backup og meta

သဘာဝချွေးနံ့ပျောက်ဆေး ပန်းသီးရှာလကာရည်

 ပန်းသီးရှာလကာရည်က အသုံးဝင်တဲ့ ချွေးနံ့ပျောက်ဆေး၊ ချွေးတိတ်ဆေးတစ်မျိုးပါ။ ခန္ဓာကိုယ်မှာချွေးနံ့ဆိုးကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေပါတယ်နော်။ ချွေးနံ့ပျောက်ဆေးတွေဆီက ဓာတုဆေးတွေကို စိုးရိမ်တယ်ဆိုရင် သဘာဝနည်းဖြစ်တဲ့ ပန်းသီးရှာလကာရည်ကိုသုံးလို့ရပါတယ်။

သဘာဝချွေးနံ့ပျောက်ဆေး ပန်းသီးရှာလကာရည်

ခန္ဓာကိုယ်မှာ အနံ့မပါတဲ့ချွေးတွေ ထုတ်ပေးတဲ့ ချွေးဂလင်းတွေရှိပါတယ်။ဒါပေမယ့် ချိုင်း၊ပေါင်ခြံနဲ့ နို့သီးထိပ်မှာရှိတဲ့ အမွေးအမှင်ရှိတဲ့အရေပြားမှာ ချွေးနံ့ရဲ့တရားခံဖြစ်တဲ့ apocrine ဂလင်းနဲ့ sebaceous ဂလင်း တို့ရှိပါတယ်။

စိတ်လှုပ်ရှားတဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ၊ ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့အခါ၊ ချိုင်းမှာရှိတဲ့ apocrine ဂလင်းက ပရိုတင်း၊ fatty acidsနဲ့ စတီးရွိုက်တို့ပါဝင်တဲ့ စေးကပ်တဲ့အရည်တွေကိုထုတ်ပေးပါတယ်။ ဒါတွေက အရေပြားမျက်နှာပြင်ပေါ်ရောက်လာတဲ့အခါ eccrine ဂလင်းတွေကနေ ထွက်လာတဲ့အနံ့မရှိတဲ့ချွေးတွေနဲ့ရော သွားပါတယ်။

ချိုင်းမှာရှိတဲ့မှိုပိုးနဲ့ဘက်တီးရီးယားတွေ (အထူးသဖြင့် staphylococcus နဲ့ corynebacterium တို့)က ပြိုကွဲပြီး သည်အရောကို propionic acid လို အနံ့ဆိုးတဲ့အက်စစ်တွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။

ခြေဖဝါးမှာလည်းဘက်တီးရီးယားလည်းတူတူပါပဲ။ ရောဂါအကြောင်းရင်းတွေနဲ့ ဆေးဝါးတချို့ကြောင့်လည်း ခန္ဓာကိုယ်အနံ့ဆိုးထွက်စေပါတယ်။

ဘယ်လိုဖြေရှင်းမလဲ

ချွေးနံ့ပြင်းတာကို ဖြေရှင်းဖို့နည်းလမ်းနှစ်ခုရှိပါတယ် –

ချွေးထွက်နည်းအောင်လုပ်ခြင်း

ချွေးထွက်နည်းအောင်လုပ်ပြီး ချွေးနံ့မထွက်အောင်လုပ်ပါ။ ချွေးတိတ်ဆေးတွေဆို apocrine ဂလင်းကို ခဏတာပိတ်စေပြီး ချွေးထွက်နှုန်းကို ၂၀ ကနေ ၃၀ ရာခိုင်နှုန်းလျှော့ချပေးပါတယ်။

အနံ့ဆိုးထွက်စေတဲ့ဘက်တီးရီးယားကိုရှင်းလင်းခြင်း 

အနံ့ပြင်းစေတဲ့ ဘက်တီးရီးယားကိုသေစေတာဖြစ်ဖြစ် သူ့ထက်ပိုပြင်းတဲ့အမွှေးနံ့နဲ့အုပ်ပစ်တာဖြစ်ဖြစ် ချွေးနံ့ပျောက်အောင်လုပ်ပါ။ ချွေးနံ့ပျောက်ဆေးတွေရဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။

ချွေးတိတ်ဆေးရော ချွေးနံ့ပျောက်ဆေးတွေမှာပါ တာရှည်ခံစေမယ့် parabens တွေပါဝင်နိုင်ပြီး ချွေးတိတ်ဆေးမှာ အလူမီနီယမ်ဒြပ်ပေါင်းတွေပါဝင်ပါတယ်။ ၂၀၀၄ ခုနှစ်သုတေသနအရ သည်ဒြပ်ပေါင်းတွေက ရင်သားကင်ဆာ ဖြစ်နိုင်ခြေပိုများစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီဒြပ်ပေါင်းမပါတဲ့ ပစ္စည်းတွေကို ရွေးတယ်ပါ။

ဘာပဲပြောပြော ဘေးအကင်းဆုံးကတော့ သဘာဝနည်းတွေပဲဖြစ်ပါတယ်။ ဈေးကွက်ထဲက အရည်အသွေးနိမ့်ကုန်ပစ္စည်းတွေမှာပါတတ်တဲ့ ဓာတုပစ္စည်းတချို့က အသားအရေကို ထိခိုက်စေနိုင်ပါတယ်။

ပန်းသီးရှာလကာရည်က ဘက်တီးရီးယားတွေသေစေနိုင်တယ်

ချိုင်းမှာသုံးလိုက်တာနဲ့ အနံ့ဆိုးဖြစ်စေမယ့်ဘက်တီးရီးယားနဲ့မှိုပိုးတွေကိုသေစေနိုင်ပါတယ်။ ဗီနီဂါပါဝင်မှု များတာကြောင့် ပိုးသတ်ခြင်း၊မှိုသတ်ခြင်း အာနိသင်မှာ အစွမ်းထက်တယ်လို့သုတေသနအတော်များများက ဖော်ပြကြပါတယ်။ ဗီနီဂါ ၅ ရာခိုင်နှုန်းလောက်နဲ့ပဲ ဘက်တီးရီးယားပိုးမွှားများစွာကို သတ်နိုင်ပါတယ်။

သတိပြုဖို့ကတော့ အသားအရေမှာတိုက်ရိုက်အသုံးပြုတဲ့အခါ ပန်းသီးရှာလကာရည်ရဲ့အာနိသင်အပြင်း အပျော့နဲ့ အသုံးပြုပုံကိုမူတည်ပြီး အရေပြားနီရဲခြင်း၊ခြောက်သွေ့ခြင်းတို့လို့ ဘေးထွက်ဆိုးကျိုးတချို့ရှိလာစေနိုင်ပါတယ်။

ဒါ့ကြောင့်မသုံးခင်မှာ ဓာတ်တည့်မတည့်သိရအောင် နည်းနည်းလောက် အရေပြားမှာစမ်းသပ်သင့်ပါတယ်။ သုံးတဲ့အခါ ပမာဏနည်းနည်းချင်းပဲသုံးသင့်ပါတယ်။ ပန်းသီးရှာလကာရည်ကို ရေနဲ့ဆတူရောသုံးရင်ပိုကောင်းပါ တယ်။

သုံးနည်းကတော့ –

ပန်းသီးရှာလကာရည်နဲ့ရေ အရောထဲကို ဂွမ်းသန့်အလုံးလေးတစ်လုံးနဲ့တို့နှစ်ပြီး ချိုင်းမှာပွတ်သုတ်လိုက်ပါ။ ပြီးရင် ခြောက်သွေ့စေဖို့ ပြောင်းမှုန့်နဲ့မုန့်ဖုတ်ဆိုဒါ အရောကို လိမ်းပေးပါ။ချိုးမယ့်ရေထဲကို ထည့်ပြီးလည်းသုံးနိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်း ရေရောပြီးမှသုံးပါ။ ဓာတ်တည့်မတည့်ကိုတော့ အရေပြားမှာနည်းနည်းတို့ကြည့်ပြီး အရင်စမ်းသပ်ကြည့်ပါဦးနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.curejoy.com/content/apple-cider-vinegar-as-deodorant/

Accessed Date Oct 22, 2019.

https://www.stylecraze.com/articles/how-to-get-rid-of-underarm-odor-naturally/#gref

Accessed Date Oct 22, 2019.

 

ယခုပုံစံ

05/07/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့

ခန္ဓာကိုယ်ချွေးနံ့က ဖော်ပြနေတဲ့ သင့်ကျန်းမာရေး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ