backup og meta

Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဒီလိုကာကွယ်ပါ

ရောဂါပိုး အများဆုံးနေရာတွေကဆေးရုံ၊ဆေးခန်တွေလို့ယူဆထားကြတာများပါတယ်။နေထိုင်မကောင်းတဲ့သူတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကိုဆေးရုံကိုမလိုအပ်ဘဲ မသွားကြဖို့ပြောကြတယ်။ အကြောင်းကတော့ရောဂါပိုးတွေများလွန်းလို့ပါဆိုတဲ့အချက်ပါ။ ဒီနေရာတွေတင်ရောဂါပိုးများတာလားဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာအောင်ဆိုပြီးနေ့တိုင်း သွားနေမိတဲ့နေရာလေးတစ်ခုမှာလည်း မျက်စိနဲ့ မမြင်ရတဲ့ရောဂါပိုးတွေ ဒုနဲ့ဒေးပါ။ ဒီရောဂါပိုးများတဲ့ သတိမထားမိတဲ့နေရာကတော့ ခန္ဓါကိုယ် လေးအဆီကျလှပအောင်ဆိုပြီးနေ့တိုင်း တစ်ရက်မပျက်သွားနေမိတဲ့ Gym ပါပဲ။

Gym ကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဒီလိုကာကွယ်ပါ

ဒါဆိုရောဂါပိုး ကူးမှာစိုးတယ်။ Gym မသွားတော့ဘူးတော့ မလုပ်ပါနဲ့။ ခန္ဓါကိုယ်လေးဝလာမှာ စိုးလို့ပါ။ Gym ကရောဂါပိုးများတာ မှန်ပေမယ့် ကာကွယ်လို့ရပါတယ်။ Gym ကနေရောဂါပိုးတွေ ကူးစက်မလာအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာ နည်းလမ်းလေးတွေပြောပြပေးပါရစေ။

Gym ကနေဘာတွေကူးစက်နိုင်လဲ

ချွေးထွက်များတဲ့နေရာမှာချွေးကနေတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေအများကြီး ကူးစက်နိုင်ပါတယ်။ လူပေါင်းစုံ အားကစားလုပ်နေတဲ့ Gym ကရောဂါပိုးတွေကို လက်ခံထားတဲ့နေရာကြီးပေါ့။ အထူးသဖြင့်ကတော့ အရေပြားပြဿနာတွေ ကူးစက်ခံရနိုင်တာပါ။

Gym သွားပြီး ကျန်းမာနေစေဖို့

ကြောက်လိုက်တာ။ Gym မသွားရဲတော့ဘူး၊လို့ တွေးနေတယ်ဆိုရင်တော့ဆောင်းပါးလေးကို ဆုံးအောင်ဖတ်ကြည့်ဖို့ပြောပါရစေ။

  • Gym မဆော့ခင်မှာ လက်ဆေးပါ
  • လက်အိတ်ဝတ်ပါ။
  • ဖိနပ်ကို ကိုယ်ပိုင်ထားပါ။ Gym ကဖိနပ်တွေမစီးပါနဲ့။
  • တဘက်ကို သီးသန့်ထားပါ။
  • ကိုယ်ပိုင် ရေဗူးယူသွားပါ။
  • Gymဆော့ပြီးချိန်မှာ လက်ဆေးပါ။
  • ထိခိုက်ဒဏ်ရာတွေရှိရင် ပလာစတာကပ်ပါ။
  • အသားချင်းမထိမိစေဖို့ ဂရုစိုက်ပါ။
  • အိပ်စက်ချိန်ပြည့်ဝနေပါစေ။
  • အာဟာရြပည့်ဝအောင်စားပါ။
  • တစ်ပတ်လုံး Gym မဆော့ပါနဲ့။
  • အဝတ်အစား အသုံးအဆောင်တွေကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။
  • ဖိနပ်တွေကို စိုထိုင်းမှုကင်းနေစေဖို့ ဂရုစိုက်ပါ။
  • ဖိနပ်မစီးဘဲ Gym ကြမ်းပြင်ပေါ်မှာ လမ်းမလျှောက်ပါနဲ့။
  • အိမ်ရောက်မှရေချိုးပါ။
  • အရေပြားမှာ တစ်ခုခုလက္ခဏာတွေ့တဲ့အခါ ချက်ချင်း ကုသမှုခံယူဖို့လုပ်ပါ။

ဒီအချက်လေးတွေကို ဂရုစိုက်လို့ Gym ကနေကူးစက်နိုင်တဲ့ရောဂါပိုးတွေကို ကာကွယ်ပြီး ခန္ဓါကိုယ်လေး ကျစ်လျစ်လှပအောင် လုပ်ဆောင်လိုက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

20/06/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပိန်ချင်လို့ Gymဆော့ မှ ကိုယ်အလေးချိန်ပိုတက်လာတဲ့ ပျိုမေတွေ

Gym သွားရင် မိတ်ကပ်မလိမ်းသင့်တဲ့ အကြောင်းရင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ