brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မနက်ခင်းရေချိုး တာက ကျန်းမာရေးကိုထိခိုက်စေနိုင်လား

တော်တော်များများက မနက်ခင်းရေချိုး ရတာကို မကြိုက်ကြပါဘူး။ မနက်ခင်းမှာ ရေကအရမ်းအေးတာကြောင့်လည်း မချိုးကြတာပါ။ မနက်ခင်း ရေစောစောချိုးတာက ရေအေးအေး၊ လေအေးအေးနဲ့ ထိတွေ့စေလို့ ဖျားတာနာတာနဲ့ အဆစ်ရောင်တာတွေလိုမျိုး ရောဂါတွေ ဖြစ်လာမယ်လို့ အများစုက လက်ခံထားကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအတွေးတွေက ရာနှုန်းပြည့် မမှန်ပါဘူး။ မနက်ခင်းမှာ ရေချိုး တာက ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ ရှိနေပါတယ်။ မနက်စောစောရေချိုးတာကို ဘာလို့ကောင်းတယ်လို့ ပြောရလဲဆိုတာကို နည်းနည်းလောက်ပြောပြပေးမယ်နော်။

မနက်ခင်းရေချိုး တာက ကျန်းမာရေးကိုထိခိုက်စေနိုင်လား

မနက်ခင်းရေချိုး ပေးရင်

ရေချိုးတာက တစ်ကိုယ်ရည်သန့်ရှင်းမှုအတွက် အရေးပါတဲ့ အရာတစ်ခုပါ။ လူတစ်ယောက်ဟာ တစ်နေ့ကို အနည်းဆုံးရေတစ်ကြိမ်လောက်တော့ ချိုးသင့်ပါတယ်။ အချို့က မနက်ခင်းရေချိုးရတာ နှစ်သက်ပြီး အချို့ကတော့ ညပိုင်းချိုးရတာကို နှစ်သက်ကြပါတယ်။ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ မစတင်ခင်မှာ ရေချိုးပေးတာက တစ်နေကုန်သန့်ရှင်းလန်းဆန်းမှုကို ရရှိစေမှာဖြစ်ပါတယ်။ မနက်စောစောရေချိုးတာက ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးပြုလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ။

  • စိတ်ကိုလန်းဆန်းစေနိုင်တယ်
  • မနက်ခင်းရေချိုးရင် အအေးမိတာ၊ တုပ်ကွေးဖြစ်တာတွေ ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆက အပြည့်အဝမမှန်ပါဘူး။ မနက်ခင်းမှာ ရေအေးအေးလေးချိုးလိုက်တာက စိတ်ရောလူပါ လန်းဆန်းသွားစေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးကို သက်သောင့်သက်သာဖြစ်စေပါတယ်။

    မနက်ခင်းရေချိုး တာကနေ ရရှိနိုင်မယ့် နောက်ထပ်အကျိုးကျေးဇူးတစ်ခုက အသားအရေ ကြည်လင်စေတာပါ။ ကျွမ်းကျင်သူအချို့ကတော့ မနက်ခင်းရေချိုးတဲ့အခါ ခန္ဓာကိုယ်အနှံ့ကို ရေထိလိုက်တယ်ဆိုရင်ပဲ အသားအရေက လန်းဆန်းသွားမှာဖြစ်ပါတယ်။ အချိန်ကြာလာနဲ့အမျှ အသားအရေ နူးညံ့ချောမွေ့ လာတာကိုပါခံစားရမှာဖြစ်ပါတယ်။

    မနက်ခင်း စောစောမှာ ရေချိုး ပေးတာက ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်အောင် အထောက်အကူ ပေးပါတယ်။ လေ့လာမှု အချို့အရ မနက်ခင်းမှာ ရေအေးအေးလေးနဲ့ ချိုးပေးတာက သွေးဖြူဥဆဲလ်တွေကို တိုးပွားစေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်တယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကြောင့် ကျန်းမာရေး ထိခိုက်နိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါတယ်။

    • မျိုးအောင်နိုင်စွမ်းကို တိုးစေနိုင်တယ်

    ကလေးလိုချင်တဲ့ ဇနီးမောင်နှံတွေ အနေနဲ့ မနက်ခင်း စောစောမှာ ရေချိုး ပေးသင့်ပါတယ်။ မနက်စောစော ရေချိုးတာက မျိုးအောင်နိုင်စွမ်းတိုးအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ မနက်ခင်းမှာ ရေချိုး ပေးတာက အမျိုးသားရော အမျိုးသမီးမှာပါ မျိုးအောင်နိုင်စွမ်း တိုးစေနိုင်တာပါ။

    မနက်ခင်းရေချိုး ပေးတာက ခန္ဓာကိုယ်တွင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ ညဘက်မှာ မလှုပ်မယှက် အကြာကြီး လှဲနေတဲ့အတွက် အိပ်ရာနိုးလာတဲ့အခါ ခန္ဓာကိုယ် သွေးလည်ပတ်မှုက သိပ်မကောင်းဘဲ ဖြစ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ တကယ်လို့ မနက်ခင်းစောစောမှာ ရေချိုးလိုက်မယ်ဆိုရင်တော့ ခန္ဓာကိုယ်က သက်သောင့်သက်သာ ဖြစ်သွားမှာ ဖြစ်ပါတယ်။ သွေးလည်ပတ်မှုကိုလည်း ပိုမို ကောင်းမွန်စေနိုင်ပြီး ခန္ဓာကိုယ်ကိုလည်း ကျန်းမာစေနိုင်မှာ ဖြစ်ပါတယ်။

    • ခန္ဓာကိုယ် တစ်ရှူးတွေကို ကျန်းမာစေနိုင်တယ်

    မနက်ခင်းရေချိုး တာက ခန္ဓာကိုယ်မှာရှိတဲ့ တစ်ရှူးတွေကို ကျန်းမာစေနိုင်ပါတယ်။ မနက်ခင်းတိုင်း နေ့စဉ် ရေချိုးပေးမယ်ဆိုရင် အသားအရေကို ကောင်းမွန်စေပြီး ခြောက်သွေ့မှု ကင်းစင်စေမှာလည်း ဖြစ်ပါတယ်။ မနက်ခင်းမှာ ရေအေးနဲ့ ရေချိုးပေးတာက မျက်ကွင်းညိုတာနဲ့ မျက်နှာ အသားအရ မညီညာတာတွေကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။ ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ မနက်ခင်းမှာ ရေချိုးတာက ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်ပြီး ခြောက်သွ့ကွဲအက်တာတွေကနေ ကင်းဝေးစေမှာ သေချာပါတယ်။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 25/08/2022 ဖြစ်ပါသည်။