
တစ်နေ့ကို ကာဗိုဟိုက်ဒရိတ် ၅၀ ဂရမ်ထက်လျှော့ပြီးစားမယ်ဆို ခန္ဓါကိုယ်ရဲ့လည်ပတ်မှုတွေအတွက် အမြန်အသုံးပြုနိုင်မယ့်လောင်စာ(သွေးတွင်းသကြားဓါတ်)ကုန်သွားမှာပါ။ ဒီလိုနဲ့ ခန္ဓါကိုယ်က ပရိုတင်းနဲ့အဆီတွေကို လောင်စာခွန်အားအဖြစ်ပြောင်းလဲလိုက်မှာဖြစ်လို့ ဝိတ်ကျစေမှာပါ။ ဒီဖြစ်စဉ်ကိုketosis လို့ခေါ်ပါတယ်။ လူ့ခန္ဓါကိုယ်ဟာ ပုံမှန်အားဖြင့် ခွန်အားအဖြစ်အသုံးပြုဖို့ ကာဗိုဟိုက်ဒရိတ်တွေကို အများဆုံးအားထားရပါတယ်။ ဒါပေမယ့်ketosisဖြစ်စဉ်မှာတော့ အဆီတွေကိုလောင်ကျွမ်းပစ်ဖို့ အဓိကပြောင်းလဲဦးတည်လာပါတယ်။
ကာဗိုဟိုက်ဒရိတ်များတာတွေကို ရှောင်ရပါမယ်။
အဓိကကတော့ –
လိုက်နာဖို့ခက်တာက
ဒီစားသောက်နည်းက အသားကြိုက်သူတွေအတွက် နတ်သုဒ္ဓါလိုဖြစ်နေပေမယ့် တကယ်တမ်းကျ ရှုပ်ထွေးပါတယ်။ ဘာလို့ဆို ketosis နဲ့ကွက်တိကျဖို့ အဆီ၊ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ဘယ်လောက်မှန်ကန်တဲ့ပမာဏရောက်အောင် စားရမလဲဆိုတာသေချာမတွက်ချက်နိုင်လို့ပါပဲ။ တကယ်လို့ သုံးမယ်ဆိုရင် ကီတိုနည်းကို ရက်တို အမြန်ဝိတ်ချနည်းထက်ရေရှည်နေထိုင်စားသောက်မှုပုံစံအဖြစ်လေ့ကျင့်ယူသင့်ပါတယ်။ ဥပမာ အနည်းဆုံး ၆ လ စသည်ဖြင့်ပေါ့။
စားသောက်ပုံပြောင်းလဲကာစမှာတော့ ခန္ဓါကိုယ်က ကာဗိုဟိုက်ဒရိတ်တွေကနေ အဆီကိုပြောင်းလဲအသုံးပြုရတာဖြစ်တဲ့အတွက် keto flu လို့ခေါ်တဲ့ လက္ခဏာတွေဖြစ်တတ်ပါတယ်။ နုံးတာ၊ ခေါင်းမကြည်တာ၊ ပိုဆာလောင်တာ၊ အိပ်မပျော်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာတွေဖြစ်တတ်တယ်။ အဲဒီမှာပြဿနာက ကာဗိုဟိုက်ဒရိတ်ကိုပြန်စားမိတဲ့ အမှားပါပဲ။ ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်စေနိုင်လို့ ခဏခဏအပြောင်းအလဲလုပ်မယ်ဆိုရင် ထိရောက်မှုမရှိတော့ပါဘူး။ အနည်းဆုံးတော့ ကီတိုနည်းကို သုံးလေးလလောက်လုပ်ပြီးမှပြန်စားရင်ပြန်စားသင့်ပါတယ်။