brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ ဘာတွေ စားရပါ့

ခန္ဓာကိုယ် အနှံ့အပြားမှာရှိတဲ့ ဟော်မုန်းထုတ်ပေးတဲ့ ဂလင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ စနစ်ကို endocrine system လို့ ခေါ်ပါတယ်။ ဒီစနစ်က ဟန်ချက်ညီ လုပ်ဆောင်နိုင်မှာ ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်ကစလို့ ကြီးထွားမှုဖြစ်စဉ်အဆုံး အကုန်လုံး အဆင်ပြေမှာပါ။

Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ ဘာတွေ စားရပါ့

endocrine system က ခန္ဓာကိုယ် မှာရှိတဲ့ လုပ်ဆောင်မှု အားလုံးနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ကျန်းမာနေစေဖို့အတွက် endocrine system ရဲ့ အရေးပါမှုကို လျှော့မတွက်ပါနဲ့။

endocrine system (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ ဘာတွေ စားရပါ့

သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဆန်၊ ဂျုံ၊ ပြောင်းစတဲ့ ကောက်ပဲသီးနှံတွေ၊ ပရိုတင်းပါတဲ့ အစားအစာတွေက ကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ အစားအစာတွေပါ။ ဒါတွေကို သင့်တင့်မျှတအောင်စားသုံးပေးတာက ခန္ဓာကိုယ် ကျန်းမာစေရေးကို ချိန်ညှိပေးတဲ့ endocrine system စနစ်နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။

ဒီတော့ endocrine system စနစ် ကျန်းမာစေဖို့ နေ့စဉ် စားသုံးမှုမှာ ဘာတွေ ပါဝင်အောင် စားသုံးရမလဲ ဆိုတာကို တူတူကြည့်လိုက်ရအောင်လား ……….

ငါး

ငါးက ခန္ဓာကိုယ်အတွက် Omega-3၊ Omega-6 နဲ့ Omega-9 တို့ကို ထောက်ပံ့ပေးပါတယ်။ ဒီ အဆီတွေက သိမြင်မှုစွမ်းဆောင်ရည်ကို ကောင်းစေသလို၊ ဆဲလ်တွေရဲက လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။ ဒါတင်မကသေးပါဘူး။ ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုကိုပါ အားဖြည့်ပေးပါတယ်။

တစ်ပတ်ကို (၂) ကြိမ် ငါး ပုံမှန် စားပေးတာက endocrine system ကို ကျန်းမာစေမှာပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ရောဂါတွေကို တိုက်ထုတ်ပေးပြီး ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ ကြက်သွန်ဖြူက သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။

တစ်နေ့တာမှာ ကြက်သွန်ဖြူ ၁ မွှာ ဒါမှမဟုတ် ၂ မွှာလောက် ပုံမှန်စားသုံးပေးတာက endocrine system ကို ကျန်းမာစေမှာပါ။

ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေ

ကယ်လ်ဆီယမ်က အရိုးတွေကို သန်မာစေသလို အာရုံကြောဆဲလ်တွေကို ကျန်းမာစေပြီး တစ်ခုနဲ့ တစ်ခုကို ချိတ်ဆက်မှု ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့

  • နို့၊
  • ချိစ်၊
  • ဒိန်ချဉ်
  • အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊
  • ပဲအမျိုးမျိုး စတာတွေကို စားသုံးပေးသင့်ပါတယ်။

တစ်ပတ်ကို အနည်းဆုံး (၂) ကြိမ်လောက် စားသုံးပေးသင့်ပါတယ်။

ဗီတာမင်B အုပ်စု

ဗီတာမင် B အုပ်စုက အာရုံကြောစနစ် ကျန်းမာစေဖို့ရော လုပ်ဆောင်မှု ကောင်းစေဖို့ပါ အကောင်းဆုံး ထောက်ပံ့ပေးပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေတဲ့ ဗီတာမင်အုပ်စုပေါ့။

ဗီတာမင် B အုပ်စု ပြည့်ဝစေဖို့ ဆိုရင်

  • ကြက်သား
  • ငါး
  • ဥအမျိုးမျိုး
  • ဆန်
  • ဂျုံ
  • ပဲ အမျိုးမျိုး
  • အခွံမာသီး စတာတွေကို စားပေးသင့်ပါတယ်။

အနည်းဆုံး တစ်ပတ်ကို (၂) ကြိမ် ကနေ (၃) ကြိမ်အထိ စားပေးသင့်ပါတယ်။

ဗီတာမင် C

endocrine system မှာပါတဲ့ Adrenal ဂလင်းတွေက ဗီတာမင် C ကို တော်တော်လေး လိုအပ်ပါတယ်။ ဗီတာမင် C က ရောဂါတိုက်ထုတ်တဲ့ ဟော်မုန်းဖြစ်တဲ့ cortin ဟော်မုန်း ထုတ်လုပ်ဖို့ Adrenal ဂလင်းကို ကူညီပေးပါတယ်။ ဒါကြောင့်လည်း ဗီတာမင် C စားရင် ကိုယ်ခံအား ကောင်းတယ်လို့ ဆိုကြတာပေါ့။

ဗီတာမင် C ပြည့်ဝစေဖို့

အနည်းဆုံး တစ်ပတ်ကို (၂) ကြိမ် ကနေ (၃) ကြိမ်အထိ စားပေးသင့်ပါတယ်။

Dr. Phyo Wai Lynn
Dr. Phyo Wai Lynn
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 30/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။