brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Intermittent fasting ( အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း) နဲ့ဝိတ်ချတာ ဘာ့ကြောင့် ခေတ်စားလာတာလဲ ။ ။

Intermittent fasting ( အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း) နဲ့ဝိတ်ချတာ ဘာ့ကြောင့် ခေတ်စားလာတာလဲ ။ ။

Intermittent fasting ( အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း) နဲ့ဝိတ်ချတာ ဘာ့ကြောင့် ခေတ်စားလာတာလဲ ။ ။

ဝနေတဲ့သူတိုင်း ဝိတ်ကျချင်တဲ့သူချည်းပါပဲ။ ဒါပေမယ့် ဝိတ်ကျဖို့အတွက်ကလည်း လေ့ကျင့်ခန်းလုပ် အစားလျှော့ ဒီ ၂ နည်းပဲရှိတယ်လေ။ ဒီ ၂ နည်းမှာဆို ဘယ်နည်းကို ရွေးတဲ့သူများမယ်ထင်လဲ။ သေချာတာကတော့ ပင်ပန်းတယ်တဲ့ လေ့ကျင့်ခန်းကို ရွေးမယ့်သူ အများကြီးမရှိဘူးဆိုတာပါပဲ။ လူတိုင်းက လေ့ကျင့်ခန်းနဲ့ အစားလျှော့တာဆို အစားလျှော့တာကို ရွေးကြတယ်လေ။

ဘယ်လောက်ပဲ ဝိတ်ကျဖို့ အစားလျှော့မယ် ပြောပြော အပြောကလွယ်ပြီးလိုက်လုပ်ဖို့ ခက်ပါတယ်။ အစားအသောက်တွေကို မြင်တာကြားတာနဲ့တင် ဗိုက်ဆာလာတဲ့သူတွေက ခပ်များများဆိုတော့ အစားလျှော့လည်း တစ်ရက်နှစ်ရက်ပါပဲ။ တောက်လျှောက်ကြီး လျှော့နိုင်တဲ့သူတွေကလည်း ရှားပါတယ်။

ဘာမှ မစားရလေ ပိုစားချင်လေမလား။ ဒီတော့ အစားလေးလည်းကြိုက်သလိုစားရ ဝိတ်လေးလည်း လျှော့လို့ရမယ့် နည်းရှိတယ်ဆို စိတ်ဝင်စားကြမလား။ ။ Intermittent fasting ( အစားမစားဘဲ အချိန်ပိုင်း အငတ်ခံခြင်း) ရှိပါတယ်။

Intermittent fasting ဆိုတာဘာလဲ ။ ။

Intermittent fasting ဆိုတာ အချိန်ပိုင်းစားပြီး အချိန်ပိုင်း အစာအငတ်ခံခြင်းကို ဆိုလိုတာပါ။ သူ့မှာ ပုံစံ ၂ မျိုးရှိပါတယ်။

  • ၁၆ း ၈ – ၂၄နာရီရှိတဲ့ အနက် ၈နာရီအတွင်းပဲ အစားစားပြီး ကျန်တဲ့ ၁၆ နာရီမှာ ဘာမှမစားတာကို ဆိုလိုတာပါ။
  • ၅ း ၂ – သူကျတော့ တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီရဲ့ ၅ပုံတစ်ပုံပဲစားပြီး အဲလိုမျိုး ၁ပတ်ကို ၂ ရက်လောက်စားတကို ပြောတာပါ။ အဲဒီ ၂ ရက်က ဆက်မနေရပါဘူး။ ဥပမာ ကိုယ်လိုတဲ့ ကယ်လိုရီ ပမာဏက ၂၀၀၀ ဆို ၅၀၀ လောက်ကိုပဲ တစ်ပါတ် ၂ ရက်စားရမယ်လို့ ဆိုလိုတာပါ။
  • 24hr fast ကျတော့ တစ်ပတ်တစ်ရက် ( ဒါမှမဟုတ် ) ၁ လတစ်ရက်လောက်ကို ဘာမှ မစားဘဲ နေတာကို ဆိုလိုတာပါ။

Intermittent fasting လုပ်နေသူတိုင်း သိသင့်တဲ့အချက်က

  • Intermittent fasting ကို တစ်ရက်ခြားမလုပ်သင့်ပါဘူး။ Intermittent fastingကို တစ်ရက်ခြားလုပ်လိုက်တဲ့အခါကျ ပြန်စားတဲ့ရက်ကျရက်ကျရင် ဆာလောင်စိတ်ပိုပြင်းပြနေပြီး အရင်စားနေကျထက် ၂ ဆလောက်ပိုစားမိတတ်လို့ပါ။

ဘာ့ကြောင့် ခုနောက်ပိုင်း Intermittent fasting က နာမည်ကြီးလာရတာလဲ ။ ။

  • လေ့လာချက်တွေအရ လူတွေက ဘောင်ထဲမှာနေရတာကို ပိုကြိုက်တယ်ဗျ။ အဆီများတာမစားနဲ့ အစားလျှော့စား ဆိုပြီး စည်းမရှိတာထက် ဘယ်အချိန်တွေဆိုစားလို့ရတယ် ဘယ်အချိန်တွေတော့ အစားမစားရဘူးလို့ဆိုပြီး သတ်မှတ်ထားပေးရင် ပိုလိုက်နာတတ်တဲ့ သဘောရှိတယ်လို့ Dr Patel က ဆိုပါတယ်။
  • နောက်ပြီး Intermittent fasting မှာ အဆီရှောင်၊ ကာဘိုဟိုက်ဒရိတ် ရှောင် ၊ အသားအများကြီး မစားနဲ့ ဆိုတာမျိုးတွေမရှိဘဲ မစားရမယ့် စားရမယ့်အချိန် မစားရမယ့် အချိန်ကသာ အရေးကြီးဆုံး ဖြစ်တာကြောင့် သူက နာမည်ကြီးရေပန်းစားနေရခြင်းပါ။

Intermittent fasting တွေထဲမှာမှ ဘယ်အချိန် အပိုင်းအခြားက နာမည်အကြီးဆုံးလဲ။ ။

၁၆ : ၈ ဖြစ်တဲ့ 12 noon – 8 pm က လူတိုင်းနီးပါးလုပ်နိုင်တဲ့ Intermittent fastingတစ်ခုပါ။ သဘောကတော့ နေ့လည် ၁၂ ကနေ ည ၈ အတွင်းပဲ အစားစားခွင့်ရှိတာပါ။ နောက်ပိုင်းကျန်တဲ့အချိန်တွေမှာ ဘာမှ မစားပါတော့ဘဲ နောက်နေ့ နေ့လည် ၁၂နာရီ ရောက်ရင်တော့ ပြန်စားလို့ရတာကို ဆိုလိုတာပါ။

နောက်ဆုံးအရေးကြီးဆုံး အချက်ကတော့ သကြား လျှော့စားဖို့ပဲ ဖြစ်ပါတယ်။ ကြိုက်တာတွေ ဘယ်လောက်ပဲ စားလို့ရတယ်ဆိုပေမယ့် သကြားကိုတော့ လျှော့စားဖို့ လိုပါလိမ့်မယ်။ ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/06/2022 ဖြစ်ပါသည်။