲ့ ခေတ်တိုးတက်ပြောင်းလဲမှုနဲ့အတူ လိုက်ပါလာတဲ့ စမတ်ဖုန်းတွေကို လူကြီး၊ လူငယ်တွေအပြင် ကလေးတွေပါ အများအပြားသုံးစွဲလာတာကို တွေ့ရပါတယ်။
မရှိမကောင်း၊ ရှိမကောင်းဆိုတဲ့ အရာတွေထဲမှာ စမတ်ဖုန်းတွေဟာလည်း ထိပ်ဆုံးကပါပဲ။ နည်းပညာနဲ့ ခေတ်တိုးတက်ပြောင်းလဲမှုနဲ့အတူ လိုက်ပါလာတဲ့ စမတ်ဖုန်းတွေကို လူကြီး၊ လူငယ်တွေအပြင် ကလေးတွေပါ အများအပြားသုံးစွဲလာတာကို တွေ့ရပါတယ်။

ကောင်းတဲ့ဘက်က ကြည့်ရင်တော့ လိုအပ်တဲ့ အချက်အလက်တွေကို လျင်မြန်စွာ ရှာဖွေလို့ရတယ်၊ ဝေးလံတဲ့နေရာမှာ နေထိုင်နေသူတွေနဲ့ ဆက်သွယ်စကားပြောဆိုလို့ ရတယ်၊ ကမ္ဘာ့အရေးအခင်း၊ ကျန်းမာရေးသတင်းတွေကို မျက်ခြေမပြတ်တမ်း စောင့်ကြည့်လို့ရတယ်။
မကောင်းတဲ့ဘက်ကနေကြည့်လိုက်တဲ့အခါ လူတော်တော်များများက စမတ်ဖုန်းကို ကောင်းတဲ့အချက်တွေထက်စာရင် ဖေ့ဘုတ်လို လူမှုကွန်ယက်တွေ သုံးဖို့၊ ဂိမ်းဆော့ဖို့သက်သက်သာ အသုံးပြုနေတာကို တွေ့ရပါတယ်။
၁။ ဖုန်းကင်မရာနဲ့ ဆယ်လ်ဖီပုံတွေ ရိုက်တဲ့အခါ ကိုယ့်မျက်နှာပုံနဲ့ အနောက်ဘက်မှာ ရှိတဲ့ ရှုခင်းတွေအကုန်ပါဖို့ လက်မောင်းကို ရှည်နိုင်သလောက် ရှည်အောင် အပေါ်ထိမြှင့်ပြီး ဆန့်တန်းထားရပါတယ်။ ဒီအခါ တံတောင်ဆစ်ပတ်လည်က ကြွက်သားမျှင်တွေ ဒဏ်ဖြစ်မယ်၊ လက်ကောက်ဝတ်အနေအထားကို တွန့်လိမ်သွားစေတယ်၊ လက်မောင်းကြွက်သားများကို နာကျင်စေနိုင်ပါတယ်။ ဒီပြဿနာကို Selfie Elbow လို့လည်း ခေါ်ကြပါတယ်။
၂။ လူပေါင်းများစွာနဲ့ တစ်နေ့လုံး စာရိုက်နေရတဲ့အခါ ဖြစ်တဲ့ ပြဿနာကို Texting Thumb လို့ ခေါ်ပါတယ်။ အဓိက ဖုန်းမျက်နှာပြင်ကို ခဏခဏ ထိရိုက်နေရတဲ့ လက်မအဆစ်တွေ နာကျင်လာတာ၊ ဂိမ်းဆော့တဲ့အခါ လက်မကို အဓိကအသုံးပြုပြီး ကျန်တဲ့လက်ချောင်းများက ဖုန်းကို လွတ်မကျသွားစေဖို့နဲ့ ဟန်ချက်ညီအောင် ထိန်းပေးထားရတဲ့အတွက် ညောင်းကိုက်ခြင်းများကို ဖြစ်စေနိုင်ပါတယ်။
၃။ အိပ်ချင်မူးတူးနဲ့ ဖုန်းအသုံးပြုနေတာ၊ ညနက်တဲ့အထိ မအိပ်ဘဲ ဖုန်းအသုံးပြုနေရင်းကနေ ရုတ်တရက် ငိုက်သွားပြီး ဖုန်းက မျက်နှာပေါ် တည့်တည့်ပြုတ်ကျသွားတာမျိုး လူငယ်အများစု ကြုံဖူးကြမှာပါ။ သတ္တု၊ ဖန်သားနဲ့ ပြုလုပ်ထားတဲ့ဖုန်းက မျက်နှာပေါ်ကျတာတောင် တော်တော်နာနေရင် အခန့်မသင့်လို့ နှာရိုးနုပေါ် တည့်တည့် ပြုတ်ကျမိရင် ကျိုးသွားတဲ့အထိ အန္တရာယ်ကြီးပါတယ်။
၄။ ဘေးတစ်စောင်း လှဲအိပ်ပြီး ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းဟာ ကိုယ့်ရဲ့ မျက်လုံး တစ်ဖက်ကို ထောင့်ဖက်ကို ကပ်သွားစေပြီး မျက်စိတစ်ခြမ်း စွေစောင်းတဲ့ ပြဿနာမျိုး ဖြစ်စေနိုင်ပါတယ်။
၅။ ခါးကို ကုန်းထားပြီး ဖုန်းအသုံးပြုတာ၊ ဇက်ကို အတင်းအောက်ကို ငုံ့ပြီး ဖုန်းသုံးတာမျိုးက ဇက်ကြောနဲ့ ခါးအရိုးအဆစ်များကို ကွေးထားသလို ဖြစ်စေပြီး အချိန်ကြာလာတာနဲ့အမျှ ညောင်းကိုက်နာကျင်ခြင်းကို ဖြစ်စေတယ်။ အသက်ကြီးလာတဲ့အခါမှာလည်း ဒီဒဏ်တွေကြောင့် အရိုးအဆစ်များ ကောက်ကွေးပြီး အလွယ်တကူ ကျိုးပဲ့စေသည်အထိ ဖြစ်စေနိုင်ပါတယ်။
၆။ တစ်နေ့လုံး ဖုန်းအသုံးပြုတဲ့အခါ ဖုန်းကနေထွက်လာတဲ့ အပြာရောင်အလင်းတန်းတွေဟာ မျက်လုံးထဲကို ဝင်သွားပြီး ညအိပ်မပျော်ဘဲ မျက်စိကြောင်တာမျိုး၊ မျက်စိမှိတ်လိုက်ရင် အရောင်တွေဖြာထွက်နေတာ၊ အမြင်အာရုံ ဝေဝါးတာ၊ မျက်လုံးခြောက်ပြီး နီတာ၊ မျက်လုံးအောင့်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။