တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ
ဒီအစိတ်အပိုင်းတွေကို သေချာရော သန့်ရှင်းမိရဲ့လား .........
နေ့တိုင်း ရေချိုးကြတာနဲ့ တစ်ကိုယ်လုံးက အစိတ်အပိုင်း အားလုံးကို သန့်ရှင်းပြီးသား ဖြစ်တယ်လို့ ထင်ပါသလား။ ဒါဆိုရင် မေးစရာ ရှိပါတယ်။ ဒါကတော့ ရေချိုးတိုင်း တစ်ကိုယ်လုံးက အစိတ်အပိုင်း အားလုံးကို သေချာလေး သန့်စင် ဖြစ်ရဲ့လား ဆိုတာပါ။ သန့်ရှင်းဖြစ်တယ်ဆိုရင်လည်း ဒီအစိတ်အပိုင်းတွေကို သေချာရော သန့်ရှင်းမိရဲ့လား ......... ဆိုတာကိုတော့ ဖတ်ရင်း ဖြေကြည့်ပေးဦးနော်။ ဒီအစိတ်အပိုင်းတွေကို သေချာရော သန့်ရှင်းမိရဲ့လား ......... နေ့တိုင်းရေချိုးတယ်။ အပတ်စဉ် ခေါင်းလျှော်ဖြစ်တယ်ဆိုရင်တောင်မှ ဒီအစိတ်အပိုင်းလေးတွေကို သေချာလေး သန့်ရှင်းရေး လုပ်ဖြစ်တယ်ဆိုသူက ခပ်ရှားရှားပါ။ ကိုယ်တိုင်ရော သေချာလေး သန့်စင် ဖြစ်ရဲ့လားဆိုတာကို အတူတူ ဆန်းစစ်ကြည့်လိုက်ရအောင်နော်။ ဦးရေပြား ခေါင်းပုံမှန် လျှော်တိုင်း ဦးရေပြားကို သန့်စင်ဖြစ်တယ်လို့ မဆိုနိုင်ပါဘူး။ ခေါင်းလျှော်တဲ့အခါ ဆံသားက စေးကပ်ကပ်ဖြစ်နေတာတွေကို သက်သာသွားစေဖို့ပဲ အဓိက ထားတတ်ကြပါတယ်။ ဦးရေပြားကို လက်သည်းနဲ့ ကုတ်တာမျိုး […]
































