backup og meta

အနာကပ်ပလာစတာသုံးသူတိုင်း သိသင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေ။ ။

တစ်ခုခုထိခိုက်မိပြီး အနာဖြစ်ဖူးတဲ့သူ၊ ဒဏ်ရာရဖူးတဲ့သူတွေ ရှိကြပါသလား။ လူတိုင်းဖြစ်ဖူးကြမှာပါ။ မတော်တဆထိခိုက်မိလို့ပဲဖြစ်ဖစ်၊ ရန်ဖြစ်လို့ပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်နာကျင်အောင်လုပ်တာပဲဖြစ်ဖြစ် အကုန်လုံးက ထိခိုက်ဒဏ်ရာကနေ ပြေးမလွတ်ပါဘူး။

အနာကပ်ပလာစတာသုံးသူတိုင်း သိသင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေ။ ။

တစ်ခုခုထိခိုက်မိသွားလို့ ဖြစ်လာတဲ့ အနာတွေကို ဘယ်လို ကုသရမလဲ။

ဒဏ်ရာသေးရင်တော့ အနာကပ်ပလာစတာသာကပ်ကြပြီး ၊ ဒဏ်ရာကြီးရင်တော့ ပတ်တီးစည်းတတ်ကြပါတယ်။ ပတ်တီးစည်းရတဲ့ အဆင့်လောက်ဆို အနာက တော်တော်လေးကြီးနေပြီမို့ ဆေးခန်းသွားပြီး ကုမှရတာပါ။ အဲဒီအခါကျရင် ဆရာဝန်က ပတ်တီးစည်းရင်လုပ်သင့်တဲ့ရှောင်ရန်ဆောင်ရန်တွေ တစ်ခါတည်းပြောလိုက်မှာပါ။ အနာကပ်ပလာစတာကကျတော့ ကိုယ့်ဘာသာ အိမ်မှာပဲ လွယ်လွယ်ဝယ် သုံးနေကြတဲ့ အတွက် သူနဲ့ ပက်သက်တဲ့ ရှောင်ရန်ဆောင်ရန်တွေကျတော့ မသိဖြစ်နေတတ်ကြပါတယ်။ ဒဏ်ရာမြန်မြန်ကျက်ချင်လို့၊ ပိုးမဝင်စေချင်လို့ အနာကပ်ပလာစတာသုံးခါမှ အသုံးမတတ်လို့ ပိုဆိုးသွားတဲ့ အနာတွေ အများကြီးရှိပါတယ်. ဒါကြောင့် အနာကပ်ပလာစတာ သုံးသူတိုင်း သိထားသင့်တဲ့ ရှောင်ရန်ဆောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်။ ။

ဆောင်ရန် အချက်များ။ ။

  • အနာကပ်ပလာစတာ ဝယ်တော့မယ်ဆိုရင် ကိုယ်ဝယ်လိုက်တဲ့ အနာကပ်ပလာစတာဘူးရဲ့ သက်တမ်းကုန်ဆုံးရက်ကို စစ်ကြည့်ဖို့ မမေ့ပါနဲ့။
  • အနာကပ်ပလာစတာအခွံပြဲနေရင် ဆက်မသုံးပါနဲ့တော့။
  • လက်ကို ပိုးသေအောင် သေချာဆေးြပီးမှ အနာကပ်ပလာစတာ ကိုကိုင်ပါ။
  • ဆေးရှိတဲ့နေရာနဲ့ အနာကိုသေချာထိအောင်ချိန်ပြီးမှ အနာကပ်ပလာစတာကပ်ပါ။
  • မိုးရာသီ ( ဒါမှမဟုတ်) အနာနဲ့ရေနဲ့ထိနိုင်တဲ့ အခါမျိုးဆိုရင် ရေစိုခံ အနာကပ်ပလာစတာကို ရွေးသုံးပါ။
  • အနာကပ်ပလာစတာကို တစ်နေ့ နှစ်ခုလဲပေးပါ။
  • သုံးပြီးသား အနာကပ်ပလာစတာတွေကို တွေ့ရာနေရာမှာလျှောက်မထားဘဲ စနစ်တကျ လွှင့်ပစ်ပါ။

ရှောင်ရန် အချက်များ။ ။

  • အနာကပ်ပလာစတာနဲ့ အသားကြားထဲမှာ နေရာလွတ်ရှိမနေသင့်ပါဘူး။
  • အပြင်က ပိုးတွေ မဝင်အောင်၊ အနာကျက်မြန်အောင် အနာကပ်ပလာစတာကပ်ရမယ်ဆိုပြီး တစ်ချိန်လုံးကြီး ကပ်မထားပါနဲ့။ ဖုန်ထူတဲ့နေရာ တွေ ၊ အပြင်တွေသွားရင်တော့ ပလာစတာ မဖြစ်မနေကပ်ထားသင့်ပြီး ညဘက် အိမ်ပြန်ရောက်ရင်တော့ ပလာစတာကို ခွာပြီးမှ အိပ်ပါ။ အနာကို ပြင်ပကအောက်ဆီဂျင်နဲ့ ထိတေ့ွပေးဖို့လည်း လိုသေးတယ်လေ။
  • အနာကို ပလာစတာကပ်ရင် တင်းတင်းကြပ်ကြပ် မစည်းပါနဲ့။ အနာဆီကို သွေးတွေ မရောက်နိုင်ရင် အနာကျက်တာလည်း နှေးသွားနိုင်တဲ့ အတွက်ကြောင့်ပါ။
  • အနာကို ကြည့်ချင်လို့ဆိုပြီး ပလာစတာကို သွားခွာလိုက်၊ ပြန်ကပ်လိုက် မလုပ်သင့်ပါဘူး။ အနာကိုဆွပေးသလိုဖြစ်လို့ ပိုးတွေဝင်ပြီး အနာကျက်နှေးတတ်ပါတယ်။
  • အနာကျက်ခါနီးရင် အနာယားတတ်တာ ထုံးစံဖြစ်တဲ့အတွက် အနာကပ်ပလာစကာ အပေါ်ကနေ အနာကို လက်နဲ့ကိုင်တာမျိုး၊ ကုတ်တာမျိုးတွေက မလုပ်သင့်တဲ့အရာတစ်ခုပါ။

ခုပြောပြခဲ့တာတွေကတော့ အနာကပ်ပလာသုံးသူတိုင်း သိထားသင့်တဲ့ ရှောင်ရန် ဆောင်ရန် အချက်တွေဖြစ်ပါတယ်။ လူတိုင်းက အနာတွေ၊ ဒဏ်ရာတွေနဲ့ မကင်းနိုင်တဲ့အတွက် ခုပြောပြတဲ့ အချက်လေးတွေက တစ်နေရာရာမှာ အသုံးဝင်မယ်လို့ ထင်ပါတယ်။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။ ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Do’s and Don’ts to Ensure Proper Wound Healinghttps://medicalobserverph.com/growingkids-10-dos-and-donts-to-ensure-proper-wound-healing/ Accessed date 31.10.2018

5 Things you shouldn’t do to heal a woundhttps://www.health24.com/PartnerContent/5-things-you-shouldnt-do-to-heal-a-wound-20180806Accessed date 31.10.2018

ယခုပုံစံ

15/10/2021

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပလာစတာနဲ့ ပတ်တီးကို ဘယ်လိုသုံးရမလဲ

အမာရွတ်နဲ့အကျည်းမတန်စေဖို့ အနာကျက်မြန်အောင် ဘယ်လိုဂရုစိုက်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 15/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ