brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးရေနစ်ခြင်း

နွေရာသီသည် ကမ်းခြေသွားရန်အကောင်းဆုံးအချိန်ဖြစ်သည်။ ရေကူးသင်ခြင်းက ကျန်းမာရေးကိုပိုကောင်းစေပြီး ခန္ဓါကိုယ်ရှိ ခုခံအားကိုကောင်းစေသည်။ လူတိုင်းက ရေနစ်ခြင်းမှလုံခြုံအောင်နေနည်း အထူးသဖြင့်ကလေးများကမသိပေ။ ကလေးရေကူးနိုင်လျင်ပင် အန္ဓါရာယ်ရှိနိုင်သည်။ မိဘများအနေနှင့် လုံခြုံစေသောနည်းလမ်းကိုသိထားပြီး ကလေးအား ရေကူးကန် နှင့်ကမ်းခြေတွင်လုံခြုံစွာနေနည်းကိုသင်ပေးသင့်သည်။

ကလေးရေနစ်ခြင်း

ရေနစ်ခြင်းဆိုတာဘာလဲ။

ရေနစ်ခြင်းကို ကမ္လာ့ကျန်းမာရေးအဖွဲ့ က ရေအောက်တွင်ဖြစ်သည့် အသက်ရူမူမမုန်ခြင်းဟုခေါ်သည်။ အပြင်ကျန်းမာရေးပြသာနာ မှသေနိုင်သည့်အထိခွဲထားသည်။ ရေနစ်ခြင်းသည် တိတ်တဆိတ်နှင့် မြန်မြန်ဖြစ်လာတတ်သည်။ တစ်လက်မအောက်(၂.၅ စင်တီမီတာ)ထက်နည်းတွင်ဖြစ်တတ်သည်။

ကလေးရေနစ်ခြင်းကိုဘယ်လိုသိမလဲ။

မတော်မဆ ရေနစ်ခြင်းကိုကာကွယ်ရန် ကလေးကိုပြသာနာဖြစ်စေသည့် လက္ခဏာများကိုသိရန်လိုအပ်သည်။

ပထမဆုံးသောလက္ခဏာမှာ ကလေးက အကူအညီမတောင်းနိုင်ပါ။ စကားမပြောခင် အသက်ရူနိုင်ရန်အရေးကြီးသည်။ သင်ကလေးရေနစ်သည်ကိုတွေ့ပါက သူ၏ပါးစပ်က ရေအောက်သို့နစ်ပြီး ရေပေါ်သို့ပြန်ပေါ်လာလိမ့်မည်။ သူအသက်ရူရန် ရူထုတ်ရန် အကူအညီတောင်းရန်အချိန်ရှိမည်မဟုတ်ပါ။

ဒုတိယလက္ခဏာမှာ အကူအညီတောင်းရန် လက်ကိုဝှေ့မပြနိုင်ပါ။ သူ့ပါးစပ်ကိုရေပေါ်သို့ပေါ်ရန် သူလက်ကိုဆန့်ပြီး ခပ်ကူးရန်ကြိုးစားလိမ့်မည်။ သူမှကယ်တင်သူ သို့မဟုတ်ကယ်တင်သောပစ္စည်ဆီသို့လက်ရောက်အောင်မသွားနိုင်ပါ။

တတိယလက္ခဏာမှာ ကလေးမှ ရုတ်တရက်တိတ်သွားလိမ့်မည်။ ကလေးကရေထဲဆော့နေချိန်တွင် ပျော်ရွင်သောင်းကျန်းနေလေ့ရှိသည်။ သို့သော် ရုတ်တရက်တိတ်သွားပါက ဘာကြောင့်ဖြစ်သည်ကိုရှာဖွေကြည့်ရန်လိုအပ်သည်။

နောက်ဆုံးလက္ခဏာမှာ ကလေးကစိတ်ပင်ပန်းပုံပေါ်နေမည်။ တခါတရံ ရေနစ်ခြင်းကရေနစ်သည်ဟုမထင်ရသောအခါမျိုးတွင် အရေးကြီးသောလက္ခဏာဖြစ်သည်။ တနေရာရာသို့ကြည့်နေသည့်ပုံသာပေါ်နိုင်သည်။ သူ့ကိုမေးကြည့်ပါ အဆင်ပြေလား၊။ သူပြန်ဖြေနိုင်က ကောင်းတာဖြစ်နိုင်သည်။ စိုက်ပြီးသာကြည့်နေပါကစက္ကန့်သုံးဆယ်အတွင်းကယ်ရန်လိုအပ်သည်။

ရေနစ်သောကလေးကိုဘယ်လိုကုမလဲ။

ပထမဆုံးလုပ်ရမည်က အကူအညီတောင်းရန်ဖြစ်သည်။ အသက်ကယ်အဖွဲ့ကိုအကူအညီတောင်းပါ။ သူမရှိနေပါက ၉၁၁ ကိုချက်ချင်းဆက်ပါ။ အရေးပေါ်ကားစောင့်နေချိန်တွင် ရေထဲမှမြန်မြန်ထုတ်ရန်လိုအပ်သည်။ သင့်နားကို ကလေး၏ပါးစပ်နှင့်နှာခေါင်းနားတွင်နားပါ။ သင့်ပါးသို့လေတိုးသည်ခံစားရပါက ကလေးကအသက်ရူနေသေးသည်ဟုဆိုလိုသည်။

ကလေး၏ရင်ဘတ်လှုပ်မလှုပ်ကိုစစ်ဆေးပါ။ သွေးခုန်နှုန်းကို ဆယ်စက္ကန့်လောက်စစ်ဆေးပါ။ သွေးခုန်နှုန်းမရှိပါက ရှေးဦးသူနာပြုနည်းကိုစလုပ်ပါ။ ကျောဖြင့်လှဲထားပါ။ လက်ဖနောင့်တဖက်ကို ရင်ဘတ်အလယ်တွင်ထားပါ။ ပြီးနောက်လက်တဖက်ဖြင့်ဖိပါ။ မွေးကင်းစကလေးတွင် လက်ချောင်းနှစ်ချောင်းကို ရင်ဘတ်အရိုးပေါ်တွင်ထားဖိပါ။ ပြီး ၂လက်မထိဖိပါ။ မွေးကင်းစကလေးတွင် ၁မှ ၁လက်မဝက်ဖိပါ။ ရင်ဘတ်ကို ၃၀ခါဖိပြီး တစ်မိနစ် ၁၀၀လောက်ရွတ်ပါ။ ဖိပြီး ကြားချိန်တွင် ရင်ဘတ်ကပုံမှန်နေရာသို့ပြန်တပ်ပါစေ။ နောက်ဆုံး အသက်ပြန်ရူနေလားစစ်ဆေးပါ။

အသက်မရူပါက ထပ်လုပ်ပါ။ ခေါင်းကိုမပြီး မေးစေ့ကိုမထားပါ။ လူနာ၏နှာခေါင်းကိုပိတ်ပါ။ ဒီအဆင့်ကအရေးကြီးသည် ထိုနောက်ပုံမှန်အသက်ရူပြီး လူနာပါးစပ်ကိုလုံအောင်ဖုံးပြီးပြန်ရူထုတ်ပေးပါ။

၂ခါလုပ်ပါ။ ရင်ဘတ်မြင့်လာပါစေ။ ရင်ဘတ် ၃၀ခါဖိပြီး အသက်၂ခါရူထုတ်ပေးပါ။ အရေးပေါ်လူနာရောက်လာသည်ထိ သို့မဟုတ် အသက်ပြန်ရူသည်အထိ ဆက်လုပ်နေပါ။

ကလေးမှာရေနစ်ခြင်းကိုဘယ်လိုကာကွယ်မလဲ။

သင့်ကလေးကို ရှေးဦးသူနာပြုအတန်းသင်ပေသင့်သည်။ သင်တန်းမတတ်နိုင်ပါက အသက်ကယ်နည်းများကို အင်တာနက်မှသင်ယူပါ။ သင့်ကလေးအသက်ကယ်ဝတ်စုံဝတ်သည်ကိုသေချာပါစေ။ ကလေးရင်းနှီးသောရေ ဥပမာ ရေကန် သို့မဟုတ် ပင်လယ် ရေကူးတတ်သောရေဖြစ်ပါစေ။ အသက်ကယ်အကျီ်ကရေစကူးစသူအတွက်အရေးကြီးသည်။ သင့်ကလေးရေထဲ (ရေစိမ်ကန်တွင်ပင်)ရှိနေပါကအနီးကပ်စောင့်ကြည့်သင့်သည်။ အဘယ်ကြောင့်ဆိုသော်ရေနစ်ခြင်းက မြန်စွာ တိတ်ဆိတ်စွာဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ကလေးကိုစောင့်ကြည့်ချိန်တွင် လူကြီးက စာဖတ်နေခြင်း ကဒ်ကစားခြင်း ဖုန်းပြောနေခြင်းတို့မလုပ်သင့်ပါ။

မတော်မဆရေနစ်ခြင်းကိုကာကွယ်နိုင်သောအခြားနည်းများရှိပါသေးသည်။ သင်ကလေးတွင် မဖြစ်ရန်အခြေအနေအားလုံးအတွက်ပြင်ဆင်ထားသင့်သည်။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Nadi မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/05/2020 ဖြစ်ပါသည်။