brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အကျင့်မရှိသေးသူများ အတွက်အစာအငတ်ခံခြင်း ဆိုင်ရာလမ်းညွှန်ချက်

လူတို့သည်ဘာသာရေးအရသော်လည်းကောင်း ၊ နေထိုင်ကောင်းမှုနှင့် မိမိခံယူချက်အရသော်လည်းကောင်း အစာမစားဘဲအငတ်နေခြင်းအကြောင်းရင်းများစွာရှိပါသည်။ သို့သော်လည်းလူနည်းစုသာမှန်ကန်သည့် နည်းလမ်းဖြင့်အစာအငတ်ခံခြင်းကိုသိနားလည်ကြသည်။ ဤဆောင်းပါးတွင် အစာမစားဘဲအငတ်နေခြင်းကိုအကျင့်မရှိသေးသူများအတွက် မှန်ကန်သောလမ်းညွှန်ချက်များပါဝင်ပါသည်။

အကျင့်မရှိသေးသူများ အတွက်အစာအငတ်ခံခြင်း ဆိုင်ရာလမ်းညွှန်ချက်

ဘာကြောင့်အစားမစားဘဲနေသင့်သလဲ

အဓိကအကြောင်းရင်း (၂) ရပ်ရှိပါသည်။ ကျန်းမာရေးအရအစာမစားခြင်းနှင့် ကိုးကွယ်ယုံကြည်မှုနှင့်ဆိုင်သောအစားမစာခြင်းတို့ဖြစ်ပါသည်။

(၁) ကျန်းမာရေးအရအစားမစားဘဲနေခြင်း

ကိုယ်အလေးချိန်လျှော့ချရန်အစားမစားဘဲနေခြင်း၊

အချို့သောရောဂါရှာဖွေခြင်းများမပြုလုပ်မီ အစားမစားရဘဲနေခြင်း၊

အဆိပ်အတောက်များခန္ဓါကိုယ်မှ ဖယ်ထုတ်နိုင်ရန်အစားမစားဘဲနေခြင်း။

(၂) ကိုးကွယ်ယုံကြည်မှုနှင့်ဆိုင်သောအစားမစားဘဲနေခြင်း

လူတစ်ဦးချင်း၏ကိုးကွယ်ရာဘာသာအတိုင်းအလိုက် ထားရှိသောမူဝါဒအပေါ်မူတည်ပါသည်။

မည်သူတို့ကအစားမစားဘဲနေသင့်သနည်း

ကျန်းမာသောသူများသာအစားမစားဘဲနေသည့်အကျင့်ကိုကျင့်သုံးသင့်သည်။ ထိုသို့မပြုလုပ်မီသင်၏ဆရာဝန်နှင့်သေချာစွာဆွေးနွေးတိုင်ပင်ပါ။ အောက်ပါပုဂ္ဂိုလ်တို့သည် အစားမစားဘဲနေသည့်အကျင့်ပြုပါကသတိထားသင့်သည်။

အလွန်ပိန်သူများ ၊ အစားအလွန်စားခြင်း (သို့မဟုတ်) အစားအလွန်ရှောင်ခြင်းစသော စိတ်ပိုင်းဆိုင်ရာဝေဒနာရှိသူများ၊

သွေးအားနည်းရောဂါနှင့် ပင်ကိုယ်အားနည်းသူများ၊

အဖုအကျိတ်ရောဂါ ၊ အနာပေါက်ခြင်း ၊ သွေးရောဂါ နှင့် နှလုံးရောဂါရှိသူများ၊

ကျောက်ကပ် ၊ အသည်းနှင့် အဆုတ်ရောဂါရှိသူများ၊

ဆီးချိုရောဂါ နှင့် သွေးတွင်းသကြားဓါတ်မငြိမ်သက်သူများ၊

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ။

အစားမစားဘဲနေထိုင်ရန်နည်းလမ်း

သင့်ဆရာဝန်နှင့်အရင်တိုင်ပင်ပါ

အစားမစားဘဲနေခြင်းမပြုမီသင့်ဆရာဝန်နှင့်အရင်တိုင်ပင်ပါ။ သင်၏အစားအစာအသစ်သည် သင့်ကျန်းမာရေးအတွက်သင့်တော်၍ ခန္ဓါကိုယ်ကအန္တရာယ်မရှိဘဲသုံးစွဲနိုင်မည်ကိုအကြံပြုပေးလိမ့်မည်။

အစားနည်းနည်းနှင့်စတင်ပါ

အကျင့်မရှိသေးသူများသည် အစားစားမှုပုံစံအသစ်ကိုအကျင့်ဖြစ်ရန်အချိန်ယူရသည်။ တစ်နေ့လျှင် ၁ နာရီခန့်အစားမစားဘဲနေကြည့်ပါ။ အစားအစာကိုသေချာစွာရွေးချယ်ပါ။ သင်နှစ်သက်သည့်အစားအစာနှင့်စတင်ပါ။ အစားအစာအသစ်ကိုသင့်ခန္ဓါကိုယ်ကအသားကျသွားပြီဆိုလျှင် သင့်အနေဖြင့် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကိုစားကြည့်ပါ။ အသား ၊ ငါးကိုရှောင်ပါ။ ထို့ပြင် အချိုတည်းသော ဝိုင် ၊ ကော်ဖီနှင့် ဆေးလိပ်တို့ကိုရှောင်နိုင်အောင်ကြိုးစားပါ။

ကော်ဖီနှင့် ဆေးလိပ် တို့ကိုမသောက်သုံးရသဖြင့် ခေါင်းကိုက်ခြင်းကဲ့သို့ဝေဒနာအမျိုးအစား ခံစားရနိုင်သော်လည်း စိတ်မပူပါနှင့်။ သင့်အစားအစာပုံစံကိုသာစွဲမြဲနေပါစေ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Ye Pyae Hein မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/06/2022 ဖြစ်ပါသည်။