မတော်တဆထိခိုက်မိတာကရှောင်လွှဲလို့မရတဲ့ပြဿနာပါ။ အချိန်မရွေးတွေ့ကြုံခံစားရနိုင်ပါတယ်။ သွားရင်းလာရင်းဖြစ်ဖြစ်၊ အိမ်အလုပ်တွေလုပ်ရင်းဖြစ်ဖြစ်၊ အလုပ်တွေလုပ်နေရင်းဖြစ်ဖြစ် မတော်တဆထိခိုက်မိနိုင်တဲ့ အနေအထားတွေအများကြီးပါ။ အိမ်မှာထိခိုက်မိရင်က အစစအရာရာအဆင့်သင့်ရှိနေနိုင်တာကြောင့် ဒဏ်ရာအတွက်လိုအပ်တဲ့စောင့်ရှောက်မှုအားလုံးကို လုပ်ဆောင်ရတာအဆင်ပြေမှာပါ။ ဒါပေမယ့် ခရီးသွား တဲ့အခါမှာလည်း ထိခိုက်မိနိုင်တာပဲလေ။ ဒီလိုထိခိုက်မိတဲ့အခါမှာလည်း အနာကိုသေချာဂရုစိုက်ဖို့လိုအပ်မှာပါ။
ခရီးသွားတာက အတွေ့အကြုံ ခံစားမှုအသစ်တွေကိုပေးစွမ်းနိုင်ပါတယ်။ အလုပ်ကိစ္စကြောင့် ခရီးသွားရတာမျိုးရှိသလို အပန်းဖြေတဲ့အနေနဲ့လည်း ခရီးသွားကြပါတယ်။ ဒီလိုခရီးသွားတဲ့အခါ လူတော်တော်များများက လိုအပ်တာတွေကိုပြင်ဆင်တတ်ကြပေမယ့် များသောအားဖြင့်မေ့နေတတ်တာတစ်ခုတော့ရှိနေတတ်ပါတယ်။ ဒါက မတော်တဆထိခိုက်မိတာမျိုးအတွက်ပြင်ဆင်ဖို့ပါ။ မတော်တဆဆိုတဲ့ အဓိပ္ပါယ်ကိုက မမျှော်လင့်ဘဲဖြစ်လာတဲ့ အခြေအနေပါ။ ဒီတော့ ခရီးသွားတဲ့အခါဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေမတွက် ကြိုတင်ပြင်ဆင်သွားတာအကောင်းဆုံးပါ။
တကယ်လို့ မတော်တဆထိခိုက်မိပြီဆိုရင် –
ခရီးသွားတဲ့အခါ အဝတ်အစားတွေ အသုံးအဆောင်တွေနဲ့ အစားအသောက်တွေကိုပြည့်ပြည့်စုံစုံယူသွားဖို့လိုမှာဖြစ်သလိုဆေးဝါးနဲ့ အခြားလိုအပ်မယ့် ပစ္စည်းတွေကိုပါ ထည့်သွားသင့်ပါတယ်။