backup og meta

နုပျိုစေတဲ့ အကောင်းဆုံး အစားအစာများ

အမျိုးသမီးတစ်ယောက်အတွက် အရေးအကြီးဆုံးအချက်ဟာ နုပျိုလှပနေဖို့ပါပဲ။ အချိန်တွေကုန်လာတာနဲ့အမျှ အသက်တွေကြီးလာပြီး အသားအရည်တွေဟာလည်းလျော့ရဲလာပါတယ်။ အရေးအကြောင်းတွေကလည်း စတင်ပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ဒီဓါတ်စာတွေက နောက်နှစ်အနည်းငယ်လောက်အထိ ပြန်လည်နုပျိုစေဖို့ အကူအညီပေးနိုင်မှာပါ။

နုပျိုစေတဲ့ အကောင်းဆုံး အစားအစာများ

၁။ ထောပတ်သီး

ထောပတ်သီးဟာ ကျန်းမာရေးကို အကျိုးပြုရုံသာမက အသားအရည်လှပဖို့အတွက်လည်း အသုံးပြုနိုင်ပါတယ်။ မလိုင်အရသာလိုရှိတဲ့ထောပတ်သီးမှာ ဗီတာမင်အီးနဲ့ဘီကွန်ပလက်တို့ပါဝင်ပြီး သူတို့က အသားအရည်ကိုအားဖြည့်ရာမှာ အကူအညီပေးပါတယ်။ ဒါ့အပြင် အသားအရည်ကို စိုပြေဝင်းလက်စေတဲ့ ဖက်တစ်အက်ဆစ်ပါဝင်ပြီး ချောမွေ့နူးညံ့စေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဗီတာမင်စီလည်းပါဝင်ပါသေးတယ်။ ထောပတ်သီးကို နည်းအမျိုးမျိုးနဲ့စားသုံးနိုင်ပါတယ်။ အစိမ်းပဲဖြစ်ဖြစ် ဖျော်ရည်လုပ်သောက်ပြီးဖြစ်ဖြစ် အသုပ်ထဲထည့်စားတာပဲဖြစ်ဖြစ်ပေါ့။ ဒါကတော့ အသားအရည်နုပျိုလှပနေစေဖို့ စားသင့်တဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်။

၂။ ဆော်လမွန်ငါး

ရာစုနှစ်ပေါင်းများစွာကတည်းက ဆော်လမွန်ငါးဟာ ငယ်ရွယ်နုပျိုမှုကို ဆွဲဆန့်ချင်သူတွေအတွက်နဲ့ အရေးအကြောင်းကင်းတဲ့ အသားအရည်ကိုလိုချင်သူတွေကြားမှာ လူသိများပါတယ်။ ဒီငါးမှာ အိုမီဂါသရီး နဲ့ ဖက်တီးအက်ဆစ်ပါဝင်ပြီး အိုမီဂါဟာ အသားအရည်ကို အစိုဓါတ်ထိန်းပေးနိုင်သလို ခရမ်းလွန်ရောင်ခြည်ကလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အမြင် ဆော်လမွန်ငါးဟာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းနဲ့အရေးအကြောင်းဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဆော်လမွန်ငါးမှာပါဝင်တဲ့ အိုမီဂါသရီးဟာ အက်စ်ရက်ဇန်သင်းလို့ခေါ်တဲ့ အရေးအကြောင်းကိုဆန့်ကျင်ပေးတဲ့ အားဖြည့်ဓါတ်တွေကို သယ်ဆောင်ပေးပါတယ်။ ဒီဓါတ်ဟာ ငါးကိုပန်းနုရောင်သန်းနေစေပြီး ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်တဲ့ အသားအရည်ပျက်စီးမှုတွေကို ကာကွယ်ပေးပါတယ်။

၃။ ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးဟာ ကျန်းမာရေးအတွက် အကောင်းဆုံးအသီးဖြစ်ပြီး အရေးအကြောင်းကိုစိုးရိမ်နေသူတွေအတွက် အကောင်းဆုံးမိတ်ဆွေဖြစ်ပါတယ်။ အန်သိုဆိုင်နင်ဓါတ်ပါဝင်မှုမြင့်မားတဲ့ ဘလူးဘယ်ရီသီးဟာ ယောင်းတို့အသားအရည်ကို ငယ်ရွယ်နုပျိုပြီး ဝင်းပစေပါတယ်။ အန်ဇိုင်းတွေဟာလည်း ဖရီးရယ်ဒီကယ်တွေကြောင့် ပျက်စီးသွားတဲ့ တစ်ရှုးတွေကို ပြန်ကောင်းစေပါတယ်။ ဒါ့အပြင်အန်သိုဆိုင်နင်ဓါတ်အားဖြည့်ပေးထားတဲ့ ဗီတာမင်စီနဲ့အီးလည်းပါဝင်ပါတယ်။ ဆော်လမွန်ငါးလိုပဲ ဘလူးဘယ်ရီသီးဟာ သင့်တော်တဲ့ သဘာဝဓါတ်စာဖြစ်ပါတယ်။

၄။ လက်ဖက်စိမ်း

လေ့လာချက်တွေအရ လက်ဖက်စိမ်းဟာ အရေးအကြောင်းတွေကို တိုက်ဖျက်ရာမှာ အရမ်းကောင်းတယ်လို့ သက်သေပြခဲ့ပြီးပါပြီး လက်ဖက်စိမ်းမှာပါတဲ့ ကွန်ပေါင်းဓါတ်ဟာ အသားအရည်ကို ပြန်လည်နုပျိုစေပြီး ခရမ်းလွန်ရောင်ခြည်ကိုလည်း ကာကွယ်ပေးပါတယ်။ ကိတ်ချင်းဓါတ်တွေလျော့လာတာကို ရပ်တန့်စေဖို့ လက်ဖက်အိတ်အစား လက်ဖက်ရွက်နဲ့လုပ်ထားတဲ့ လက်ဖက်ရည်ကို သောက်သုံးသင့်ပါတယ်။ ဒါ့အပြင် လက်ဖက်ရည်ကို တော်ရုံလောက်ပဲနှပ်ပြီး သောက်သုံးဖို့ သတိပေးပါရစေ။ အားလုံးသိတဲ့အတိုင်း ကျန်းမာပျော်ရွှင်ဖို့က အရာရာညီမျှနေဖို့အရေးကြီးပါတယ်။ ဒီဓါတ်စာတွေနဲ့ နုပျိုလှပနေကြပါစေ။

Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Top 19 Anti-Wrinkle Foods for Preventing and Reducing Wrinkles

Source: http://www.healwithfood.org/wrinkles/foods.php#ixzz4XcGL2wYF

Accessed February 3, 2017
The Top 5 Anti-Aging Foods

http://www.besthealthmag.ca/best-eats/healthy-eating/the-top-5-anti-aging-foods/

Accessed February 3, 2017
7 Anti-Aging Foods for Your Skin

http://www.webmd.com/beauty/skin-glow-13/anti-aging-skin-foods

Accessed February 3, 2017

ယခုပုံစံ

24/05/2022

Wathun Myat Chal မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျိုးဗီဇပြုပြင်ထားတဲ့အစားအစာများ (GMOs)

ပင်ပန်းနွမ်းနယ်ခြင်းအတွက် အစားအစာကောင်းများ



Wathun Myat Chal မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ