backup og meta

သွေးပေါင်ကျနေတဲ့သူကို အရေးပေါ်ဘယ်လိုပြုစုမလဲ

အရာရာက အစွန်းနှစ်ဖက်ရှိစမြဲပါနော်။ ဒီလိုပါပဲ သွေးတိုးတယ်၊ သွေးပေါင်တက်တယ်ဆိုတာမျိုးရှိသလို သွေးပေါင်ကျတယ်ဆိုတာကလည်း ရှိပါတယ်။ ဘယ်အစွန်းမှကတော့မကောင်းဘူးပေါ့။ သွေးပေါင်တက်တာကြောင့် ခန္ဓါကိုယ်မှာ ထိခိုက်နိုင်သလို သွေးပေါင်ကျတာကလည်း ထိခိုက်စေတာပါပဲ။ အသက်ဆုံးရှုံးသည်အထိပြင်းထန်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ သွေးတိုးလောက်အဖြစ်မများပေမယ့် သတိထားသင့်ပါတယ်နော်။ ဒီတစ်ခေါက်တော့ မြင်ရခဲပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံလာခဲ့ရင် အကောင်းဆုံးကူညီပေးနိုင်စေဖို့အတွက် သွေးပါင်ကျတဲ့အခါ လုပ်ဆောင်ပေးသင့်တဲ့ ရှေးဦးသူနာပြုစုနည်းေလးကို ပြောပြပေးပါရစေနော်။

သွေးပေါင်ကျနေတဲ့သူကို အရေးပေါ်ဘယ်လိုပြုစုမလဲ

သွေးပေါင်ကျတယ်ဆိုတာ

သွေးပေါင်ကျတယ်ဆိုတာက လူတစ်ယောက်မှာရှိသင့်တဲ့ သွေးပေါင်ချိန်ထက်လျော့နည်းနေတဲ့အနေအထားပါ။ အပေါ်သွေးက ၉၀ mmHg ရှိပြီး အောက်သွေးက ၆၀ mmHg ဖြစ်နေမယ်ဆိုရင် သွေးပေါင်ကျနေပြီလို့သတ်မှတ်ရပါမယ်။ သွေးပေါင်ကျတဲ့အခါ ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီကို သွေးလုံလောက်အောင်မရောက်ရှိတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

လက္ခဏာတွေက

သွေးပေါင်ကျတာက သွေးတိုးတာလောက်တော့ လက္ခဏာတွေသိသိသာသာပြတာမျိုးမရှိတတ်ပါဘူး။ ဒါပေမယ့် လုံးဝလက္ခဏာမရှိတာမျိုးတော့မဟုတ်ပါဘူး။ သွေးပေါင်ကျနေတဲ့အခါ ဒီလိုမျိုးလက္ခဏာတွေခံစားရနိုင်ပါတယ်။

  • ခေါင်းထဲကမူးနောက်နောက်ဖြစ်နေမယ်
  • ခေါင်းထဲမှာ ပေါ့ပေါ့ကြီးဖြစ်နေမယ်
  • ထိုင်ရကနေ ထလိုက်ရင်ဖြစ်ဖြစ်၊ ရုတ်တရက်ထရာကနေထိုင်လိုက်ရင်ဖြစ်ဖြစ် ခေါင်းထဲကနေ မိုက်ခနဲမူးမယ်
  • ကတုန်ကယင်ြဖစ်မယ်
  • အိပ်ချင်နေမယ်
  • ချွေးစေးတွေပြန်မယ်
  • ကယောင်ကတမ်းပြောမယ်
  • ခြေလက်တွေမသယ်ချင်ဖြစ်မယ်
  • ခြေဖျားလက်ဖျားနဲ့ အသားတွေ အေးစက်မယ်
  • အသက်ရှုရခက်လာမယ်
  • အသက်ရှုနှုန်းကျလာမယ်။

ပြင်းထန်တဲ့နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်မလဲ

သွေးပေါင်ကျတာက သွေးတိုးတာလောက် သိပ်မပြင်းထန်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ သွေးပေါင်ကျတာကလည်း အချိန်ကြာမြင့်လာတဲ့အခါ ပြင်းထန်တဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေအနေနဲ့

သွေးပေါင်ကျနေသူကို ဘယ်လိုအရေးပေါ်ပြုစုပေးမလဲ

သွေးပေါင်ကျနေသူကို ဆေးရုံဆေးခန်းကိုမပို့ခင်မှာ ဒီနည်လေးတွေသုံးပြီး ပြုစုပေးလို့ရပါတယ်။

သက်တောင့်သက်သာလှဲခိုင်းပါ– သွေးပေါင်ကျတာကြောင့် ခေါင်းမူးနေတယ် ဒါမှမဟုတ် ရီဝေဝေဖြစ်နေတယ်၊ သတိလစ်တာတွေဖြစ်မယ်ဆိုရင်အရင်ဆုံး သက်တောင့်သက်သာဖြစ်အောင်လှဲထားပေးပါ။ မျက်လုံးလေးတွေကို မှိတ်ထားခိုင်းပါ။ အသက်မှန်မှန်ရှုခိုင်းပါ။

ဓါတ်ဆားရည်တိုက်ပါ – ပါးစပ်ကနေသောက်လို့ရတဲ့ အငန်ဓါတ်ပါတဲ့ သောက်စရာတွေဖြစ်တဲ့ ဓါတ်ဆားရည်၊ သီးစုံဓါတ်ဆားနဲ့ အခြားသော ခန္ဓါကိုယ်အတွက် ဆားဓါတ်နဲ့ ရေဓါတ်ဖြည့်ပေးတဲ့သောက်စရာလေးတွေကိုတိုက်ပေးပါ။ အုန်းစိမ်းရည်တိုက်ပေးလို့လည်းရပါတယ်။ ကိုယ်တွင်း Electrolyte တွေမျှတသွားစေဖို့အတွက်ပါ။ ဆီးချိုရှိတဲ့သူဆိုရင်တော့ အချိုဓါတ်လုံးဝမပါတဲ့ ဓါတ်ဆား၊ ဒါမှမဟုတ် အုန်းစိမ်းရည်က အသင့်တော်ဆုံးပါ။ တစ်ခွက်စာကုန်အောင်တိုက်ပေးပါ။

ရေတိုက်ပါ – ဓါတ်ဆားအဆင်သင့်မရှိဘူးဆိုရင် ရေများများတိုက်ပေးလို့ရပါတယ်နော်။ ရေထဲကို ဆားနည်းနည်း၊ သကြားနည်းနည်းထည့်တိုက်လို့ရပါတယ်။ ဒီလိုတိုက်ပေးတာက သွေးပေါင်တက်စေသလို ကိုယ်တွင်း ဂလူးကို့စ်ပမာဏကို လည်း တိုးတက်စေနိုင်ပါတယ်။

ဆားနည်းနည်းစားခိုင်းပါ – ဆားက သွေးပေါင်တက်စေဖို့ အမြန်ဆုံးလုပ်ပေးနိုင်မှာပါ။ ဒါကြောင့် ဆားလက်ဖက်ရည်ဇွန်းရဲ့ ၄ ပုံ ၁ စာလောက်ကိုစားခိုင်းပေးပါ။

ပြီးရင်တော့ ဆရာဝန်နဲ့ပြသကြည့်ရပါမယ်။ သွေးပေါင်ချိန်က အမြဲလိုလိုတိုင်းသင့်ပါတယ်နော်။ နောက်တစ်ချက်သတိထားရမှာက လူတစ်ယောက်နဲ့တစ်ယေက်မှာ သွေးတိုးတဲ့ ပမာဏချင်းမတူနိုင်လို သွေးပေါင်ကျတဲ့ အခြေအနေချင်းလည်းကွာခြားနိုင်ပါတယ်။ အချို့လူတွေက သွေးပေါင်ချိန် အပေါ်သွေး ၁၁၀ mmHg အောက်သွေး ၆၀ mmHg ဖြစ်တာတောင်မှ သွေးပေါင်ကျတဲ့ လက္ခဏာတစ်စုံတရာမခံစားရတာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ကျတတ်တယ်ဆိုရင် အစားအသောက်အနေအထိုင်ကို သေချာဂရုစိုက်ပြီး ဖြစ်လာခဲ့ရင်လည်း အမြန်ဆုံးဆရာဝန်နဲ့ သွားရောက်ပြသဖို့အကြံပြုပါရစေ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Nine ways to raise blood pressure https://www.medicalnewstoday.com/articles/319506.php Accessed Date 2 March 2019

Low blood pressure (hypotension) https://www.mayoclinic.org/diseases-conditions/low-blood-pressure/diagnosis-treatment/drc-20355470 Accessed Date 2 march 2019

Understanding Low Blood Pressure — Diagnosis and Treatment https://www.webmd.com/heart/understanding-low-blood-pressure-treatment#1 Accessed Date 2 March 2019

First-aid for low blood pressure https://www.thehealthsite.com/diseases-conditions/first-aid-for-low-blood-pressure-b1215/ Accessed Date 2 March 2019

ယခုပုံစံ

07/07/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုအတက်အကျ အရေးပေါ်အခြေအနေ ဘယ်လိုပြုစုမလဲ

အပူရှပ်တဲ့အခါ အရေးပေါ် ဘယ်လိုပြုစုကုသရမလဲ



Aye Thi Mon မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ