အရေးပေါ်ဆေးသေတ္တာ ဟာ မိသားစုတိုင်း ရုံးခန်းတိုင်းမှာရှိကိုရှိရမယ့်အရာတစ်ခုပါ။ ဒီသေတ္တာဟာ သိပ်အရေးမကြီးတဲ့မတော်တဆမှုတွေကို ချက်ချင်းကုသပေးနိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ဒါဆိုရင် ဒီအရေးပေါ်ဆေးသေတ္တာထဲမှာ ဘာတွေပါသင့်ပါသလဲ။
အရေးပေါ်ဆေးသေတ္တာ ဟာ မိသားစုတိုင်း ရုံးခန်းတိုင်းမှာရှိကိုရှိရမယ့်အရာတစ်ခုပါ။ ဒီသေတ္တာဟာ သိပ်အရေးမကြီးတဲ့မတော်တဆမှုတွေကို ချက်ချင်းကုသပေးနိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ဒါဆိုရင် ဒီအရေးပေါ်ဆေးသေတ္တာထဲမှာ ဘာတွေပါသင့်ပါသလဲ။

ပြင်ဆင်မှု
အရေးပေါ်ဆေးသေတ္တာကို ဆေးဆိုင်တွေမှာဝယ်ယူရရှိနိုင်သလို သင်ကိုယ်တိုင်ပြုလုပ်ယူလို့လည်းရနိုင်ပါတယ်။
ပထမဆုံး သင့်မှာ တာရှည်ခံပြီး သယ်ဆောင်ရလွယ်ကူပေါ့ပါးတဲ့ အလွယ်တကူဖွင့်လို့ရနိုင်တဲ့ သေတ္တာတစ်ခုလိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ပလတ်စတစ်နဲ့လုပ်ထားတာကို ရွေးပါ။
အရေးပေါ်ဆေးသေတ္တာထဲမှာဘာတွေပါသင့်သလဲ။
အခြေခံပါရမယ့် ပစ္စည်းများ
• အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုး ရှိတဲ့ ပလာစတာများ
• အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုး ရှိတဲ့ ပိုးသတ်ထားတဲ့ဂွမ်းစများ
• အရွယ်အစားအမျိုးမျိုး၊ ပုံစံအမျိုးမျိုး ရှိတဲ့ တိပ်တွေနဲ့ ပတ်တီးတွေ
• ဂွမ်းလုံး
• ဆွဲဆန့်လို့ရတဲ့ ပတ်တီး
• တွယ်ချိတ်များ (ပတ်တီးစည်းပြီး ပြန်မပြုတ်စေရန်တွယ်ချိတ်ဖို့ အသုံးပြုသည် )
• ရေခဲအိတ်
• ပိုးသတ်ထားတဲ့ လက်အိတ်
• ပိုးသတ်ဆေးရည်
• ဒဏ်ရာသန့်စင်ရန်အတွက် ပေါင်းခံရည်
• သာမိုမီတာ
• ဇာဂနာ
• Splint (ကြပ်စည်းသည့်အပြား)
• ကပ်ကြေး
• သေတ္တာထဲပါဝင်သမျှပစ္စည်းအားလုံးအတွက် အသုံးပြုနည်းလမ်းညွှန်များ
• ဆေးခွက်၊ဇွန်း သို့မဟုတ် ဆေးထိုးအပ်များ
ဆေးဝါးများ
• အရေးပေါ်အခြေအနေအတွက် ဆရာဝန်ညွှန်ကြားချက်ပါသော ဆေးဝါးများ
• Antihistamine (ဓါတ်မတည့်ခြင်းများအတွက် ဆေး)
• Ibuprofen သို့မဟုတ် aspirin ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ
• အအေးမိချောင်းဆိုးပျောက်ဆေး
• ဝမ်းပိတ်ဆေး
• မျက်လုံးဆေးသောအရည်
• ပိုးသတ်ဆပ်ပြာ၊ လိမ်းဆေး၊ခရင်မ်၊ lotion၊ ethyl alcohol, ချောဆီ၊ နေရောင်ကာလိမ်းဆေး၊ လက်ဆေးဂျယ်လ်၊ အင်းဆက်ပိုးမွှားများ မကိုက်စေရန်လိမ်းသော လိမ်းဆေး
အရေးပေါ်ပစ္စည်းများ
• ရဲစခန်း၊ ဆေးရုံ၊ဆေးခန်းစတာတွေပါဝင်တဲ့ အရေးပေါ်ဖုန်းနံပါတ်များ
• မိသားစုဝင်တွေနဲ့ မိသားစုဆရာဝန်ကိုဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်
• မိသားစုဝင်အားလုံးရဲ့ ကျန်းမာရေးမှတ်တမ်း၊ လက်ရှိသုံးစွဲနေတဲ့ဆေးဝါးများအပါအဝင်
• ဓါတ်မီးနှင့် ဓါတ်ခဲများ၊ မီးခြစ်ဆံများ
• စောင်
• နေရောင်ခြည်သုံးအားဖြည့်စက်ပါဝင်တဲ့ ဆဲလ်ဖုန်း
နောက်ထပ်ဘာတွေလုပ်ရဦးမလဲ။
ဆေးသေတ္တာထဲပါဝင်တဲ့ ပစ္စည်းတစ်ခုချင်းစီရဲ့အသုံးပြုပုံတွေကိုသေချာဖတ်ပြီး လိုအပ်တဲ့အခါမှာ မှန်ကန်စွာအသုံးပြုပါ။
ဆေးသေတ္တာကို လူကြီးတွေအလွယ်တကူလက်လှမ်းမှီနိုင်တဲ့နေရာမှာထားပြီး ကလေးတွေမမှီနိုင်တဲ့နေရာမှာထားပါ။
ရက်လွန်သွားတဲ့ပစ္စည်းတွေကိုဖယ်ရှားဖို့နဲ့ ကုန်သွားတဲ့ပစ္စည်းတွေကို အစားထိုးနိုင်ဖို့ ဆေးသေတ္တာကို ပုံမှန်စစ်ဆေးပါ။
ဓါတ်မီးသို့မဟုတ် ဘက်ထရီကဲ့သို့သော အီလက်ထရောနစ်ပစ္စည်းတွေ သုံးလို့ရ၊မရ သေချာစစ်ပါ။
ခရီးသွားရာမှာ သင့်ခရီးဆောင်အိတ်ထဲ ဆေးသေတ္တာပါနေတာ သေချာပါစေ။
ကလေးတွေအတွက် ဆေးသတ္တာကိုဘယ်လိုသုံးရမယ်ဆိုတာ သေချာညွှန်ကြားပါ။
သင့်အိမ်၊ ကား၊ အလုပ်နေရာတွေမှာ ဆေးသေတ္တာတစ်ခုစီထားပြီး အိတ်ထဲမှာ သေးငယ်ပြီးသယ်ဆောင်ရလွယ်တဲ့ အရေးပေါ်ဆေးသေတ္တာတစ်လုံးထားပါ။
ကောင်းမွန်တဲ့ အရေးပေါ်ဆေးသေတ္တာတစ်လုံးဟာ အသေးစားထိခိုက်ဒဏ်ရာရမှုကနေပြီး အရေးပေါ်အခြေအနေတွေအထိ အခြေအနေအမျိုးမျိုးမှာ ကူညီပေးနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ