brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Protein shake လေ့ကျင့်ခန်း မလုပ်ခင် သောက်ရမလား ..... လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်ရမလား .......

Protein shake ဆိုတာက လေ့ကျင့်ခန်း လုပ်သူ Gym ဆော့သူတွေနဲ့ ရင်းနှီးပြီးသား စကားလုံးလေးတစ်ခုပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က အဆီတွေ ကျပြီး ကြွက်သားတက်အောင်သောက်လေ့ရှိတဲ့ သောက်စရာလေး တစ်ခုပါ။ ဒီလို သောက်စရာလေးကို အချိန်မှန်မှန် ပမာဏ မှန်မှန် သောက်မှ ကြွက်သားတက်ပြီး ခန္ဓာကိုယ် အချိုးအစား လှပစေမှာပါ။ ဒီတော့ Protein shake လေ့ကျင့်ခန်း မလုပ်ခင် သောက်ရမလား ….. လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်ရမလား ……. ဆိုပြီး စဉ်းစားရခက်နေပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

Protein shake လေ့ကျင့်ခန်း မလုပ်ခင် သောက်ရမလား ..... လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်ရမလား .......

Protein shake လေ့ကျင့်ခန်း မလုပ်ခင် သောက်ရမလား ….. လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်ရမလား …….

Protein shakeလေ့ကျင့်ခန်း မလုပ်ခင် သောက်ရမလား ….. လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်ရမလား ……. ဆိုတာကို မပြောခင် Protein Shake ဆိုတာ ဘာလဲ။ ခန္ဓာကိုယ်အတွက် ဘာတွေလုပ်ပေးလဲဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။

Protein Shakeဆိုတာ ဘာလဲ

Protein Shakeဆိုတာက ခန္ဓာကိုယ်က အရိုးတွေနဲ့ ကြွက်သားတွေ သန်မာဖွံ့ဖြိုးစေဖို့ ထောက်ကူပေးတဲ့ ပရိုတင်းကို ဗီတာမင်တွေ သတ္တုဓာတ်တွေ ပြည့်ဝမျှတစွာ ရောစပ်ထားတဲ့ သောက်စရာ တစ်မျိုးပါ။ အသင့်ရောစပ်ပေးထားတဲ့ အမှုန့်ကို ရေအေးနဲ့ ဖျော်လို့ရတာမျိုး ရှိသလို အသင့်ဖျော်ထားပြီးသားပုံစံနဲ့လည်း ရရှိနိုင်ပါတယ်။

ခန္ဓာကိုယ် ကျန်းမာစေဖို့ရော အာဟာရပြည့်ဝပြီး ကြံ့ခိုင်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

Protein Shakeသောက်တာက ခန္ဓာကိုယ်အတွက် ဘယ်လို အကျိုးပြုသလဲ

Protein Shakeသောက်တာက ခန္ဓာကိုယ်အတွက် ဘယ်လို အကျိုးပြုသလဲ

Protein Shakeသောက်တာက ကျန်းမာရေးအတွက် တော်တော်လေး အကျိုးများပါတယ်။ အဓိကအားဖြင့်ကတော့ ကြွက်သားတွေ ဖြစ်ပေါ်စေဖို့နဲ့ ခန္ဓာကိုယ် အင်အားပြည့်စေဖို့ သောက်ရတဲ့ သောက်စရာ တစ်ရပ်ပါ။

လေ့ကျင့်ခန်း လုပ်တာကြောင့် ကြွက်သားတွေမှာ ပြဲစုတ်သွားတဲ့ အသေးစား စုတ်ပြဲတာလေးတွေကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ အမိုင်နိုအက်ဆစ် ပါဝင်မှုက ကျန်းမာ​တဲ့ ကြွက်သားတွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။

Protein Shakeဘယ်အချိန်သောက်မလဲ

Protein shakeကို လေ့ကျင့်ခန်း မလုပ်ခင်မှာ သောက်ကြတာမျိုး ရှိသလို လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်တာမျိုးလည်း ရှိကြပါတယ်။ လေ့လာချက်တွေအရတော့ ကြွက်သားတက်စေရုံသက်သက်ဆိုရင်တော့ မလုပ်ခင်သောက်သောက်၊ လုပ်ပြီးမှ သောက်သောက် သိပ်တော့ မကွာလှပါဘူး။

Protein shake ရဲ့ အလုပ်က ခန္ဓာကိုယ်က ကြွက်သားတစ်ရှူးလေးတွေကို ပြန်လည် ပြုပြင်ပေးပါတယ်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်လိုက်တာကြောင့် စုတ်ပြဲသွားတဲ့ ကြွက်သားတစ်ရှူးလေးတွေ အသစ်ဖြစ်ပေါ်စေဖို့ ထောက်ကူပေးသလို ကြွက်သားတွေကို ဒဏ် မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။

ကြွက်သားတက်စေဖို့လည်း ထောက်ကူပေးပါတယ်။ ခန္ဓာကိုယ်မှာ အားအင်ပြည့်ဝစေဖို့လည်း ထောက်ကူပေးပါတယ်။ လေ့ကျင့်ခန်း လုပ်ချိန်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ပြည့်ဝစေဖို့လည်း ထောက်ကူပေးနိုင်ပါသေးတယ်။

တချို့ကလည်း လေ့ကျင့်ခန်းလုပ်ချိန်မှာ သက်လုံကောင်းကောင်းနဲ့ လေ့ကျင့်ခန်း လုပ်နိုင်စေဖို့ Peotein shake တွေ ကြိုသောက်ကြတာလည်း ရှိပါတယ်။

တစ်ခုရှိတာက လေ့ကျင့်ခန်း လုပ်ပြီးမှ protein shakeသောက်တာက လေ့ကျင့်ခန်း လုပ်နေချိန်မှာ အခန့်မသင့်လို့ ဗိုက်အောင့်တာ အော့ချင်အန်ချင်တာမျိုး မဖြစ်စေအောင် တားဆီးပေးပါတယ်။

ဒီတော့ ကိုယ်အဆင်ပြေသလို သောက်လို့ရပါတယ်။ အရေးကြီးတာက Protein shakeအပါအဝင် တစ်နေ့တာမှာ စားသုံးတဲ့ ပရိုတင်းပမာဏပဲ ဖြစ်ပါတယ်။

Protein Shake ဘယ်အချိန်သောက်မလဲ

Protein shakeကို လေ့ကျင့်ခန်း မလုပ်ခင်မှာ သောက်ကြတာမျိုး ရှိသလို လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်တာမျိုးလည်း ရှိကြပါတယ်။ လေ့လာချက်တွေအရတော့ ကြွက်သားတက်စေရုံသက်သက်ဆိုရင်တော့ မလုပ်ခင်သောက်သောက်၊ လုပ်ပြီးမှ သောက်သောက် သိပ်တော့ မကွာလှပါဘူး။
အရေးကြီးတာက Protein shakeအပါအဝင် တစ်နေ့တာမှာ စားသုံးတဲ့ ပရိုတင်းပမာဏပဲ ဖြစ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/06/2022 ဖြစ်ပါသည်။