brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်နဲ့ ဘယ်ပရိုတင်း powder က အသင့်တော်ဆုံးလဲ ။

ကြွက်သားတက်ချင်လို့၊ အဆီပို တွေ လောင်ကျွမ်းစေချင်လို့ဆိုပြီး ပရိုတင်းဖျော်ရည်တွေသောက်ကြပါတယ်။ ပရိုတင်းမှုန့်သောက်ချင်လို့ဆိုပြီး ဝယ်သောက်တော့မယ်ဆိုရင် အားလုံး စပြီးသိချင်ကြတာက ဘယ်နှစ်မျိုးရှိလဲ။ ဘယ်ဟာက ပိုကောင်းလဲ၊ ဘယ်အမျိုးအစားက ကိုယ်နဲ့ ပိုသင့်တော်မလဲဆိုတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။

ကိုယ်နဲ့ ဘယ်ပရိုတင်း powder က အသင့်တော်ဆုံးလဲ ။

ဒီတော့ ပရိုတင်းမှုန့် ဘယ်နှစ်မျိုးရှိလဲ။ ကိုယ်နဲ့ ဘယ်အမျိုးအစားက သင့်တော်မလဲ။ ။

ပရိုတင်းမှုန့် အမျိုးအစားများ။။

( ၁ )Whey ပရိုတင်း။

Whey ပရိုတင်းဆိုတာ နို့ကလာတဲ့ ပရိုတင်းမှုန့်တစ်မျိုးဖြစ်ပြီး နို့ကနေ ထုတ်ထားတဲ့ ပရိုတင်းမှုန့်တစ်မျိုး ဖြစ်ပါတယ်။ ကြွက်သားတည်ဆောက်ဖို့နဲ့ တည်ဆောက်ပြီးသား ကြွက်သားတွေကို ဆက်ထိန်းထားနိုင်ဖို့၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီးရင် ကြွက်သားပြန်လည် သန်မာစေဖို့အတွက် သူက ကူညီပေးနိုင်မှာပါ။ အစာခြေရလွယ်ကူတဲ့အပြင် အစားစာချင်စိတ်ကိုပါ လျှော့ချပေးလို့ဝိတ်ချနေသူများအတွက်ပါ သင့်တော်ပါတယ်။

( ၂ ) Casein ပရိုတင်း

Whey လိုပဲ Casein ပရိုတင်း ကလည် းနို့ကနေ ရတဲ့ ပရိုတင်းတစ်မျိုးပါ။ ဒါပေမယ့် Whey ထက်စာရင် Casein က အစာခြေရပိုခက်ပြီး စုပ်ယူချိန်လည်း ကြာနေတတ်ပါတယ်။ အစာခြေရခက်ပြီး အစာအိမ်ထဲ ကြာကြာရှိတာကြောင့် ကယ်လိုရီစားနှုန်းလျှော့ရတဲ့ အဝလွန်တဲ့သူတွေ ကြွက်သားပြန်တည်ဆောက်ဖို့အတွက် Casein ပရိုတင်းက ကူညီပေးနိုင်မှာပါ။

( ၃ ) Egg ပရိုတင်း

ဥအမျိုးမျိုးဟာ ပရိုတင်းဓါတ်အကြွယ်ဝဆုံ းအစားအစာတွေ ဆိုတာ အားလုံးသိကြမှာပါ။ ဒါပေမယ့် အနှစ်ထက်စာရင် အကာကပဲ ပရိုတင်းဓါတ်ကြွယ်ဝတာဖြစ်လို့ ပရိုတင်းများများရချင်တဲ့သူတွေ ကြက်ဥအကာကိုသာ စားသင့်ပါတယ်။ နွားနို့နဲ့ ဓါတ်မတည်တဲ့သူတွေအတွက် အစာခြေရလွယ်ကူ အာနိသင်လည်း အများကြီးရှိတဲံ ဥတွေက ထုတ်ထားတဲ့ ပရိုတင်းက အသ့င့်တော်ဆုံး ဖြစ်မှာပါ။

( ၄ ) Pea ပရိုတင်း ( ပဲ ပရိုတင်း)

ပ ဲ ဆိုတာလည်း ဥ တွေလိုပဲ ပရိုတင်းကြွယ်ဝတဲ့ အစားအစာဆိုတာ အားလုံးသိကြမှာပါ။ ပဲ ဖြစ်တာကြောင့် အမျှင်ဓါတ်လည်းကြွယ်ဝတဲ့အပြင် နွားနို့တို့ ဥတို့နဲ့ ဓါတ်မတည့်တဲ့သူတွေ သတ်သတ်လွတ်သမားတွေအတွက် အထူးသင့်တော်တဲ့ ပရိုတင်းအမျိုးအစားတစ်ခုပါ။

( ၅ ) Hemp ပရိုတင်း

သူကလည်း အပင်ကရတဲ့ ပရိုတင်းတစ်မျိုးပါ။ အိုမီဂါ 3 Fatty acid နဲ့ အခြား အမိုင်နိုအက်ဆစ်တွေပါဝင်တယ်ဆိုပေမယ့် အမိုင်အက်ဆစ် ၂ မျိုးဖြစ်တဲ့ lysine နဲ့ leucineကိုတော့သူ့ဆီမှာ မတွေ့ရပါဘူး။

( ၆ )ဆန်လုံးညို ပရိုတင်း။

ကိုယ်ခန္ဓါတည်ဆောက်ဖို့အတွက် ဆန်လုံးညိုက ထုတ်ထားတဲ့ပရိုတင်းက ကူညီပေးနိုင်တယ်ဆိုပေမယ့် သူ့ဆီမှာ အမိုင်နိုအက်ဆစ်တွေနဲ့ လိုင်စင်းတော့ မပါလို့ ပရိုတင်းလို့ အတပ်ပြောလို့မရပါဘူး။

ပရိုတင်း powder တွေ အကြောင်း သိပြီးပြီဆိုတော့ ဘယ်အမျိုးအစားက ဘယ်လိုမျိုးအတွက် သင့်တော်တာလဲ ။ ။

  • ကြွက်သားတက်ဖို့ – Whey ပရိုတင်း၊ egg ပရိုတင်း
  • ကိုယ်အလေးချိန်ကျစေဖို့ – Whey ပရိုတင်း နဲ့ Casein ပရိုတင်း
  • သတ်သတ်လွတ်သမားများ – Pea protein/ brown rice ပရိုတင်းတို့ကို ရွေးချယ်လို့ရပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Thin Yadanar @ Frances · 07/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။