brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Pepper Spray နဲ့ ဖြန်းခံထိတဲ့အခါ

Pepper Spray (ငရုတ်ကောင်း စပရေး) ဆိုတာကို လူတိုင်း ကြားဖူးမှာပါ။ ဒီစပရေးကို ကာကွယ်ရေးအတွက် သုံးကြပေမယ့် မတော်တဆ ကိုယ့်ကိုကိုယ် ပြန်ပက်မိတဲ့အခါ ဒါမှမဟုတ် သူများပက်တာ ခံလိုက်ရတဲ့အခါမှာ ဘယ်လို သက်သာအောင် လုပ်မလဲ ဆိုတာကို ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

Pepper Spray နဲ့ ဖြန်းခံထိတဲ့အခါ

Pepper Spray ဆိုတာ

ငရုတ်ကောင်း စပရေး ဆိုတာ မျက်လုံးကို မျက်ရည်ကျအောင် လှုံ့ဆော်ပေးတဲ့အရာပါ။ ဒီစပရေးက စပရေးပုလင်းတွေထဲကနေ ထွက်လာတာပါ။

ငရုတ်ကောင်း စပရေးမှာ အဓိက ပါဝင်နေတာက oleoresin capsicum လို့ သိကြတဲ့ အဆီ တစ်မျိုးပါ။ ဒီအဆီကို ငရုတ်သီးကနေ ထုတ်ထားတဲ့အဆီနဲ့ အပင်ကနေရတဲ့ အဆီတွေကနေ ထုတ်ထားတာပါ။ ပူစပ်တဲ့ ငရုတ်သီးတွေရဲ့ အဆီကနေ အဓိက ထုတ်ထားတာပါ။

Pepper spray (ငရုတ်ကောင်း စပရေး) မျက်လုံးထဲ ဝင်တဲ့အခါ မျက်လုံးက ချက်ချင်း ပိတ်သွားပြီး မျက်လုံးမှာ အပြင်းအထန် နာကျင်တာ၊ ခေတ္တခဏ မျက်လုံး ကွယ်တာမျိုး ခံစားရနိုင်ပါတယ်။

Pepper spray (ငရုတ်ကောင်း စပရေး) ကြောင့် ဘာတွေ ထိခိုက်စေနိုင်လဲ။

Pepper spray (ငရုတ်ကောင်း စပရေး) ကြောင့် အခုလို ထိခိုက်စေနိုင်ပါတယ်။

  • ချောင်းခြောက်ဆိုးမယ်။ အသက်ရှူရခက်မယ်။
  • အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်မယ်။
  • အသက်ရှူရခက်မယ်။
  • လည်ချောင်းထဲမှာ ပူစပ် ပူလောင် ဖြစ်မယ်။
  • ရင်ဘတ်အောင့်မယ်။
  • နှာစေးမယ်။
  • လေရှူလို့ မဝဖြစ်မယ်
  • စကားပြေလို့ မရဖြစ်မယ်
  • မူးဝေမယ်
  • သတိလစ်မယ်
  • အဖုအပိမ့်တွေထွက်မယ်။ ရေကြည်ဖုထမယ်။ အရေပြားမှာ အပူလောင်သလိုတွေ ဖြစ်မယ်စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

ငရုတ်ကောင်း စပရေး ထိမိတဲ့အခါ မျက်လုံးကို ပွတ်တာကြောင့် မျက်လုံး ထိခိုက်တာ၊ မျက်ကြည်လွှာ ပွန်းတာတွေ ခံစားရတာ ၁၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။

ဒီစပရေးကြောင့် ပူတာ စပ်တာ၊ နာကျင်တဲ့ လက္ခဏာတွေကို နေအိမ်မှာတင် သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။ ဒီလက္ခဏာတွေက ကုသမှု ခံယူစရာ မလိုဘဲ မိနစ် ၃၀ အတွင်းမှာ သက်သာသွားမှာ ဖြစ်ပါတယ်။

အဆုတ်ကျန်းမာရေး မကောင်းသူတွေမှာတော့ ချောင်းဆိုးတာက တာရှည်နိုင်ပါတယ်။ ပန်းနာရင်ကျပ်ရှိသူတွေ၊ နာတာရှည် အဆုတ်ရောင် ရောဂါ ရှိသူတွေက ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကို ခံစားရနိုင်ပါတယ်။

ငရုတ်ကောင်း စပရေး ထိပြီး အသားတွေ ပြာနှမ်းလာတာက သွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု နည်းနေပြီဆိုတာကို ပြသတာပါ။ ဒါကလည်း ဖြစ်ခဲပါတယ်။

နောက်ဆက်တွဲဘာတွေ ဖြစ်နိုင်သေးလဲ

ငရုတ်ကောင်း စပရေး ထိမိတယ်ဆိုရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ အနေနဲ့

  • သတိလစ်တာ
  • အသက်ရှူရ ခက်တာ
  • ရင်ဘတ်အောင့်တာတွေ ခံစားရနိုင်ပါတယ်။

သာမန်လူတွေမှာ သေတာက ဖြစ်ခဲပါတယ်။ ပန်းနာရင်ကျပ်ရောဂါ ရှိသူတွေမှာတော့ သေဆုံးတာ ဖြစ်နိုင်ပါတယ်။ နောက်ဆက်တွဲ ပြဿနာတွေက တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ အပြင်းထန်ဆုံး ထိခိုက်နိုင်တဲ့ အစိတ်အပိုင်းတွေကတော့ မျက်လုံးတွေ၊ အရေပြားနဲ့ အသက်ရှူလမ်းကြောင်းတွေပါ။

ဘယ်လို သက်သာအောင် လုပ်မလဲ။

ငရုတ်ကောင်း စပရေးနဲ့ ထိမိတဲ့အခါ သက်သာစေဖို့ဆိုရင်

  • လေကောင်းလေသန့် ရတဲ့နေရာကို ခပ်မြန်မြန် သွားပါ။
  • ထိမိတဲ့နေရာကို ရေအေးရေသန့် များများနဲ့ ဆေးချပါ။
  • မျက်လုံး နားကို ထိမိမယ် ဆိုရင်တော့ အရေပြားကို ကျိန်းစပ်စေနိုင်တာကြောင့် ဆပ်ပြာ မသုံးပါနဲ့။
  • ထိမိထားတဲ့ အဝတ်အစားတွေကို ချက်ချင်း ဖယ်ရှားပါ။
  • စပရေး ထိမိတဲ့နေရာကို ကိုင်တွယ် ထိတွေ့တာမျိုး မလုပ်ပါနဲ့။
  • ဓာတုပစ္စည်းတွေ ထွက်သွားစေဖို့ မျက်လုံးကို ခပ်မြန်မြန် ပိတ်လိုက် ဖွင့်လိုက် လုပ်ပါ။

ငရုတ်ကောင်း စပရေး ထိမိတဲ့အခါ ဆေးကြောဖို့ ရေသန့်သန့်ကိုပဲ သုံးဖို့ အကြံပြုပါရစေ။

Dr. Phyo Wai Lynn
Dr. Phyo Wai Lynn
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 08/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။