ခုကာလက ကူးစက်ပြန့်နှံ့လွယ်တဲ့ COVID_19 ဖြစ်နေတာကြောင့် အချိန်တော်တော်များများကို နေအိမ်မှာပဲ ကုန်ဆုံး နေရတယ်နော်။ ဒီကာလမှာ အပြင်ထွက်ရင် ရောဂါကူးစက်နိုင်ခြေများတာကြောင့် နေအိမ်မှာနေရင်း အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်တဲ့ ထိခိုက်တာတွေ မဖြစ်စေဖို့ ဘယ်လို သတိထားကြမလဲ… ဖြစ်လာခဲ့ရင်ကော ဘယ်လို စောင့်ရှောက် ဂရုစိုက်မလဲ… ဒီဆောင်းပါးလေးကနေ မျှဝေပေးပါရစေ။
နေအိမ်ထဲက အများဆုံး သွားလာနေထိုင်မိနိုင်တဲ့နေရာတွေက ဘာတွေဖြစ်မလဲ………
ရုံးတက်နေရချိန်က မနက်ရုံးသွား ညနေရုံးပြန်ရင်း နေအိမ်ရဲ့ နေရာတိုင်းကို လျှောက်မသွားနိုင်ပေမယ့် ခုလို Stay at Home နေချိန်မှာတော့ နေအိမ်ရဲ့ နေရာတော်တော်များများကို သွားလာမိနေနိုင်ပါတယ်။ ဘယ်နေရာတွေကို အများဆုံး သွားမိမယ်ထင်လဲ………
အခြားနေရာတွေကို သွားမိနိုင်ပေမယ့် ဒီအခန်းတွေမှာ နေမိချိန်လောက် မများပါဘူး။
အိမ်မှာနေရင်း ထိခိုက်မိနိုင်တဲ့ ထိခိုက်ဒဏ်ရာကတစ်ခုမကပါဘူး။ နေရာအလို်က ထိခိုက်မိနိုင်တဲ့ ဒဏ်ရာတွေက ဘာတေါ ဖြစ်မလဲဆိုတာကို ပြောပြပေးမယ်နော်။
ဧည့်ခန်း
- ခလုတ်တိုက်တာကြောင့် မတော်တဆထိခိုက်မိနိုင်တယ်
- အစူး စူးမိနိုင်တယ်
- အရေပြား အညိုအမည်းစွဲတဲ့ ဒဏ်ရာရနိုင်တယ်
- ပွန်းပဲ့ဒဏ်ရာ ရနိုင်တယ်။
- ခလုတ်တိုက်တာကြောင့် မတော်တဆထိခိုက်မိနိုင်တယ်
- ချော်လဲနိုင်တယ်
- ပွန်းပဲ့ဒဏ်ရာရနိုင်တယ်။
အိမ်သာ
- ခလုတ်တိုက်တာကြောင့် မတော်တဆထိခိုက်မိနိုင်တယ်
- ချော်လဲနိုင်တယ်
- ပွန်းပဲ့ဒဏ်ရာရနိုင်တယ်။
ဒီလို ဒဏ်ရာတွေရရင် ဘာလုပ်ရမလဲ……………
ထိခိုက်ဒဏ်ရာတွေကွဲပြားသွားပေးမယ့် ဒဏ်ရာစောင့်ရှောက်နည်း အခြေခံအချက်တွေကတော့ အတူတူပါပဲ။ ထိခိုက်ဒဏ်ရာတစ်ခုရခဲ့ရင်
လက်ဆေးပါ
အနာကို ပိုးမဝင်စေဖို့ အနာကို မထိတွေ့ခင် လက်ဆေးပါ။လက်ဆေးတဲ့အခါ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဆပ်ပြာနဲ့ ရေကို အသုံးပြုပါ။
သွေးတိတ်အောင်လုပ်ပါ
အနာကို ပတ်တီးစသန့်သန့် ဒါမှမဟုတ် ဂွမ်းစသန့်သန့်နဲ့ ခပ်ဖွဖွလေးဖိထားပြီး သွေးတိတ်အောင် အရင်လုပ်ပါ။
အနာကို ဆေးကြောပါ
ပြီးရင်တော့ အနာကို အရက်ပြန်နဲ့ ဂွမ်းစသုံးလို့ သေချာသန့်စင်ပါ။ အနာတဝိုက်ကို သေသေချာချာပိုးသတ်ပါ။ အနာသန့်စင်မှု က အနာကျက်စေဖို့ တော်တော်လေး အရေးပါပါတယ်။ အပူလောင်ဒဏ်ရာကိုတော့ ဒီလိုသန့်စင်ဖို့ မလိုပါဘူး။
ပြင်ပအရာဝတ္ထုတွေကို ဖယ်ရှားပါ
ဖန်ကွဲစ၊ သံစလေးတွေလိုမျိုး အရာလေးတွေက အနာကို သန့်စင်ချိန်မှာ ထွက်မသွားဘူးဆိုရင် ဇာဂနာကို အရက်ပြန်စွတ်လို့ ဖယ်ရှားပေးရပါမယ်။
ဆေးထည့်ပါ
အနာကို သန့်စင်ပြီးပြီဆိုရင်တော့ ဘက်တီးရီးယားတွေ ဝင်ရောက်တာမျိုး မရှိစေဖို့ အနာအတွက်ထုတ်ထားတဲ့ လိမ်းဆေးတစ်ခုခုကို လိမ်းပေးရပါမယ်။ ဒါမှ အနာက ပိုးဝင်ကူးစက်မှုကင်းပြီး နောက်ဆက်တွဲ ပြဿနာတွေ ကင်းစေမှာပါ။
ဒဏ်ရာကြီးရင် ပတ်တီး…. ဒဏ်ရာသေးရင် ပလာစတာ………..
အနာကို ပြင်ပက ဘက်တီးရီးယားတွေ၊ ဖုန်မှုန့် နဲ့ အညစ်အကြေးတွေ မဝင်စေဖို့ဆိုရင် ဖုံးအုပ်ထားဖို့ လိုပါမယ်။ ဒီတော့ အနာ အရွယ်အစားကိုလိုက်ပြီး အနာသေးရင်တော့ ပလာစတာ။ အနာကြီးရင်တော့ ပတ်တီးကို အသုံးပြုပေးပါ။
အနာကို ပုံမှန်စစ်ဆေးပါ
အနာကို တစ်နေ့ကို ၂ ကြိမ် ပုံမှန် ဆေးထည့်သန့်စင်ရပါမယ်။ အနာအခြေအနေလည်း လေ့လာရင်း ပိုးမဝင်အောင်လည်း ဂရုစိုက်ရင်းပါ။
ရေခဲဝတ်ကပ်ပါ
အနာတိုင်းမလိုပေမယ့် အရေပြား အညိုအမဲစွဲတဲ့ ဒဏ်ရာမျိုးဆိုရင်တော့ ရေခဲဝတ်ကပ်ပေးတာက သက်သာစေမယ့် နည်းလမ်းတစ်ရပ်ပါ။
အာဟာရပြည့်ဝအောင်စားပါ
အနာကျက်စေဖို့ဆိုရင် အာဟာရပြည့်ဝအောင်စားရပါမယ်။ ဒီတော့ အရောင်အသွေးစုံစုံလင်လင်လေး စားပေးပါ။
အိပ်ရေးဝပါစေ
ပြည့်ဝတဲ့ အိပ်စက်မှုက ကိုယ်ခံအားကောင်းစေပြီး အနာကျက်စေနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[covid_19]