ရောဂါပိုး အများဆုံးနေရာတွေကဆေးရုံ၊ဆေးခန်တွေလို့ယူဆထားကြတာများပါတယ်။နေထိုင်မကောင်းတဲ့သူတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကိုဆေးရုံကိုမလိုအပ်ဘဲ မသွားကြဖို့ပြောကြတယ်။ အကြောင်းကတော့ရောဂါပိုးတွေများလွန်းလို့ပါဆိုတဲ့အချက်ပါ။ ဒီနေရာတွေတင်ရောဂါပိုးများတာလားဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာအောင်ဆိုပြီးနေ့တိုင်း သွားနေမိတဲ့နေရာလေးတစ်ခုမှာလည်း မျက်စိနဲ့ မမြင်ရတဲ့ရောဂါပိုးတွေ ဒုနဲ့ဒေးပါ။ ဒီရောဂါပိုးများတဲ့ သတိမထားမိတဲ့နေရာကတော့ ခန္ဓါကိုယ် လေးအဆီကျလှပအောင်ဆိုပြီးနေ့တိုင်း တစ်ရက်မပျက်သွားနေမိတဲ့ Gym ပါပဲ။
ဒါဆိုရောဂါပိုး ကူးမှာစိုးတယ်။ Gym မသွားတော့ဘူးတော့ မလုပ်ပါနဲ့။ ခန္ဓါကိုယ်လေးဝလာမှာ စိုးလို့ပါ။ Gym ကရောဂါပိုးများတာ မှန်ပေမယ့် ကာကွယ်လို့ရပါတယ်။ Gym ကနေရောဂါပိုးတွေ ကူးစက်မလာအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ နည်းလမ်းလေးတွေပြောပြပေးပါရစေ။
Gym ကနေဘာတွေကူးစက်နိုင်လဲ
ချွေးထွက်များတဲ့နေရာမှာချွေးကနေတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေအများကြီး ကူးစက်နိုင်ပါတယ်။ လူပေါင်းစုံ အားကစားလုပ်နေတဲ့ Gym ကရောဂါပိုးတွေကို လက်ခံထားတဲ့နေရာကြီးပေါ့။ အထူးသဖြင့်ကတော့ အရေပြားပြဿနာတွေ ကူးစက်ခံရနိုင်တာပါ။
- ပွေး
- ညှင်း
- ယားနာ
- ကြွက်နို့
- ခြေသည်းမှိုစွဲတာ
- အနာစက်
- အသည်းရောင် အသားဝါရောဂါ
- တီဘီ
- အအေးမိ
- တုပ်ကွေး စတဲ့ရောဂါတွေကူးစက်ခံရနိုင်ပါတယ်။
Gym သွားပြီး ကျန်းမာနေစေဖို့
ကြောက်လိုက်တာ။ Gym မသွားရဲတော့ဘူး၊လို့ တွေးနေတယ်ဆိုရင်တော့ဆောင်းပါးလေးကို ဆုံးအောင်ဖတ်ကြည့်ဖို့ပြောပါရစေ။
- Gym မဆော့ခင်မှာ လက်ဆေးပါ။
- လက်အိတ်ဝတ်ပါ။
- ဖိနပ်ကို ကိုယ်ပိုင်ထားပါ။ Gym ကဖိနပ်တွေမစီးပါနဲ့။
- တဘက်ကို သီးသန့်ထားပါ။
- ကိုယ်ပိုင် ရေဗူးယူသွားပါ။
- Gymဆော့ပြီးချိန်မှာ လက်ဆေးပါ။
- ထိခိုက်ဒဏ်ရာတွေရှိရင် ပလာစတာကပ်ပါ။
- အသားချင်းမထိမိစေဖို့ ဂရုစိုက်ပါ။
- အိပ်စက်ချိန်ပြည့်ဝနေပါစေ။
- အာဟာရြပည့်ဝအောင်စားပါ။
- တစ်ပတ်လုံး Gym မဆော့ပါနဲ့။
- အဝတ်အစား အသုံးအဆောင်တွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။
- ဖိနပ်တွေကို စိုထိုင်းမှုကင်းနေစေဖို့ ဂရုစိုက်ပါ။
- ဖိနပ်မစီးဘဲ Gym ကြမ်းပြင်ပေါ်မှာ လမ်းမလျှောက်ပါနဲ့။
- အိမ်ရောက်မှရေချိုးပါ။
- အရေပြားမှာ တစ်ခုခုလက္ခဏာတွေ့တဲ့အခါ ချက်ချင်း ကုသမှုခံယူဖို့လုပ်ပါ။
ဒီအချက်လေးတွေကို ဂရုစိုက်လို့ Gym ကနေကူးစက်နိုင်တဲ့ရောဂါပိုးတွေကို ကာကွယ်ပြီး ခန္ဓါကိုယ်လေး ကျစ်လျစ်လှပအောင် လုပ်ဆောင်လိုက်ပါ။
[embed-health-tool-bmi]

















