
လူတစ်ယောက်ဟာ များပြားလှတဲ့ လိင်မှုဆိုင်ရာ အပြုအမူများကို ခဏခဏ ပြုလုပ်နေတဲ့ အခြေအနေမျိုးကို ခေါ်တာဖြစ်ပါတယ်။ လိင်စိတ်စွဲလမ်းခြင်းက ဘဝရဲ့ အစိတ်အပိုင်းတော်တော်များများအပေါ် အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိပါတယ်။
လိင်စိတ်စွဲလမ်းခြင်းက လူတစ်ယောက်ရဲ့ ဘဝအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ထင်ထင်ရှားရှားပဲ ရှိနေပါတယ်။
အဲဒီအပြင် လိင်စိတ်စွဲလမ်းမှု ကြုံတွေ့နေရတဲ့ လူတစ်ယောက်ဟာ စိတ်ပိုင်းဆိုင်ရာမှာလည်း ပြင်းပြင်းထန်ထန် လွှမ်းမိုးခံနေရနိုင်တယ်။ တိတိကျကျ ပြောရင် စိတ်အလိုမကျတာ၊ ရှက်တာ၊ စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရတာမျိုး ရှိနိုင်တယ်။ အဲဒီကတစ်ဆင့် စိတ်ကျရောဂါ၊ စိတ်ပူပန်တာ၊ အရက်နဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲတာ၊ စိတ်ခံစားချက်တွေ မထိန်းချုပ်နိုင်တော့တာ၊ စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ စိတ်ရောဂါဝေဒနာတွေအထိ ကြုံတွေ့လာရတတ်ပါတယ်။
အကောင်းဆုံးကတော့ ဆရာဝန်၊ ဆရာမနဲ့ ဆွေးနွေးတိုင်ပင်ဖို့ပါပဲ။ ဒါပေမယ့် အဲဒီလို စမ်းသပ်အကဲဖြတ်ခံဖို့ ဆေးရုံမသွားခင်မှာ Society for the Advancement of Sexual Health က သတ်မှတ်ထားတဲ့ လိင်စိတ်စွဲလမ်းမှုရဲ့ လက္ခဏာတွေ ကိုယ့်မှာ ရှိမရှိ ဆန်းစစ်ကြည့်စေချင်ပါတယ်။
မကြာသေးမီအချိန်ကအထိ လိင်စိတ်စွဲလမ်းမှု ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို သိပ္ပံနည်းကျ တိတိကျကျ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် Medical News Today ရဲ့ အဆိုအရတော့ ဒီစွဲလမ်းမှုတွေဟာ ဦးနှောက်ထဲမှာ ဓါတုဗေဒသဘောအရ ပြောင်းလဲမှုတွေ ဖြစ်လာတာကြောင့်လို့ ဆိုထားပါတယ်။
လိင်စိတ်စွဲလမ်းမှုအတွက် ကုသနည်းတွေကတော့ လူတွေကို လိင်မှုကိစ္စတွေ လုပ်ချင်လာအောင် လှုံ့ဆော်ပေးတဲ့ အာရုံကြော လှုံ့ဆော်မှုများကို ထိန်းချုပ်နိုင်ဖို့ အဓိက ရည်ရွယ်ပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံခြင်းဟာ လူတစ်ယောက်အတွက် မရှိမဖြစ် အရေးပါတဲ့ကိစ္စမို့ ဒါဟာ အနည်းငယ်တော့ ခက်ခဲပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ လိင်ဆက်ဆံစဉ်မှာ ခံစားရတဲ့ ခံစားမှုတွေကို ထိန်းချုပ်ပေးခြင်းအားဖြင့် လိင်ဆက်ဆံလိုစိတ်ဟာ သူ့ဘဝရဲ့ အချိန်တိုင်းမှာ ဖြစ်မနေစေတော့ဖို့ပါပဲ။
လိင်စိတ်စွဲလမ်းခြင်းဟာ ဒီနေ့ခေတ် လူမှုအဖွဲ့အစည်းမှာ သိပ်ရှားပါးတဲ့ ပြဿနာတစ်ရပ်တော့ မဖြစ်ပါဘူး။ ဒီလို ခံစားနေရတဲ့သူတွေဟာ ဖြစ်နေပါတယ်လို့ သူတို့ကိုယ်သူတို့ လက်ခံဖို့၊ သူများကို ဖွင့်ပြောဖို့ ရှက်ရွံ့နေနိုင်ပါတယ်။ ဒီပြဿနာအတွက် ဆရာဝန်တွေ၊ ကျန်းမာရေးစောင့်ရှောက်သူတွေထံမှာ အကူအညီများ ရယူနိုင်ပါတယ်။