brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆေးလိပ်တကယ်ပြတ်အောင် ဘယ်လိုဖြတ်ကြမလဲ။ ။

ယောက်ျားလေးတော်တော်များများရဲ့ ပြဿနာက ဘယ်လောက်ပဲမကောင်းဘူးလို့ပြောပြော လက်တည့်စမ်းချင်ကြတာပါပဲ။ အဲ့ဒီ အထဲမှာဆို ဆေးလိပ် သောက်တာ အဆိုးဆုံးပေါ့။ ဆေးလိပ်ဆိုတာ လွယ်လွယ်ဝယ်လို့ရတယ်။ သုံးရတာလည်း မခက်ဘူး။ မီးခြစ်လေးတစ်ခုပဲလိုတယ်လေ။ ပတ်ဝန်းကျင်မှာလည်း ဆေးလိပ်သောက်တဲ့သူတွေ ဒုနဲ့ဒေးဆိုတော့ မြင်ဆရာတွေ အများကြီးပေ့ါ။ စမ်းကြည့်ကြတယ်။ ပြီးတော့ စွဲသွားတယ်။ နောက်ပိုင်း မသောက်ရမနေနိုင်ဖြစ်လာပြီး ဆေးလိပ်ရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ တစ်ပြုံကြီးခံရပါလေရော။ မကောင်းမှန်းသိတော့ ဖြတ်ချင်ပေမယ့်လည်း နည်းလမ်းမမှန်တော့ ပြတ်လိုက် ပြန်သောက်လိုက်နဲ့ သံသရာလည်နေပြီး ဆေးလိပ်နဲ့ မကင်းနိုင်ဖြစ်နေကြပါတယ်။ ဒါကြောင့် ဆေးလိပ်ကို နည်းလမ်းမှန်မှန်နဲ့ ဘယ်လို အပြတ်ဖြတ်ရမလဲဆိုတာလေး ပြောပြပေးချင်ပါတယ်။ ။

ဆေးလိပ်တကယ်ပြတ်အောင် ဘယ်လိုဖြတ်ကြမလဲ။ ။

ဆေးလိပ်ဖြတ်ဖို့အတွက် S-T-A-R-T စည်းမျဉ်းကို လိုက်နာဖို့လိုပါတယ်။

S = Set a quit date (အချိန်တစ်ခုသတ်မှတ်ပါ)

ဆေးလိပ်ကိုချက်ချင်း ဖြတ်လိုက်တာထက်စာရင် အချိန်တစ်ခုသတ်မှတ်လိုက်ပါ။ တစ်လတန်သည် နှစ်လတန်သည်ပေါ့။ အဲဒီ အချိန်အတွင်းမှာ သောက်နေကျထက် တစ်ဖြည်းဖြည်းချင်း လျှော့သွားပါ။ ၂ လပြည့်ဖို့ ၂ ပတ်လောက်အလိုလောက်မှာ ဘာမှ မသောက်ဘဲနေနိုင်အောင် ကြိုးစားပါ။ ဒီလို တဖြည်းဖြည်းချင်း လျှော့မှ ပြောင်းသွားတဲ့ အခြေအနေကို သင့်ကိုယ်ခန္ဓါ လိုက်နိုင်ပြီး ဆေးလိပ်ကို အရမ်းမတောင့်တတော့မှာ ဖြစ်ပါတယ်။

T = Tell family, friends, and co-workers that about your plan to quit smoking ( ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို သင် ဆေးလိပ်ဖြတ်ဖို့ လုပ်နေကြောင်းပြောပါ)

ဆေးလိပ်ဖြတ် ေတာ့မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ အားပေးမှုကလည်း အရေးပါပါသေးတယ်။ သင့် အစီအစဉ်ကို သူတို့ိသိမှလည်း လိုအပ်တဲ့ အကူအညီကို သူတို့ကပေးနိုင်မှာပါ။

A = Anticipate and plan for the challenges you’ll face while quitting( ဆေးလိပ်ဖြတ်နေစဉ်ကြုံတွေ့ ရမည့် အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်ဖို့ ကြိုပြင်ထားပါ)

ဆေးလိပ်ဖြတ်တယ်ဆိုတာ အပြောသာလွယ်တာပါ။ တကယ်လုပ်ရင် အရမ်းခံရခက်တဲ့ အရာတစ်ခုပါ။ ဆေးလိပ်ဖြတ်တာကြောင့်သင့်မှာ ဖြစ်လာမယ့် နောက်ဆက်တွဲ ရုန်းကန်ရမှုတွေ၊ ခံစားရမှုတွေခံနိုင်ရည်ရှိအောင် ကြိုပြင်ထားပါ။ ဒါမှ တကယ်ကြုံရတဲ့အခါ ခံနိုင်ရည်ရှိနေမှာဖြစ်ပါတယ်။ အဓိကကတော့ စိတ်ပါပဲ။ တကယ်ပြတ်ချင်ရင် လုံးဝကိုလှည့်ကြည့်ချင်မှာ မဟုတ်ပါဘူး။ ။

R = Remove cigarettes ( စီးကရက် တွေအကုန်လုံးကို မျက်စိအောက်ကနေ ဖျောက်လိုက်ပါ)

တွေ၊ စီးကရက်တွေကို အိမ်မှာရော၊ အလုပ်မှာရော မထားပါနဲ့တော့။ မခံစားနိုင်တော့တဲ့အချိန်ကျရင် သောက်ဖို့ဆိုပြီး ၁လိပ်တောင် ချန်မထားပါနဲ့တော့။ အရင်တုန်းက ကိုယ့်အသုံးအဆောင်တွေမှာ ဆေးလိပ်နံ့တွေ ကပ်ကျန်နေတတ်တဲ့ အတွက် သံယောဇဉ်တစ်ခါတည်းပြတ်သွားအောင် အားလုံးကို အသစ်လဲလိုက်ပါ။

T = Talk to your doctor about getting help to quit.( ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးလိပ်ဖြတ်ဖို့ အကူအညီရယူပါ)

ဆေးလိပ်ကို နည်းမှန်လမ်းမှန်ဘယ်လိုဖြတ်ရမလဲဆိုတဲ့ အကြံဉာဏ်တွေကို ဆရာဝန်လောက် ဘယ်သူမှ ကောင်းအောင် မပေးနိုင်ပါဘူး။ ဒါကြောင့် သင့်မှာသာ ဆေးလိပ်ဖြတ်ချင်စိတ်ရှိပါစေ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 07/02/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။