brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နှာခေါင်းသွေးလျှံ တဲ့အခါ ပြုစုပေးနိုင်မယ့်နည်းလမ်းများ

နှာခေါင်းထဲက ပူခနဲဖြစ်သွားတယ်။ဟော နှာခေါင်းသွေးတွေလျှံလာတာပဲ။ ငါ့မှာရောဂါတစ်ခုခုများဖြစ်နေတာလား၊ ရုပ်ရှင်တွေထဲကလိုများဖြစ်နေပြီလားလို့တွေးနေလား။ နှာခေါင်းသွေးလျှံ တာကရောဂါရှိလို့ချည်းဖြစ်တတ်တာမဟုတ်ပါဘူး။

နှာခေါင်းသွေးလျှံ တဲ့အခါ ပြုစုပေးနိုင်မယ့်နည်းလမ်းများ

နှာခေါင်းသွေးလျှံခြင်း

နှာခေါင်းသွေးလျှံခြင်းဆိုတာက နှာခေါင်းထဲမှာရှိနေတဲ့သွေးကြောကနေသွေးထွက်လာခြင်းပါ။ နှာခေါင်းက မျက်နှာေပါ်မှာရှိနေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးသွေးကြောေတာ်တော်များများကလည်း နှာခေါင်းအတွင်းမှာရှိနေပါတယ်။ ဒါကြောင့်နှာခေါင်း ထဲကသွေးကြောတစ်ခုခုကို ထိခိုက်မိတဲ့အခါမှာ နှာခေါင်းသွေးလျှံလာတာပါ။

နှာခေါင်းသွေးလျှံ တာကိုဖြစ်စေတဲ့အကြောင်းအရင်းတွေက

  • နှာခေါင်းတွင်း အမြှေးပါးခြောက်သွေ့နေတာ၊
  • နှာခေါင်းထဲမှာ အနာရှိနေတာကြောင့် နှာခေါင်းနှိုက်ရင်းထိမိတာ၊
  • နှာခေါင်းကို မတော်တဆထိခိုက်မိတာ

နှာခေါင်းသွေးလျှံတာကို သက်သာအောင်ပြုစုနည်း

ခါးမတ်မတ်လေးထိုင်ပြီးခေါင်းကိုအောက်နည်းနည်းစိုက်ထားပါ – ဒီလိုလုပ်ပေးတာက နှာခေါင်းတွေကသွေးကြောတွေပါ်မှာသွေးဖိအားသက်ရောက်မှုကို ကျဆင်းစေနိုင်ပါတယ်။ ဒီလိုလုပ်ပေးမယ့်သွေးကမတိတ်သွားဘူးဆိုရင်တော့ရှေ့ကိုနည်းနည်းကိုင်းပြီးထိုင်လိုက်ပါ။ ဒါမှသွေးတွေကို မျိုချမိတာမျိုးမဖြစ်မှာပါ။သွေးတွေကိုမျိုချမိတဲ့အခါ မအီမသာဖြစ်တာ၊အော့အန်တာေတွဖြစ်စေနိုင်တာကြောင့်ပါ။

နှာခေါင်းကို လက်ချောင်းလေးတွေသုံးပြီး ဖိထားပေးပါ – နှာခေါင်းသွေးကျတာ သက်သာစေဖို့အတွက် မျက်လုံးနှစ်ခုကြားက နှာခေါင်းရိုးကို လက်မနဲ့လက်ညှိုးသုံးပြီး ဖိထားပေးပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်အထိ နှာရိုးကို ဖိထားပေးပါ။ ဒီလိုလုပ်ပေးတာက နှာခေါင်းသွေးလျှံတာကို သက်သာစေနိုင်ပါတယ်။

ပါးစပ်နဲ့အသက်ရှုပါ – နှာခေါင်းသွေးလျှံတဲ့အခါ နှာခေါင်းကနေ အသက်ရှုတာမျိုးမလုပ်ဘဲ ပါးစပ်ကနေတဆင့်ပဲ အသက်ရှုပေးပါ။

ရင်ဘတ်ကိုချောင်ချောင်ချိချိထားပေးပါ – နှာခေါင်းသွေးလျှံတဲ့အခါ သက်တောင့်သက်သာဖြစ်အောင်ငြိမ်ငြိမ်လေးထိုင်ခိုင်းပါ။ သတိထားရမယ့်နောက်တစ်ချက်က ရင်ဘတ်မှာ အင်္ကျီတွေတင်းကျပ်မနေစေဖို့ပါ။

ခေါင်းအရမ်းမငုံ့ထားပါနဲ့ – နှာခေါင်းသွေးလျှံတဲ့အခါခေါင်းကိုခပ်မော့မော့လေးထားပေးပါ။ခေါင်းကို တအားစိုက်ထားတာမျိုးမလုပ်ပါနဲ့။ မလိုအပ်ဘဲသွေးထွက်များစေနိုင်တာကြောင့်ပါ။ နှာခေါင်းသွေးလျှံနေတုန်းမှာ လှဲမအိပ်မိဖို့လည်း သတိထားရပါမယ်။

ရေအေးအေးလေးနဲ့ သန့်စင်ဆေးကြောပေးပါ – နှာခေါင်းသွေးလျှံတဲ့အခါ နှာခေါင်းကိုရေအေးအေးသန့်သန့်လေးနဲ့ဆေးကြောပေးလိုက်ပါ။ နှာခေါင်းထဲမှာသွေးခဲတွေရှိရင်ဖယ်ရှားပေးနိုင်ပြီးသွေးတိတ်ဖို့ အထောက်အပံ့ဖြစ်စေမှာပါ။

ရေခဲကပ်ပေးပါ – နှာခေါင်းနဲ့ ပါးတဝိုက်ကို တဘက်စသန့်သန့်လေးထဲမှာရေခဲထည့်ပြီး ကပ်ပေးပါ။ ဒါကလည်းသွေးတိတ်စေဖို့ အထောက်အပံ့ဖြစ်စေမှာပါ။

ဒီလိုအခြေအနေဖြစ်ရင် ဆရာဝန်နဲ့ပြသဖို့လိုပါမယ်

  • မိနစ် ၃၀ကျော်ကြာတဲ့အထိသွေးမတိတ်ဘူးဆိုရင်
  • ခေါင်းထဲမှာ မူးနောက်နောက်ဖြစ်နေမယ်ဆိုရင်
  • နှာခေါင်းသွေးက ရုတ်တရက်လျှံလာတာ
  • ချော်လဲတာေကြာင့်ခေါင်းကိုထိခိုက်မိပြီး နှာခေါင်းသွေးလျှံတာ
  • မျက်နှာကို အထိုးခံရတာကြောင့် နှာခေါင်းသွေးလျှံ လာတာမျိုးဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။
Aye Thi Mon
Aye Thi Mon
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 09/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။