brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အခုတလော ဝိတ်ချနေတဲ့လူတွေကြားမှာ ခေတ်စားနေတဲ့ Ketogenic Diet၊ Atkin Diet၊ Paleo Diet နဲ့ ပတ်သက်ပြီး နောက်ဆုံးတွေ့ရှိထားတဲ့ ဆိုးကျိုး

အခုတလော ဆိုရှယ်မီဒီယာကတဆင့် မြန်မာနိုင်ငံမှာ ခေတ်စားလာတဲ့ Ketogenic Diet၊ Atkin Diet၊ Paleo Diet စတဲ့ Carbohydrate (ကစီဓါတ်၊ သကြားဓါတ်) ကို သိသိသာသာ နည်းအောင် လျှော့ချပြီး အဆီ နှင့် အသား ကို အလေးပေးစားရတဲ့ ဝိတ်ချတယ်ဆိုတဲ့ Diet Plan နဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုးကျိုးရလဒ်တစ်ခု ထုတ်ပြန်လာတာရှိပါတယ်။ အဲ့ဒါကတော့ ကာဗိုဟိုက်ဒရိတ် သိသိသာသာ လျှော့ချထားတဲ့ Diet ပုံစံ တွေ စားရင် Atrial Fibrillation (AF) လို့ခေါ်တဲ့ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တဲ့ရောဂါ ဖြစ်ပွားမှုနဲ့ ဆက်စပ်မှုရှိကြောင်းဆိုပြီးတွေ့ရှိလာပါတယ်။

အခုတလော ဝိတ်ချနေတဲ့လူတွေကြားမှာ ခေတ်စားနေတဲ့ Ketogenic Diet၊ Atkin Diet၊ Paleo Diet နဲ့ ပတ်သက်ပြီး နောက်ဆုံးတွေ့ရှိထားတဲ့ ဆိုးကျိုး

ဒီ ကာဗိုဟိုက်ဒရိတ် လွန်စွာလျှော့ချထားတဲ့ Diet ပုံစံတွေ ကို မွေးရာပါ နှလုံးရောဂါ၊ နှလုံးခုန်နှုန်းမမှန်တဲ့ ရောဂါရှိတဲ့သူတွေ၊ အနေနဲ့ ဒီ diet ပုံစံ လုံးဝ လိုက်မလုပ်သင့်ပါဘူး။ အန္တရာယ်အရမ်းများပါတယ်။

ပုံမှန်ဝိတ်ချချင်ရင်တော့ Balance Diet Contribution နဲ့ စားသောက်ပြီး ဝိတ်ချတာကအကောင်းဆုံးပါ။

ဆိုလိုတာကတော့ ကာဗိုဟိုက်ဒရိတ် ကို ၄၅ ကနေ ၆၅ ရာခိုင်နှုန်း အထိ စားပေးလို့ရပါတယ်။ protein (အသားဓါတ်) ကို ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းစားပေးပြီး အဆီဓါတ် ကတော့ ၃၀ ကနေ ၃၅ ရာခိုင်နှုန်းအထိ စားပေးတာကို balanced diet လို့ခေါ်ပါတယ်။

အဓိက ဝိတ်ချတော့မယ် ဆိုရင် အဓိက သော့ချက်ကတော့ စားနေတဲ့ပမာဏကိုလျှော့ချလိုက်ဖို့ပဲ ဖြစ်ပါတယ်။ အဲ့လို မဟုတ်ဘဲ အဆီတုံးတွေ စားတာ၊ ထောပတ် တွေ အများကြီးစားတာ ဟာ မှန်ကန်တဲ့ ဝိတ်ချနည်း မဟုတ်တဲ့ အပြင် သေချာ မပြင်ဆင်တတ်၊ အာဟာရ ဗဟုသုတ တိတိကျကျ မသိဘဲ လိုက်လုပ်မိပါက ပြည့်ဝဆီ saturated fat တွေ အရမ်းများလာနိုင်သလို အကျိုးဆက်အနေနဲ့ သွေးတွင်း ကိုလက်စထရော တက်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ စတာတွေ ပါ ဖြစ်တတ်ပါတယ်။

အကယ်၍ ကိုယ်တိုင်သေချာ တတ်ကျွမ်းလို့ ketogenic diet လိုမျိုး အဆီအရမ်းများတဲ့ အစားအစာတွေ ချက်စားရင်တောင်မှ ကောင်းကျိုးရှိတယ်ဆိုပြီး ပြောကြပေမယ့် ယခုအချိန်အထိ သဘောထားကွဲလွဲမှုတွေ ရှိနေသေးတဲ့အတွက် ကျွန်တော့် အနေနဲ့ တော့ တိတိကျကျ အဖြေမရမချင်း လိုက်မလုပ်ဘဲBalanced Diet ဝိတ်ချနည်းဖြင့်သာ ဝိတ်ချဖို့ တိုက်တွန်းချင်ပါတယ်။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Arkar Hein · 08/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။