brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရက်နာ ကျနေချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်မလဲ။

မနေ့ညက ဘော်ဒါတွေ ဆုံသွားလို့၊ TGIF မို့လို့ဆိုပြီး တော်တော်လေး ကစ်လိုက်မိတယ်။ ခုမနက် တော်တော်လေးကို အဆင်မပြေဖြစ်လို့ အရက်နာကျ နေပြီလား။ ဒါဆိုရင်တော့ ကျနေတဲ့ အရက်နာ ပိုဆိုးမသွားစေဖို့ ဘာတွေရှောင်လို့ ဘာတွေ စားမလဲ ကြည့်လိုက်ရအောင်လား။

အရက်နာ ကျနေချိန်မှာ ဘာတွေစားလို့ ဘာတွေရှောင်မလဲ။

အရက်နာကျတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ။

အရက်သောက်တာ များသွားတဲ့အခါ

အရက်နာ ကျနေတဲ့အခါ ဘာတွေ စားလို့ ဘာတွေ ရှောင်ရမလဲ။

အရက်နာ ကျနေတဲ့အခါ ခံစားရမှု ပိုဆိုး မသွားဘဲ သက်သာစေဖို့ဆိုရင်

ဒါတွေ စားပေးပါ…………

အုန်းရည်

အရက်နာကျရတဲ့ အဓိက အကြောင်းအရင်းတစ်ရပ်က ကိုယ်တွင်းမှာ ရေဓာတ် ဆုံးရှုံးမှု များတာကြောင့်ပါ။ ဒီ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေ ပြန်လည် ပြည့်ဝမှုက အရက်နာကျတာကို သက်သာစေမှာပါ။ ဒါကြောင့် ရေဓာတ် ပြည့်ဝစေဖို့ အုန်းရည် သောက်ပေးပါ။ အုန်းရည်က ရေဓာတ် ပြည့်စေတဲ့ အပြင် ပိုတက်ဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပြီး ကိုယ်တွင်းက Electrolytes တွေကို မျှတ စေပါတယ်။

ပျားရည် ချိုချိုလေးကလည်း အရက်နာ ကျတာကို သက်သာစေနိုင် ပါတယ်။ သွေးထဲက အယ်လ်ကိုဟောကို အမြန်ဆုံး ဖယ်ရှားပေး နိုင်ပါတယ်။ ပျားရည်မှာပါတဲ့ fructose က အသည်းကို အရက်ကြောင့် ထိခိုက်မှု သက်သာစေသလို အရက်နာ ကျတာကို မြန်မြန်လေး သက်သာစေနိုင် ပါတယ်။ အရက်နာကျနေတဲ့ မနက်ခင်းမှာ ပျားသံပုရာရည်လေးဖြစ်ဖြစ်၊ ပျားရည်ကို ရေနွေးလေးထဲ ထည့်မွှေပြီး ဖြစ်ဖြစ် သောက်ပေးပါ။

အရက် နာကျတဲ့အခါ ကြက်ဥ၊ ဘဲဥ စားတာတွေ စားပြီးရင် သက်သာစေနိုင်ပါတယ်။ ​ကြက်ဥ ၂ လုံးကို ကြော် စားပေးပါ။ ကြက်ဥက အမိုင်နို အက်ဆစ် ကြွယ်ဝတာကြောင့် အယ်လ်ကိုဟောမှာပါတဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ အရာကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒါကြောင့် အရက် နာကျတဲ့အခါ ကြက်ဥ စားပေးပါ။

ငှက်ပျောသီး

ပိုတက်ဆီယမ်၊ ဗီတာမင် B6 တို့ ကြွယ်ဝစွာ ပါဝင်နေတဲ့ ငှက်ပျောသီးက အရက်နာ ကျတာကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောသီးက မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် အရက်နာ ကျတာကို သက်သာစေနိုင်ပါတယ်။

ပူပူစပ်စပ် အရသာရှိတဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတဲ့ ချင်း (ဂျင်း) က အရက်နာ ကျတာကြောင့် မအီမသာဖြစ်တာ၊ အော့အန်တာတွေကို သက်သာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ဒါတွေ ရှောင်ပါ………

အရက် ထပ်သောက်ခြင်း

အရက်နာ ကျတာကို အရက် နဲ့ဖြေရတယ် ဆိုတာ မမျန်ပါဘူး။ အရက်နာကျနေချိန်မှာ အရက် ထပ်သောက်တာက အရက်နာ ကျတာကို ပိုဆိုးစေနိုင်တာကြောင့် မသောက်တာ ကောင်းပါတယ်။

ကဖင်း

အချိုရည်

အချိုရည်က အစာအိမ်က အယ်လ်ကိုဟော စုပ်ယူနိုင်စွမ်းကို မြင့်တက်စေနိုင် ပါတယ်။ အရက်နာ ကျတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အရက်နာ ကျတာကို သက်သာချင်ရင် အချိုရည် မသောက်ပါနဲ့။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။