ချွေးနံ့ပြင်းတတ်တဲ့၊ ချွေးထွက်များတတ်တဲ့သူတွေရဲ့ ပြဿနာကို ရေမွှေးဘယ်လောက်ကောင်းကောင်း မကယ်တင်နိုင်ပါဘူး။ ကိုယ့်ရဲ့ချွေးနံ့ကို လျော့အောင်လုပ်ရင်လုပ်၊ ချွေးနံ့ပျောက်ဆေးသုံးရင်သုံး ဒီလိုမှမဟုတ်ရင် ချွေးနံ့နဲ့ ရေမွှေးနံ့က သပ်သပ်စီ ဖြစ်နေတာပိုဆိုးပါတယ်။
ချွေးနံ့ပြင်းတတ်တဲ့၊ ချွေးထွက်များတတ်တဲ့သူတွေရဲ့ ပြဿနာကို ရေမွှေးဘယ်လောက်ကောင်းကောင်း မကယ်တင်နိုင်ပါဘူး။ ကိုယ့်ရဲ့ချွေးနံ့ကို လျော့အောင်လုပ်ရင်လုပ်၊ ချွေးနံ့ပျောက်ဆေးသုံးရင်သုံး ဒီလိုမှမဟုတ်ရင် ချွေးနံ့နဲ့ ရေမွှေးနံ့က သပ်သပ်စီ ဖြစ်နေတာပိုဆိုးပါတယ်။

ဒါပေမယ့် လူကြားထဲသွားရလာရနဲ့ ကိုယ့်ဆီက အနံ့ဆိုးမထွက်စေချင်တော့လည်း ချွေးနံ့ပျောက်ဆေးတွေသုံးကြပါတယ်။ ဒီနေရာမှာ စိုးရိမ်စရာရှိလာတာက ကိုယ်အမြဲသုံးနေရတဲ့ ချွေးနံ့ပျောက်ဆေးတွေရဲ့ ပါဝင်ပစ္စည်းနဲ့ အရည်အသွေးပါပဲ။ အမြဲထိတွေ့သုံးစွဲရတာကြာလာတဲ့အခါ ချိုင်းအရေပြားကိုလည်း ဓာတုပစ္စည်းတွေနဲ့ခဏတာကင်းလွတ်ခွင့်ပေးသင့်ပါတယ်။ ဒီအတောအတွင်းမှာ အောက်မှာဖော်ပြပေးထားတဲ့ သဘာဝနည်းလေးတွေက ကူညီပေးနိုင်ပါလိမ့်မယ်။
ပန်းသီးရှာလကာရည်ရဲ့ ဘက်တီးရီးယားသေစေနိုင်တဲ့အာနိသင်ကြောင့် ချိုင်းကြားတဝိုက်အရေပြားပေါ်က ချွေးနံ့ထွက်စေတဲ့ ဘက်တီးရီးယားတွေကို နှိမ်နင်းပေးနိုင်ပါတယ်။
မုန့်ဖုတ်ဆိုဒါက ချိုင်းကိုခြောက်သွေ့စေပြီး ချွေးထွက်ထိန်းစေပါတယ်။ သူ့ရဲ့အာနိသင်ကြောင့် အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားတွေကိုနှိမ်နင်းနိုင်ပါတယ်။
သံပရိုသီးက အက်စစ်ဓာတ်ပါဝင်မှုများပြီး ဘက်တီးရီးယားကိုသေစေနိုင်စွမ်းရှိပါတယ်။ သံပရိုသီးက အသားအရေရဲ့ pH အဆင့်ကို လျှော့ချပေးပြီး အနံ့ဆိုးဖြစ်စေတဲ့ဘက်တီးရီးယားကို ရှင်းလင်းပေးနိုင်ပါတယ်။
ရှားစောင်းမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝပြီး ဘက်တီးရီးယားသေစေတဲ့အာနိသင်တွေရှိပါတယ်။ ဒါ့ကြောင့်ပဲ ချွေးနံ့ပျောက်ဖို့ အတွက် အထောက်အကူပေးတဲ့ဆေးတစ်လက်ဖြစ်လာတာပါ။
အာလူးက ချွေးထွက်ခြင်းကို ထိန်းပေးပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်ပါတယ်။
ဒါပေမယ့် ရေရှည်အတွက်ဆိုရင်တော့ –
ဒီနည်းတွေကအသုံးဝင်ပေမယ့် ကိုယ့်အသားအရေက ဓာတ်မတည့်ဖြစ်လွယ်၊ ထိခိုက်လွယ်တယ်ဆိုရင်တော့ အချိန်လေးခြားပြီး မကြာမကြာပဲလုပ်ပေးပါ။ အမြဲမလုပ်ပါနဲ့။ ရေရှည်အတွက် လိုက်နာသင့်တဲ့ အမူအကျင့်တွေအနေနဲ့ –
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။