backup og meta

ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲ

ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲ

ရာသီစာလေးတွေ ရှိတာ သိတယ်ဟုတ်၊ နွေရာသီဆိုရင်လည်း ရေဓါတ်ပြည့်စေမယ့် အစားအစာတွေ ရွေးချယ်စားသောက်ပေးရသလို မိုးရာသီမှာလည်း ယင်နားစာတွေ မစားဖို့ သတိပြုရတာပါပဲ။ ဒီတော့ ဆောင်းတွင်းမှာလည်း အအေးဒဏ်ကြောင့် နှာစေး၊ ဖျားနာတာတွေ မရှိစေဖို့ အထောက်အကူပြုတဲ့ အစားအစာတွေကို စားပေးဖို့ လိုပါတယ်။ ဆောင်းတွင်းမှာ စားရမှာလေးတွေ Hello Sayarwon က လမ်းညွှန်ပေးမယ်နော်။

ဆောင်းတွင်း အအေးဒဏ်ကို ခုခံနိုင်ဖို့ ဘာတွေစားမလဲ

အသားစွပ်ပြုတ်

ပူပူနွေးနွေး အသားစွပ်ပြုတ်လေးတွေ ကြိုက်တယ်မလား။ ပူပူနွေးနွေးလေးတွေက ဆောင်းရာသီမှာ အချမ်းဓါတ်ကို ပြေစေရုံသာမက ခန္ဓါကိုယ်ရဲ့ စွမ်းအင်တွေကို တိုးမြှင့်စေပါတယ်။ ခန္ဓါကိုယ် အတွင်းပိုင်းမှာ နွေးသွားစေတာမို့ ထိုင်းမှိုင်းနေတာတွေ မဖြစ်ဘဲ လန်းဆန်းတက်ကြွနေစေမှာပါ။ အသားကနေ ရရှိတဲ့ ပရိုတင်းဓါတ်ဟာ ခန္ဓါကိုယ် လှုပ်ရှားနိုင်ဖို့နဲ့ အားအင်တွေ ပြည့်နေစေတာမို့ ရောဂါတွေ အလွယ်တကူ မဝင်ရောက်စေပါဘူး။ ကိုယ်ခံအား စနစ်ကောင်းနေတာမို့ ဘက်တီးရီးယားတွေကို မဝင်ရောက်နိုင်ပါဘူး။

သလဲသီး

သလဲသီးကိုတော့ အစေ့တိုင်းလဲ စားလို့ရသလို ဖျော်ရည်အဖြစ် ဖျော်သောက်လည်း ရပါတယ်။ သလဲသီးဖျော်ရည်မှာ ဓါတ်တိုးဆန့်ကျင်မှုတွေ ကြွယ်ဝစွာ ပါဝင်နေပြီး ခန္ဓါကိုယ်အတွက် ဆိုးကျိုးပြုတဲ့ ကိုလက်စထရောတွေကို တိုးစေတဲ့ free radical တွေကို ကန့်သတ်ပေးနိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။

အစပ်

အစပ်ကြိုက်တဲ့သူတွေအတွက်တော့ အကောင်းဆုံးပဲနော်။ အစပ်အရသာကို ပေးစွမ်းနိုင်တဲ့ ငရုတ်ကောင်းတွေမှာ အစပ်အရသာကို ပေးနိုင်တဲ့ Capsaician လို့ခေါ်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းတွေဟာ ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေပြီး အဆီတွေကို တိုက်ထုတ်ပေးပါတယ်။ နောက်တစ်ခုကတော့ ဟင်းချိုတွေထဲမှာ ငရုတ်ကောင်း ဒါမှမဟုတ် အစပ်တစ်မျိုးမျိုး ထည့်စားမယ်ဆိုရင်တော့ ရှူးရှူးရှဲရှဲ ဖြစ်စေပြီး ချွေးပုပ်တွေထွက်ကာ ခန္ဓါကိုယ် လန်းဆန်းနေမှာပါ။ အေးလွန်းလို့ဆိုပြီး နှာခေါင်းပိတ်နေတာတွေလည်း ကောင်းသွားမှာ အသေအချာပါပဲ။

ချင်း(ဂျင်း) ပြုတ်ရည်

ချင်း(ဂျင်း) ပြုတ်ရည် ပူပူလေးကတော့ ဆောင်းတွင်း အအေးဒဏ်တွေကို ခုခံပေးနိုင်မယ့် အကောင်းဆုံး အစားအစာပါပဲ။ ချင်း(ဂျင်း) ပြုတ်ရည်မှာ ပါဝင်တဲ့ Thermogenic က ခန္ဓါကိုယ်ကို နွေးထွေးစေတဲ့ ဂုဏ်သတ္တိတွေ ပေးစွမ်းပါတယ်။ ဒါ့အပြင် ခန္ဓါကိုယ်ရဲ့ သွေးလည်ပတ်မှုကို အားကောင်းစေပြီး ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် နှာမွှန်ခြင်းနဲ့ ဖျားချင်သလိုလိုလေး ဖြစ်လာပြီဆိုရင်တော့ ချင်း(ဂျင်း) ပြုတ်ရည်လေးသာ သောက်ထားလိုက်ပါ။ မနက်ခင်းမှာ သောက်ပေးရင် အကောင်းဆုံးနော်။ ချင်း(ဂျင်း) နှစ် ဂရမ်လောက်ကို ရေနွေးလေးနဲ့ စိမ်ပြီး ဒါမှမဟုတ် ပြုတ်ပြီး မနက်ပိုင်းတွေမှာ သောက်လို့ ရပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.health.com/health/gallery/0,,20858718,00.html#hot-chocolate

http://www.eatingwell.com/article/37860/5-of-the-healthiest-winter-foods/

http://www.diabeticlivingonline.com/food-to-eat/nutrition/10-power-foods-you-should-eat-winter?page=11

ယခုပုံစံ

21/03/2022

Eaindray Kha မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဟင်းသီးဟင်းရွက်တို့၏စွမ်းအားသတ္တိ

ဟင်းသီးဟင်းရွက်ကရတဲ့ အာဟာရတွေ မပျက်စီးအောင် ဘယ်လိုချက်ပြုတ်မလဲ



Eaindray Kha မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ